ေဖ့စ္ဘုတ္ေပၚက သတင္းအမွားအယြင္းေတြကို ခ်င့္ခ်ိန္ ယံုေစခ်င္ပါတယ္ဆိုတဲ့ နီနီခင္ေဇာ္
Zawgyiျဖင့္ဖတ္ရန္
မေန႔က ႏိုင္ဝင္ဘာလ (၁၅) ရက္ေန႔က ႏိုင္ငံေက်ာ္ အဆိုေတာ္ က်ားေပါက္နဲ႔ ဇနီးျဖစ္သူ ဇံုဇံုတို႔ တရားဝင္ကြာ႐ွင္းခဲ့တယ္ဆိုတဲ့ သတင္းက ပရိသတ္ေတြၾကား ဟိုးေလးတေက်ာ္ေက်ာ္ ျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ က်ားေပါက္ကေတာ့ ဇနီးျဖစ္သူနဲ႔ ကိစၥကို မေမးျမန္းၾကဖို႔ ေျပာဆိုထားေပမယ့္ မေသခ်ာ၊ မေရရာတဲ့ သတင္းစကားေတြက တစ္ဆင့္ထက္တစ္ဆင့္ ပ်ံႏွံ႔လာခဲ့ပါတယ္။
ဒီကေန႔မွာေတာ့ ပရိသတ္ထဲကတစ္ေယာက္ဟာ အဆိုေတာ္ က်ားေပါက္ဟာ သူဒိုင္အျဖစ္ ေဆာင္ရြက္ခဲ့တဲ့ The Voice Myanmar ၿပိဳင္ပြဲမွ ေဘးခ်င္းကပ္ရပ္ထိုင္သူ ဒိုင္အမ်ိဳးသမီးတစ္ေယာက္နဲ႔ ခ်စ္သြားၾကလို႔ လင္မယားခ်င္း ကြဲကြာရတယ္လို႔ သတင္းကို ျဖန္႔ခဲ့ပါတယ္။
ထိုသတင္းစကားက တခဏအတြင္း ပ်ံ႕ႏွံ႕သြားၿပီး ပရိသတ္ေတြက အဆိုေတာ္ နီနီခင္ေဇာ္ဟာ က်ားေပါက္နဲ႔ လူမႈေရး အ႐ႈပ္အ႐ွင္းရိွေနတာလားဆိုၿပီး ထင္ေယာင္ထင္မွား ျဖစ္ခဲ့ရပါတယ္။ ထိုကိစၥနဲ႔ ပက္သတ္ၿပီး ကာယကံ႐ွင္ နီနီခင္ေဇာ္က အခုလိုပဲ ျပန္လည္တံု႔ျပန္လာပါတယ္။
"FBေပၚကမွားယြင္း သတင္းမ်ား ခ်င့္ခ်ိန္ ယုံေစခ်င္ပါတယ္။ နီနီ လုံးဝ လုံးဝမဟုတ္ပါ။ တဖက္သားထိခိုက္ေစမယ့္ စကားမ်ားမေျပာၾကဖို့ ေတာင္းဆိုခ်င္ပါတယ္။ စင္ကာပူ showနဲ႔ေတာင္ အလုပ္ရွုပ္ေနတာ ကိုယ့္အလုပ္ကိုလုပ္ေနတာပါ။" ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘုတ္ကေနတဆင့္ ေျပာလာပါတယ္။
အဆိုေတာ္ က်ားေပါက္တို႔ အိမ္ေထာင္ေရး ၿပိဳကြဲရတဲ့အေၾကာင္းနဲ႔ ပက္သတ္ၿပီး ေကာလဟာလေတြကေတာ့ အမ်ားအျပား ထြက္ရိွေနဆဲ ျဖစ္ပါတယ္။ မိုမိုေလး ပရိသတ္ေတြကိုလည္း မွားယြင္းတဲ့သတင္းေတြကို ခ်င့္ခ်ိန္ၿပီး ယံုေစခ်င္ပါတယ္ေနာ္။
Rowena
Source: Ni Ni Khin Zaw's fb
Credit:momolay
Unicodeဖြင့်ဖတ်ရန်
ဖေ့စ်ဘုတ်ပေါ်က သတင်းအမှားအယွင်းတွေကို ချင့်ချိန် ယုံစေချင်ပါတယ်ဆိုတဲ့ နီနီခင်ဇော်
မနေ့က နိုင်ဝင်ဘာလ (၁၅) ရက်နေ့က နိုင်ငံကျော် အဆိုတော် ကျားပေါက်နဲ့ ဇနီးဖြစ်သူ ဇုံဇုံတို့ တရားဝင်ကွာရှင်းခဲ့တယ်ဆိုတဲ့ သတင်းက ပရိသတ်တွေကြား ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကျားပေါက်ကတော့ ဇနီးဖြစ်သူနဲ့ ကိစ္စကို မမေးမြန်းကြဖို့ ပြောဆိုထားပေမယ့် မသေချာ၊ မရေရာတဲ့ သတင်းစကားတွေက တစ်ဆင့်ထက်တစ်ဆင့် ပျံနှံ့လာခဲ့ပါတယ်။
ဒီကနေ့မှာတော့ ပရိသတ်ထဲကတစ်ယောက်ဟာ အဆိုတော် ကျားပေါက်ဟာ သူဒိုင်အဖြစ် ဆောင်ရွက်ခဲ့တဲ့ The Voice Myanmar ပြိုင်ပွဲမှ ဘေးချင်းကပ်ရပ်ထိုင်သူ ဒိုင်အမျိုးသမီးတစ်ယောက်နဲ့ ချစ်သွားကြလို့ လင်မယားချင်း ကွဲကွာရတယ်လို့ သတင်းကို ဖြန့်ခဲ့ပါတယ်။
ထိုသတင်းစကားက တခဏအတွင်း ပျံ့နှံ့သွားပြီး ပရိသတ်တွေက အဆိုတော် နီနီခင်ဇော်ဟာ ကျားပေါက်နဲ့ လူမှုရေး အရှုပ်အရှင်းရှိနေတာလားဆိုပြီး ထင်ယောင်ထင်မှား ဖြစ်ခဲ့ရပါတယ်။ ထိုကိစ္စနဲ့ ပက်သတ်ပြီး ကာယကံရှင် နီနီခင်ဇော်က အခုလိုပဲ ပြန်လည်တုံ့ပြန်လာပါတယ်။
"FBပေါ်ကမှားယွင်း သတင်းများ ချင့်ချိန် ယုံစေချင်ပါတယ်။ နီနီ လုံးဝ လုံးဝမဟုတ်ပါ။ တဖက်သားထိခိုက်စေမယ့် စကားများမပြောကြဖို့ တောင်းဆိုချင်ပါတယ်။ စင်ကာပူ showနဲ့တောင် အလုပ်ရှုပ်နေတာ ကိုယ့်အလုပ်ကိုလုပ်နေတာပါ။" ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်ကနေတဆင့် ပြောလာပါတယ်။
အဆိုတော် ကျားပေါက်တို့ အိမ်ထောင်ရေး ပြိုကွဲရတဲ့အကြောင်းနဲ့ ပက်သတ်ပြီး ကောလဟာလတွေကတော့ အများအပြား ထွက်ရှိနေဆဲ ဖြစ်ပါတယ်။ မိုမိုလေး ပရိသတ်တွေကိုလည်း မှားယွင်းတဲ့သတင်းတွေကို ချင့်ချိန်ပြီး ယုံစေချင်ပါတယ်နော်။
Rowena
Source: Ni Ni Khin Zaw's fb
Credit:momolay


မှတ်ချက်များ