ပညာသားပါပါနဲ႔ ဓာတ္တိုင္ေပၚကငွက္သိုက္ျပႆနာကိုေျဖရွင္းခဲ႔တဲ႔ ဂ်ပန္ကုမၸဏီ
Zawgyiျဖင့္ဖတ္ရန္
ရာသီဥတုေျပာင္းလဲလာျခင္းနဲ႔ လူသားေတြရဲ႕ စြက္ဖက္ေႏွာင့္ယွက္မႈေၾကာင့္ တိရစာၦန္ေတြဟာ စားက်က္ေျမေတြရွားပါးၿပီး တစ္ကမာၻလံုးက ေဂဟစနစ္ေတြ ခ်ိဳ႕ယြင္းလာေနပါတယ္။ အခ်ိဳ႕ ကမာၻ႔ႏိုင္ငံေတြကေတာ့ သဘာ၀တရားၾကီးကို ထိန္းသိမ္းကာကြယ္ဖို႔အတြက္ တတ္ႏိုင္သမွ် ခြန္အားစိုက္ထုတ္တာေတြ လုပ္လာၾကပါတယ္။ ဒီထဲမွာေတာ့ ဂ်ပန္ႏိုင္ငံဟာ ဇီ၀မ်ိဳးကြဲမ်ိဳးစံုနဲ႔တကြ သဘာ၀တရားရဲ႕ အလွအပကို အေကာင္းဆံုးထိန္းသိမ္းေနတာကို ေတြ႔ရပါတယ္။
မၾကာေသးခင္က ျဖစ္ရပ္တစ္ခုမွာေတာ့ အေရွ႕တိုင္းငွက္က်ားတစ္ေကာင္ဟာ အသိုက္လုပ္ဖို႔ မသင့္ေတာ္တဲ့ ေနရာတစ္ခုမွာ အသိုက္ေဆာက္လုပ္ထားပါတယ္။ အေရွ႕တိုင္းငွက္က်ားေတြကိုေတာ့ ဂ်ပန္ႏိုင္ငံတစ္လႊား၊ တရုတ္၊ ကိုရီးယားနဲ႔ ရုရွားႏိုင္ငံေတြမွာ ေတြ႔ရပါတယ္။ ဒါေပမယ့္ အခုဆိုရင္ေတာ့ ၄င္းငွက္ေတြဟာ ဆန္စပါးစိုက္ခင္းေတြထဲမွာ ပိုးသတ္ေဆးေတြ အသံုးမ်ားလာတဲ့ ရလဒ္ေၾကာင့္ တျဖည္းျဖည္းနဲ႔ ရွားပါးလာပါၿပီ။
၄င္းငွက္က်ား အသိုက္ေဆာက္ထားတဲ့ေနရာကေတာ့ ဓာတ္တိုင္တစ္ခုအေပၚမွာ ျဖစ္ပါတယ္။ ဓာတ္တိုင္ဆိုတဲ့ အတိုင္း အႏ ၱရာယ္ေတာ့ မ်ားပါတယ္။ ငွက္ေတြဟာ ဓာတ္တိုင္ေပၚမွာ အခ်ိန္မေရြးဓာတ္လိုက္ ေသဆံုးႏိုင္ပါတယ္။ ဒါကို ဟိုကူရီကူကုမၸဏီဟာ ငွက္က်ားအသိုက္ကို ျမင္ေတြ႔ၿပီးေနာက္မွာ အသိုက္ကို ဒီအတိုင္း ဖယ္ရွားပစ္တာမ်ိဳး မျပဳလုပ္ခဲ့ပါဘူး။ အထဲမွာကလည္း ငွက္ေတြရွိေနတယ္၊ ငွက္ေတြဟာလည္း ရွားပါးေနၿပီျဖစ္တဲ့ ငွက္မ်ိဳးစိတ္ေတြျဖစ္တာေၾကာင့္ ဟိုကူရီကူဟာ ငွက္ေတြကို ဓာတ္လိုက္ခံရမယ့္ေဘးက ေ၀းေအာင္ အၾကံထုတ္ခဲ့ပါတယ္။
အဲဒါကေတာ့ ငွက္သိုက္ရွိရာ ၄င္းဓာတ္တိုင္ကေန ေပးေ၀ေနတဲ့ လွ်ပ္စစ္လမ္းေၾကာင္းကို အစအဆံုး ျပန္လည္ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဒသခံေတြကလည္း ငွက္ေတြ လွ်ပ္စစ္လိုက္ခံရၿပီး ေသဆံုးရမွာကို မလိုလားၾကပါဘူး။ ဒါေၾကာင့္ပဲ ဟိုကူရီကူဟာ ရွားပါးငွက္ေတြအတြက္ေၾကာင့္နဲ႔ ထိုေဒသတစ္ခြင္မွာ ေပးေ၀ေနတဲ့ လွ်ပ္စစ္စနစ္တစ္ခုလံုး ျဖန္႔ေ၀ေပးပံုကို ေျပာင္းလဲပစ္ခဲ့တာ ျဖစ္ေၾကာင္း သိရပါတယ္။
Credit:လင္းလင္း (ShweMom)
Unicodeဖြင့်ဖတ်ရန်
ပညာသားပါပါနဲ့ ဓာတ်တိုင်ပေါ်ကငှက်သိုက်ပြဿနာကိုဖြေရှင်းခဲ့တဲ့ ဂျပန်ကုမ္ပဏီ
ရာသီဥတုပြောင်းလဲလာခြင်းနဲ့ လူသားတွေရဲ့ စွက်ဖက်နှောင့်ယှက်မှုကြောင့် တိရစ္ဆာန်တွေဟာ စားကျက်မြေတွေရှားပါးပြီး တစ်ကမ္ဘာလုံးက ဂေဟစနစ်တွေ ချို့ယွင်းလာနေပါတယ်။ အချို့ ကမ္ဘာ့နိုင်ငံတွေကတော့ သဘာဝတရားကြီးကို ထိန်းသိမ်းကာကွယ်ဖို့အတွက် တတ်နိုင်သမျှ ခွန်အားစိုက်ထုတ်တာတွေ လုပ်လာကြပါတယ်။ ဒီထဲမှာတော့ ဂျပန်နိုင်ငံဟာ ဇီဝမျိုးကွဲမျိုးစုံနဲ့တကွ သဘာဝတရားရဲ့ အလှအပကို အကောင်းဆုံးထိန်းသိမ်းနေတာကို တွေ့ရပါတယ်။
မကြာသေးခင်က ဖြစ်ရပ်တစ်ခုမှာတော့ အရှေ့တိုင်းငှက်ကျားတစ်ကောင်ဟာ အသိုက်လုပ်ဖို့ မသင့်တော်တဲ့ နေရာတစ်ခုမှာ အသိုက်ဆောက်လုပ်ထားပါတယ်။ အရှေ့တိုင်းငှက်ကျားတွေကိုတော့ ဂျပန်နိုင်ငံတစ်လွှား၊ တရုတ်၊ ကိုရီးယားနဲ့ ရုရှားနိုင်ငံတွေမှာ တွေ့ရပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ ၎င်းငှက်တွေဟာ ဆန်စပါးစိုက်ခင်းတွေထဲမှာ ပိုးသတ်ဆေးတွေ အသုံးများလာတဲ့ ရလဒ်ကြောင့် တဖြည်းဖြည်းနဲ့ ရှားပါးလာပါပြီ။
၎င်းငှက်ကျား အသိုက်ဆောက်ထားတဲ့နေရာကတော့ ဓာတ်တိုင်တစ်ခုအပေါ်မှာ ဖြစ်ပါတယ်။ ဓာတ်တိုင်ဆိုတဲ့ အတိုင်း အန ္တရာယ်တော့ များပါတယ်။ ငှက်တွေဟာ ဓာတ်တိုင်ပေါ်မှာ အချိန်မရွေးဓာတ်လိုက် သေဆုံးနိုင်ပါတယ်။ ဒါကို ဟိုကူရီကူကုမ္ပဏီဟာ ငှက်ကျားအသိုက်ကို မြင်တွေ့ပြီးနောက်မှာ အသိုက်ကို ဒီအတိုင်း ဖယ်ရှားပစ်တာမျိုး မပြုလုပ်ခဲ့ပါဘူး။ အထဲမှာကလည်း ငှက်တွေရှိနေတယ်၊ ငှက်တွေဟာလည်း ရှားပါးနေပြီဖြစ်တဲ့ ငှက်မျိုးစိတ်တွေဖြစ်တာကြောင့် ဟိုကူရီကူဟာ ငှက်တွေကို ဓာတ်လိုက်ခံရမယ့်ဘေးက ဝေးအောင် အကြံထုတ်ခဲ့ပါတယ်။
အဲဒါကတော့ ငှက်သိုက်ရှိရာ ၎င်းဓာတ်တိုင်ကနေ ပေးဝေနေတဲ့ လျှပ်စစ်လမ်းကြောင်းကို အစအဆုံး ပြန်လည် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသခံတွေကလည်း ငှက်တွေ လျှပ်စစ်လိုက်ခံရပြီး သေဆုံးရမှာကို မလိုလားကြပါဘူး။ ဒါကြောင့်ပဲ ဟိုကူရီကူဟာ ရှားပါးငှက်တွေအတွက်ကြောင့်နဲ့ ထိုဒေသတစ်ခွင်မှာ ပေးဝေနေတဲ့ လျှပ်စစ်စနစ်တစ်ခုလုံး ဖြန့်ဝေပေးပုံကို ပြောင်းလဲပစ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
Credit:လင်းလင်း (ShweMom)


မှတ်ချက်များ