တစ္ဦးတည္းေဈးဝယ္ထြက္ရသည္ကို မႀကိဳက္သည့္ အမ်ိဳးသမီးမ်ား အခ်ိန္ပိုင္းရည္းစားငွားႏိုင္
Zawgyi ျဖင့္ဖတ္ရန္
တ႐ုတ္ရွိ ေဈးဝယ္စင္တာအခ်ိဳ႕ သည္ အမ်ိဳးသမီးေဖာက္သည္ မ်ားမ်ား လာေစရန္ နည္းသစ္ ထြင္ထားသည္။ ယင္းမွာ ေဈးဝယ္ထြက္ရာတြင္ အေဖာ္ လိုက္ေပးမည့္ အမ်ိဳးသားငယ္ငယ္ေခ်ာ ေခ်ာမ်ားကို အလြန္သင့္တင့္သည့္ ေဈး ႏႈန္းျဖင့္ ငွားရမ္းေပးျခင္းပင္ျဖစ္ေလသည္။
စတင္လိုက္သည့္ အ ေရာင္းျမႇင့္တင္ေရးအစီအစဥ္သည္ အား ေပးသူမ်ားလြန္းလွသျဖင့္ တစ္ႏွစ္ပတ္လုံး ၾကာသည့္ ပုံမွန္အေရာင္းျမႇင့္တင္ေရးအစီအစဥ္ျဖစ္သြားေတာ့သည္။ ဟီဘီ သို႔ မဟုတ္ ဖိုရွန္ဆိုေသာ တ႐ုတ္ၿမိဳ႕မ်ားရွိ ေဈးဝယ္စင္တာႀကီးမ်ားတြင္ အမ်ိဳးသား ငယ္ငယ္ေခ်ာေခ်ာမ်ားကို အ႐ုပ္ဘူး သဏၭာန္မွန္ေပါင္ႀကီးမ်ားထဲ၌ ေတြ႕ႏိုင္ သည္။ ေဈးဝယ္ထြက္ရာတြင္ အေဖာ္လို သည့္ မိန္းကေလးမ်ားသည္ ယင္းအမ်ိဳး သားမ်ားကို တစ္နာရီ ေဒၚလာ ၀ ဒသမ ၁၅ ဆင့္မွ ေဒၚလာ ၀ ဒသမ ၃၀ ဆင့္ဆို သည့္ ေဈးႏႈန္းမ်ားျဖင့္ ငွားရမ္းႏိုင္သည္။
ထိုအလုပ္လုပ္သည့္ အမ်ိဳးသားအမ်ား စုမွာ အခ်ိန္ပိုင္းအလုပ္လုပ္ကာ ဝင္ေငြရွာ ၾကသည့္ တကၠသိုလ္ေက်ာင္းသားမ်ားျဖစ္ ၾကသည္။ အဆိုပါ ေယာက္်ားေလးမ်ား သည္ မိန္းကေလးမ်ားကို အေဖာ္သက္ သက္အျဖစ္သာလိုက္ေပးျခင္းမဟုတ္ဘဲ မည္သည့္အဝတ္အထည္၊ အသုံးအ ေဆာင္ဒီဇိုင္းက ေဈးဝယ္မိန္းကေလးႏွင့္ လိုက္၊ မလိုက္ကိုလည္း အႀကံေပးကာ အ ထုပ္မ်ားလည္း ဆြဲေပးၿပီး စကားစျမည္ လည္းေျပာေပးသည့္အျပင္ ေဈးဝယ္စင္ တာရွိ စားေသာက္ဆိုင္တြင္လည္း အတူ စားေသာက္ေပးသည္။ သို႔ေသာ္ ေဈးဝယ္ မိန္းကေလးကို ထိေတြ႕ကိုင္တြယ္ျခင္းမ်ိဳး လုံးဝမလုပ္ေပ။
share from : xyznews
Unicode ဖြင့်ဖတ်ရန်
တစ်ဦးတည်းဈေးဝယ်ထွက်ရသည်ကို မကြိုက်သည့် အမျိုးသမီးများ အချိန်ပိုင်းရည်းစားငှားနိုင်
တရုတ်ရှိ ဈေးဝယ်စင်တာအချို့ သည် အမျိုးသမီးဖောက်သည် များများ လာစေရန် နည်းသစ် ထွင်ထားသည်။ ယင်းမှာ ဈေးဝယ်ထွက်ရာတွင် အဖော် လိုက်ပေးမည့် အမျိုးသားငယ်ငယ်ချော ချောများကို အလွန်သင့်တင့်သည့် ဈေး နှုန်းဖြင့် ငှားရမ်းပေးခြင်းပင်ဖြစ်လေသည်။
စတင်လိုက်သည့် အ ရောင်းမြှင့်တင်ရေးအစီအစဉ်သည် အား ပေးသူများလွန်းလှသဖြင့် တစ်နှစ်ပတ်လုံး ကြာသည့် ပုံမှန်အရောင်းမြှင့်တင်ရေးအစီအစဉ်ဖြစ်သွားတော့သည်။ ဟီဘီ သို့ မဟုတ် ဖိုရှန်ဆိုသော တရုတ်မြို့များရှိ ဈေးဝယ်စင်တာကြီးများတွင် အမျိုးသား ငယ်ငယ်ချောချောများကို အရုပ်ဘူး သဏ္ဌာန်မှန်ပေါင်ကြီးများထဲ၌ တွေ့နိုင် သည်။ ဈေးဝယ်ထွက်ရာတွင် အဖော်လို သည့် မိန်းကလေးများသည် ယင်းအမျိုး သားများကို တစ်နာရီ ဒေါ်လာ ၀ ဒသမ ၁၅ ဆင့်မှ ဒေါ်လာ ၀ ဒသမ ၃၀ ဆင့်ဆို သည့် ဈေးနှုန်းများဖြင့် ငှားရမ်းနိုင်သည်။
ထိုအလုပ်လုပ်သည့် အမျိုးသားအများ စုမှာ အချိန်ပိုင်းအလုပ်လုပ်ကာ ဝင်ငွေရှာ ကြသည့် တက္ကသိုလ်ကျောင်းသားများဖြစ် ကြသည်။ အဆိုပါ ယောက်ျားလေးများ သည် မိန်းကလေးများကို အဖော်သက် သက်အဖြစ်သာလိုက်ပေးခြင်းမဟုတ်ဘဲ မည်သည့်အဝတ်အထည်၊ အသုံးအ ဆောင်ဒီဇိုင်းက ဈေးဝယ်မိန်းကလေးနှင့် လိုက်၊ မလိုက်ကိုလည်း အကြံပေးကာ အ ထုပ်များလည်း ဆွဲပေးပြီး စကားစမြည် လည်းပြောပေးသည့်အပြင် ဈေးဝယ်စင် တာရှိ စားသောက်ဆိုင်တွင်လည်း အတူ စားသောက်ပေးသည်။ သို့သော် ဈေးဝယ် မိန်းကလေးကို ထိတွေ့ကိုင်တွယ်ခြင်းမျိုး လုံးဝမလုပ်ပေ။
share from : xyznews


မှတ်ချက်များ