ဘတ္ေငြ ၆ သန္းေက်ာ္ ထီဆုႀကီး ေပါက္ေပမယ့္ ယုတ္မာလွတဲ့ ခင္ပြန္းေၾကာင့္ တစ္ျပားမွ မရလိုက္တဲ့ ဇနီး



Zawgyi ျဖင့္ဖတ္ရန္


ေလာကႀကီးမွာေလ ကိုယ္ကက်ဴးရင္ ကိုယ့္ဒူးေတာင္ မယုံရဘူးဆိုတဲ့စကားပုံဟာ တကယ္မွန္ေၾကာင္းကို သက္ေသျပတဲ့ သတင္းေလး တစ္ပုဒ္ကို ပရိတ္သတ္ႀကီးအတြက္ တင္ဆက္ေပးပါ့မယ္ေနာ္။ အဆိုပါသတင္းေလးကေတာ့ ထိုင္းႏိုင္ငံမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ထီေပါက္ၿပီး ထီလက္မွတ္ေပ်ာက္ေနတဲ့ အျဖစ္မ်ိဳးလိုပါပဲ။ ျဖစ္စဥ္ေလးကေတာ့ ၃၂ ႏွစ္အ႐ြယ္ ပြန္သီတာ ဆိုတဲ့ ထိုင္းအမ်ိဳးသမီးဟာ အူဘြန္ရတ္ခ်နီ ဇာတိျဖစ္ၿပီး၊ သူမရဲ႕ အမ်ိဳးသားကေတာ့ ၃၄ ႏွစ္အ႐ြယ္ ဝီဂ်က္ဝနာပရာစစ္ဟာ ဘန္ေကာက္ဇာတိျဖစ္ပါတယ္။ သူတို႔ဟာ စက္႐ုံမွာ အလုပ္လုပ္ရင္း ဆုံခဲ့ၿပီး လက္ထပ္ခဲ့ၾကတာျဖစ္ပါတယ္။ ႏိုဝင္ဘာလ ၉ ရက္ေန႔မွာ သူတို႔ ၂ ဦးဟာ ထီထိုးခဲ့ပါတယ္။ အဆိုပါ ထီဟာ ႏိုင္ဝင္ဘာလ ၁၆ ရက္ေန႔မွာ ဘတ္ေငြ ၆ သန္းဆုႀကီးကို ဆြတ္ခူးခဲ့ၾကပါတယ္။ အစပိုင္းမွာေတာ့ သူတို႔ ၂ ဦးဟာ ေျပလည္ေပမယ့္လည္း ေနာက္ပိုင္းမွာ ျပႆနာေလးေတြတက္ခဲ့ၾကပါတယ္။


အဆိုပါထီဟာလည္း သူတို႔ ၂ ဦး သေဘာတူညီစြာ ထိုးခဲ့တာျဖစ္ပါတယ္။ ဇနီးေမာင္ႏွံ႔ ၂ ဦးဟာ ထီးတစ္ေယာက္တစ္ေစာင္ေ႐ြးခ်ယ္ၿပီး ထိုးခဲ့တာပါ။ ေပါက္ခဲ့တဲ့ ထီဟာလည္း ဇနီးသည္ေ႐ြးခ်ယ္ခဲ့တဲ့ ထီလက္မွတ္ျဖစ္ေနပါတယ္။ နံပါတ္ေလးကေတာ့ 017223 ျဖစ္ပါတယ္။ သူတို႔ ၂ ဦး ထီေပါက္ေၾကာင္း သိရတဲ့အခ်ိန္မွာေတာ့ ေနထိုင္ရာ အိမ္နဲ႔ အနီးဆုံးရွိတဲ့ ရဲစခန္းမွာ ထီေပါက္ေၾကာင္းကို သက္ေသခံမွတ္ပုံတင္ခဲ့ပါတယ္။ ဒိုမွ တစ္ဆင္ အိမ္ျပန္လာၿပီး သူတို႔ ၂ ဦး ေပ်ာ္႐ႊင္ေနခဲ့ၾကပါတယ္။ သို႔ေပမယ့္ ေနာက္တစ္ရက္မွာ ခင္ပြန္းျဖစ္သူဟာ သူကို ၂ သန္းသာ ေပးႏိုင္မယ္လို႔ ဆိုလာပါတယ္။ ယခုကဲ့သို႔ ရယူတာကို ေက်နပ္မႈမရွိရင္လည္း ရဲစခန္းကို တိုင္ဆိုၿပီး အိမ္ကေန ထီလက္မွတ္နဲ႔အတူ ထြက္သြားခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဇနီးသည္ဟာ ရဲစခန္းကို အေၾကာင္းၾကားထားၿပီး၊ အစိုးရကိုလည္း ထီလက္မွတ္မွ တစ္ဆင့္ ဆုေၾကးကို မထုတ္ႏိုင္ဖို႔အတြက္ သတင္းပို႔ထားတယ္လို႔ ဆိုပါတယ္။ ပရိတ္သတ္ႀကီးေရ ကိုယ္ကက်ဴးရင္ ကိုယ့္ဒူးေတာင္မယုံရဘူးဆိုတာ ေငြေၾကးပါလာရင္လည္း ဇနီးေယာက္်ားေတာင္ ယုံလို႔ မရေတာ့ဘူးေနာ္ ……….. 🙁

Writer- ME(Shwe Yaung Lan)

Unicode ဖြင့်ဖတ်ရန်

ဘတ်ငွေ ၆ သန်းကျော် ထီဆုကြီး ပေါက်ပေမယ့် ယုတ်မာလှတဲ့ ခင်ပွန်းကြောင့် တစ်ပြားမှ မရလိုက်တဲ့ ဇနီး


လောကကြီးမှာလေ ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံရဘူးဆိုတဲ့စကားပုံဟာ တကယ်မှန်ကြောင်းကို သက်သေပြတဲ့ သတင်းလေး တစ်ပုဒ်ကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးပါ့မယ်နော်။ အဆိုပါသတင်းလေးကတော့ ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထီပေါက်ပြီး ထီလက်မှတ်ပျောက်နေတဲ့ အဖြစ်မျိုးလိုပါပဲ။ ဖြစ်စဉ်လေးကတော့ ၃၂ နှစ်အရွယ် ပွန်သီတာ ဆိုတဲ့ ထိုင်းအမျိုးသမီးဟာ အူဘွန်ရတ်ချနီ ဇာတိဖြစ်ပြီး၊ သူမရဲ့ အမျိုးသားကတော့ ၃၄ နှစ်အရွယ် ဝီဂျက်ဝနာပရာစစ်ဟာ ဘန်ကောက်ဇာတိဖြစ်ပါတယ်။ သူတို့ဟာ စက်ရုံမှာ အလုပ်လုပ်ရင်း ဆုံခဲ့ပြီး လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့မှာ သူတို့ ၂ ဦးဟာ ထီထိုးခဲ့ပါတယ်။ အဆိုပါ ထီဟာ နိုင်ဝင်ဘာလ ၁၆ ရက်နေ့မှာ ဘတ်ငွေ ၆ သန်းဆုကြီးကို ဆွတ်ခူးခဲ့ကြပါတယ်။ အစပိုင်းမှာတော့ သူတို့ ၂ ဦးဟာ ပြေလည်ပေမယ့်လည်း နောက်ပိုင်းမှာ ပြဿနာလေးတွေတက်ခဲ့ကြပါတယ်။


အဆိုပါထီဟာလည်း သူတို့ ၂ ဦး သဘောတူညီစွာ ထိုးခဲ့တာဖြစ်ပါတယ်။ ဇနီးမောင်နှံ့ ၂ ဦးဟာ ထီးတစ်ယောက်တစ်စောင်ရွေးချယ်ပြီး ထိုးခဲ့တာပါ။ ပေါက်ခဲ့တဲ့ ထီဟာလည်း ဇနီးသည်ရွေးချယ်ခဲ့တဲ့ ထီလက်မှတ်ဖြစ်နေပါတယ်။ နံပါတ်လေးကတော့ 017223 ဖြစ်ပါတယ်။ သူတို့ ၂ ဦး ထီပေါက်ကြောင်း သိရတဲ့အချိန်မှာတော့ နေထိုင်ရာ အိမ်နဲ့ အနီးဆုံးရှိတဲ့ ရဲစခန်းမှာ ထီပေါက်ကြောင်းကို သက်သေခံမှတ်ပုံတင်ခဲ့ပါတယ်။ ဒိုမှ တစ်ဆင် အိမ်ပြန်လာပြီး သူတို့ ၂ ဦး ပျော်ရွှင်နေခဲ့ကြပါတယ်။ သို့ပေမယ့် နောက်တစ်ရက်မှာ ခင်ပွန်းဖြစ်သူဟာ သူကို ၂ သန်းသာ ပေးနိုင်မယ်လို့ ဆိုလာပါတယ်။ ယခုကဲ့သို့ ရယူတာကို ကျေနပ်မှုမရှိရင်လည်း ရဲစခန်းကို တိုင်ဆိုပြီး အိမ်ကနေ ထီလက်မှတ်နဲ့အတူ ထွက်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဇနီးသည်ဟာ ရဲစခန်းကို အကြောင်းကြားထားပြီး၊ အစိုးရကိုလည်း ထီလက်မှတ်မှ တစ်ဆင့် ဆုကြေးကို မထုတ်နိုင်ဖို့အတွက် သတင်းပို့ထားတယ်လို့ ဆိုပါတယ်။ ပရိတ်သတ်ကြီးရေ ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင်မယုံရဘူးဆိုတာ ငွေကြေးပါလာရင်လည်း ဇနီးယောက်ျားတောင် ယုံလို့ မရတော့ဘူးနော် ……….. 🙁

Writer- ME(Shwe Yaung Lan)



မှတ်ချက်များ