ပိုက္ဆံေတြ သုံးမကုန္ေအာင္ မီလ်ံနာ သူေဌးႀကီး ျဖစ္သြားလို႔ ေမြးရပ္႐ြာက လူေတြအတြက္ မယုံႏိုင္စရာ အက်ိဳးျပဳခဲ့သူ



Zawgyi ျဖင့္ဖတ္ရန္

ျမန္မာဗုဒၶဘာသာဝင္ေတြအားလုံး သိၾကတဲ့ ၃၈ ျဖာ မဂၤလာတရားေတာ္အလာကလိုပါပဲ လူသားတိုင္းဟာ ဆင္းရဲ ၊ ခ်မ္းသာ ဆိုတဲ့ ေလာကဓံတရားကို ခံစားေနၾကရတာပဲျဖစ္ပါတယ္။ ဆင္းရဲသူကလည္း ဆင္းရဲသား အေလ်ာက္ ၊ ခ်မ္းသာ သူကလည္း ခ်းမ္သာသည့္အေလ်ာက္ ပူပင္ေသာကေတြကေတာ့ ရွိစၿမဲပါပဲေနာ္။ သူေဌးေတြထဲမွာမွ အခ်ိဳ႕သူေဌးေတြကေတာ့ သူမ်ားဘဝပ်က္မွ ၊ သူမ်ား မ်က္ရည္ႀကီးငယ္က်မွ ခ်မ္းသာရတဲ့သူေဌးေတြလည္းရွိတတ္ပါတယ္။ သူေဌးထဲမွာမွ မိဘခ်မ္းသာလို႔ ခ်မ္းသာရသူရွိသလို၊ ကိုယ္တိုင္႐ုန္းကန္ႀကိဳးစားရင္း လမ္းေၾကာင့္သင့္လို႔ သူေဌးျဖစ္ခဲ့ရတာသူေတြလည္းရွိပါတယ္။ ဒီအထဲမွာလည္း ဘဝေမ့တတ္တဲ့သူေဌး နဲ႔ ဘဝမေမ့တတ္တဲ့ သူေဌးဆိုၿပီးရွိေနျပန္ပါတယ္။


တ႐ုတ္ျပည္က Xiong Shuihua တစ္ေယာက္ကေတာ့ ကိုယ္တိုင္႐ုန္းကန္ႀကိဳးစားခဲ့ရၿပီးဘဝမေမ့တတ္တဲ့ သူေဌးတစ္ဦးပါပဲ။ သူဟာဆိုရင္ တ႐ုတ္ျပည္ရဲ႕ ႐ြာတစ္႐ြာမွာ ဆင္းရဲစြာေမြးဖြားခဲ့ေပမယ့္ ႐ြာသူ႐ြာသားေတြက သူတို႔မိသားစုအေပၚအေတာ္ေလး ၾကင္နာခဲ့ၾကပါတယ္။ ဒါေၾကာင့္လည္း သူခ်မ္းသာလာတဲ့အခါမွာ သူဟာ သူ႔ရဲ႕ေမြးရပ္ေျမေလးကို မေမ့မေလ်ာ့ပဲ ေကာင္းက်ိဳးျပဳခဲ့ပါတယ္။



သူဟာ အစမွာေတာ့ က်ဘမ္း အလုပ္ကိုလုပ္ကိုင္ၿပီးေတာ့ ေနာက္ပိုင္းမွာ စုမိတဲ့ ေငြေလးနဲ႔ ေဆာက္လုပ္ေရးပစၥည္းေတြကို စက္႐ုံနဲ႔ ခ်ိတ္ၿပီးေရာင္းဝယ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ စတီးလ္ပစၥည္းေတြကို ေရာင္းဝယ္မႈေတြလုပ္ၿပီး လုပ္ငန္းကို တိုးခ်ဲ႕ ခဲ့ရာကေန အခုဆိုရင္ မီလ်ံနာတစ္ေယာက္ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။



သူ အခုလိုခ်မ္းသာခ်ိန္မွာ ေမြးရပ္ေျမက ေက်း႐ြာေလးကို မေမ့မေလ်ာ့ပဲနဲ႔ ဘူဒိုဇာနဲ႔ ထိုးပစ္လိုက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဲ့ဒီေနရာေတြမွာ အိမ္ယာစီမံကိန္းတစ္ခုကိုေဆာင္႐ြက္ေပးခ်င္တာေၾကာင့္ျဖစ္ပါတယ္။ ေက်း႐ြာဟာ တဲအိမ္ေလးေတြနဲ႔ ႐ြံထူထူလမ္းေတြကို အိမ္ယာစီမံကိန္းေတြ ေဆာက္ၿပီး ေက်း႐ြာသားေတြကို အိမ္အခမဲ့ေနေစခဲ့ၿပီးလူမႈဘဝကို ျမႇင့္တင္ေပးခဲ့တာျဖစ္ပါတယ္။



ဒါ့အျပင္ အသက္ (၅၄) ႏွစ္ရွိၿပီျဖစ္တဲ့ သူေဌးႀကီး Xiong Shuihua ဟာ ဝင္ေငြနည္းတဲ့ သက္ႀကီး႐ြယ္အိုေတြကိုလည္း တစ္ေန႔ (၃) နပ္ေကြၽးေမြးေစာင့္ေရွာက္သြားမယ္လို႔ ကတိျပဳထားပါတယ္။ မၾကာခင္ကမွ အဲ့ဒီ႐ြာဧရိယာေလးကို ေျပာင္းလဲခဲ့တာျဖစ္ၿပီးေတာ့အခုဆိုရင္ေတာ့ အိမ္ေထာင္စု ၇၂ စု ဟာ ေနအိမ္အသစ္ေတြနဲ႔ ေနႏိုင္ခဲ့ၿပီလို႔ သိရပါ တယ္။





အခုလို သူေဌးမ်ိဳးကေတာ့ အင္မတန္မွကို ရွားပါးပါတယ္။ ဒါေပမယ့္ အတုယူစရာလည္းေကာင္းပါတယ္။ စာဖတ္သူတို႔အေနနဲ႔ လည္း မီလ်ံနာႀကီးအျဖစ္ မခ်မ္းသာရင္ေတာင္ တတ္ႏိုင္သမွ် ေမြးရပ္ေျမေလးကို ျပန္လည္ အက်ိဳးျပဳႏိုင္ၾကပါေစေနာ္။

Writer- SMT(Shwe Yaung Lan)




Unicode ဖြင့်ဖတ်ရန်

ပိုက်ဆံတွေ သုံးမကုန်အောင် မီလျံနာ သူဌေးကြီး ဖြစ်သွားလို့ မွေးရပ်ရွာက လူတွေအတွက် မယုံနိုင်စရာ အကျိုးပြုခဲ့သူ


မြန်မာဗုဒ္ဓဘာသာဝင်တွေအားလုံး သိကြတဲ့ ၃၈ ဖြာ မင်္ဂလာတရားတော်အလာကလိုပါပဲ လူသားတိုင်းဟာ ဆင်းရဲ ၊ ချမ်းသာ ဆိုတဲ့ လောကဓံတရားကို ခံစားနေကြရတာပဲဖြစ်ပါတယ်။ ဆင်းရဲသူကလည်း ဆင်းရဲသား အလျောက် ၊ ချမ်းသာ သူကလည်း ချးမ်သာသည့်အလျောက် ပူပင်သောကတွေကတော့ ရှိစမြဲပါပဲနော်။ သူဌေးတွေထဲမှာမှ အချို့သူဌေးတွေကတော့ သူများဘဝပျက်မှ ၊ သူများ မျက်ရည်ကြီးငယ်ကျမှ ချမ်းသာရတဲ့သူဌေးတွေလည်းရှိတတ်ပါတယ်။ သူဌေးထဲမှာမှ မိဘချမ်းသာလို့ ချမ်းသာရသူရှိသလို၊ ကိုယ်တိုင်ရုန်းကန်ကြိုးစားရင်း လမ်းကြောင့်သင့်လို့ သူဌေးဖြစ်ခဲ့ရတာသူတွေလည်းရှိပါတယ်။ ဒီအထဲမှာလည်း ဘဝမေ့တတ်တဲ့သူဌေး နဲ့ ဘဝမမေ့တတ်တဲ့ သူဌေးဆိုပြီးရှိနေပြန်ပါတယ်။


တရုတ်ပြည်က Xiong Shuihua တစ်ယောက်ကတော့ ကိုယ်တိုင်ရုန်းကန်ကြိုးစားခဲ့ရပြီးဘဝမမေ့တတ်တဲ့ သူဌေးတစ်ဦးပါပဲ။ သူဟာဆိုရင် တရုတ်ပြည်ရဲ့ ရွာတစ်ရွာမှာ ဆင်းရဲစွာမွေးဖွားခဲ့ပေမယ့် ရွာသူရွာသားတွေက သူတို့မိသားစုအပေါ်အတော်လေး ကြင်နာခဲ့ကြပါတယ်။ ဒါကြောင့်လည်း သူချမ်းသာလာတဲ့အခါမှာ သူဟာ သူ့ရဲ့မွေးရပ်မြေလေးကို မမေ့မလျော့ပဲ ကောင်းကျိုးပြုခဲ့ပါတယ်။



သူဟာ အစမှာတော့ ကျဘမ်း အလုပ်ကိုလုပ်ကိုင်ပြီးတော့ နောက်ပိုင်းမှာ စုမိတဲ့ ငွေလေးနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို စက်ရုံနဲ့ ချိတ်ပြီးရောင်းဝယ်ပါတယ်။ နောက်ပိုင်းမှာတော့ စတီးလ်ပစ္စည်းတွေကို ရောင်းဝယ်မှုတွေလုပ်ပြီး လုပ်ငန်းကို တိုးချဲ့ ခဲ့ရာကနေ အခုဆိုရင် မီလျံနာတစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။



သူ အခုလိုချမ်းသာချိန်မှာ မွေးရပ်မြေက ကျေးရွာလေးကို မမေ့မလျော့ပဲနဲ့ ဘူဒိုဇာနဲ့ ထိုးပစ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီနေရာတွေမှာ အိမ်ယာစီမံကိန်းတစ်ခုကိုဆောင်ရွက်ပေးချင်တာကြောင့်ဖြစ်ပါတယ်။ ကျေးရွာဟာ တဲအိမ်လေးတွေနဲ့ ရွံထူထူလမ်းတွေကို အိမ်ယာစီမံကိန်းတွေ ဆောက်ပြီး ကျေးရွာသားတွေကို အိမ်အခမဲ့နေစေခဲ့ပြီးလူမှုဘဝကို မြှင့်တင်ပေးခဲ့တာဖြစ်ပါတယ်။



ဒါ့အပြင် အသက် (၅၄) နှစ်ရှိပြီဖြစ်တဲ့ သူဌေးကြီး Xiong Shuihua ဟာ ဝင်ငွေနည်းတဲ့ သက်ကြီးရွယ်အိုတွေကိုလည်း တစ်နေ့ (၃) နပ်ကျွေးမွေးစောင့်ရှောက်သွားမယ်လို့ ကတိပြုထားပါတယ်။ မကြာခင်ကမှ အဲ့ဒီရွာဧရိယာလေးကို ပြောင်းလဲခဲ့တာဖြစ်ပြီးတော့အခုဆိုရင်တော့ အိမ်ထောင်စု ၇၂ စု ဟာ နေအိမ်အသစ်တွေနဲ့ နေနိုင်ခဲ့ပြီလို့ သိရပါ တယ်။





အခုလို သူဌေးမျိုးကတော့ အင်မတန်မှကို ရှားပါးပါတယ်။ ဒါပေမယ့် အတုယူစရာလည်းကောင်းပါတယ်။ စာဖတ်သူတို့အနေနဲ့ လည်း မီလျံနာကြီးအဖြစ် မချမ်းသာရင်တောင် တတ်နိုင်သမျှ မွေးရပ်မြေလေးကို ပြန်လည် အကျိုးပြုနိုင်ကြပါစေနော်။

Writer- SMT(Shwe Yaung Lan)

မှတ်ချက်များ