မိဘကို သခ်ႋဳင္းကုန္းအထိ လိုက္ဒုကၡေပးတဲ့ သားအလိမၼာတုံးႀကီး
Zawgyiျဖင့္ဖတ္ရန္
မိဘေတြအေနနဲ႔ သားသမီးေတြကို ေမြးကင္းစ အ႐ြယ္ကေန လူလားေျမာက္တဲ့အထိ ႐ုန္းကန္လႈပ္ရွားၿပီး ေကြၽးေမြးျပဳစုရတဲ့ကိစၥက တစ္ကယ္ေတြးၾကည့္မယ္ဆိုရင္ ေသးတဲ့ဒုကၡ မဟုတ္ပါဘူး။ ဒါေပမယ့္ မိဘဆိုတာ သားသားမီးမ်က္ႏွာကိုျမင္လိုက္ရင္ ဘဝအေမာေတြ ေျပသြားစၿမဲပါပဲ။
မိဘေတြရဲ႕ ဒုကၡကိုသိၿပီး ႀကီးျပင္းလာတဲ့အခါ တဖန္ျပန္လည္ ေကြၽးေမြးေစာင့္ေရွာက္တဲ့ သားသမီးလိမၼာေတြရွိသလို ေသသြားတဲ့ မိနဲ႔ဖကို ေျဖာင့္ေျဖာင့္မေသႏိုင္ေအာင္ သခ်ႋဳင္းကုန္းအထိ လိုက္ၿပီး ဒုကၡေပးတဲ့ သားသမီးမ်ိဳးလည္းရွိပါတယ္။
အာဖရိကႏိုင္ငံ မိုဇန္ဘိခ္ က အမ်ိဳးသားတစ္ေယာက္ဟာ ဆိုင္ကယ္ဝယ္ဖို႔အတြက္ ကြယ္လြန္သြားၿပီျဖစ္တဲ့ သူ႔မိဘႏွစ္ပါးရဲ႕ သခ်ႋဳင္းကို ျပန္လည္တူးေဖာ္ကာ အေခါင္းထဲက အ႐ိုးေတြကို ေရာင္းခ်ဖို႔ ႀကိဳးစားခဲ့ပါတယ္။
Daily Mail သတင္းအရ အမ်ိဳးသားဟာ စီးပြားေရးသမားတစ္ေယာက္နဲ႔ေတြ႕ခဲ့ၿပီး အ႐ိုးစုေတြကို ေဒၚလာ ၃၀၀ နဲ႔ ဝယ္မယ္လို႔ ကမ္းလွမ္းခဲ့တာေၾကာင့္ ညဘက္မွာ သခ်ႋဳင္းကိုသြားၿပီး မိဘႏွစ္ပါးနဲ႔ ဦးေလးရဲ႕ ေျမပုံေတြကို ျပန္လည္တူးေဖာ္ခဲ့တာျဖစ္ပါတယ္။ အ႐ိုးစုဝယ္မယ့္သူဟာ အမင္နရယ္သတၱဳဓာတ္ေတြရဲ႕ အရင္းျမစ္ကို ေလ့လာေနသူျဖစ္ၿပီး အ႐ိုးေတြတူးေဖာ္ၿပီးေနာက္ သူကို သြားေတြ႕ခဲ့ရာမွာေတာ့ ရွာလို႔မေတြ႕ခဲ့ပါဘူး။
သခ်ႋဳင္းေျမပုံေဖာက္ၿပီး လူအ႐ိုးစုေတြ ေရာင္းစားဖို႔ ႀကိဳးစားခဲ့တဲ့ အမ်ိဳးသားကို ရဲအဖြဲ႕က ဖမ္းဆီးထားၿပီး ဒီေနရာတစ္ဝိုက္မွာ ယခုႏွစ္အတြင္း အလားတူအမႈေပါင္း ၅ ခုေလာက္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
Credit:popolay
Unicodeဖြင့်ဖတ်ရန်
မိဘကို သင်္ချိုင်းကုန်းအထိ လိုက်ဒုက္ခပေးတဲ့ သားအလိမ္မာတုံးကြီး
မိဘတွေအနေနဲ့ သားသမီးတွေကို မွေးကင်းစ အရွယ်ကနေ လူလားမြောက်တဲ့အထိ ရုန်းကန်လှုပ်ရှားပြီး ကျွေးမွေးပြုစုရတဲ့ကိစ္စက တစ်ကယ်တွေးကြည့်မယ်ဆိုရင် သေးတဲ့ဒုက္ခ မဟုတ်ပါဘူး။ ဒါပေမယ့် မိဘဆိုတာ သားသားမီးမျက်နှာကိုမြင်လိုက်ရင် ဘဝအမောတွေ ပြေသွားစမြဲပါပဲ။
မိဘတွေရဲ့ ဒုက္ခကိုသိပြီး ကြီးပြင်းလာတဲ့အခါ တဖန်ပြန်လည် ကျွေးမွေးစောင့်ရှောက်တဲ့ သားသမီးလိမ္မာတွေရှိသလို သေသွားတဲ့ မိနဲ့ဖကို ဖြောင့်ဖြောင့်မသေနိုင်အောင် သင်္ချိုင်းကုန်းအထိ လိုက်ပြီး ဒုက္ခပေးတဲ့ သားသမီးမျိုးလည်းရှိပါတယ်။
အာဖရိကနိုင်ငံ မိုဇန်ဘိခ် က အမျိုးသားတစ်ယောက်ဟာ ဆိုင်ကယ်ဝယ်ဖို့အတွက် ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့မိဘနှစ်ပါးရဲ့ သင်္ချိုင်းကို ပြန်လည်တူးဖော်ကာ အခေါင်းထဲက အရိုးတွေကို ရောင်းချဖို့ ကြိုးစားခဲ့ပါတယ်။
Daily Mail သတင်းအရ အမျိုးသားဟာ စီးပွားရေးသမားတစ်ယောက်နဲ့တွေ့ခဲ့ပြီး အရိုးစုတွေကို ဒေါ်လာ ၃၀၀ နဲ့ ဝယ်မယ်လို့ ကမ်းလှမ်းခဲ့တာကြောင့် ညဘက်မှာ သင်္ချိုင်းကိုသွားပြီး မိဘနှစ်ပါးနဲ့ ဦးလေးရဲ့ မြေပုံတွေကို ပြန်လည်တူးဖော်ခဲ့တာဖြစ်ပါတယ်။ အရိုးစုဝယ်မယ့်သူဟာ အမင်နရယ်သတ္တုဓာတ်တွေရဲ့ အရင်းမြစ်ကို လေ့လာနေသူဖြစ်ပြီး အရိုးတွေတူးဖော်ပြီးနောက် သူကို သွားတွေ့ခဲ့ရာမှာတော့ ရှာလို့မတွေ့ခဲ့ပါဘူး။
သင်္ချိုင်းမြေပုံဖောက်ပြီး လူအရိုးစုတွေ ရောင်းစားဖို့ ကြိုးစားခဲ့တဲ့ အမျိုးသားကို ရဲအဖွဲ့က ဖမ်းဆီးထားပြီး ဒီနေရာတစ်ဝိုက်မှာ ယခုနှစ်အတွင်း အလားတူအမှုပေါင်း ၅ ခုလောက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Credit:popolay


မှတ်ချက်များ