ျမန္မာေငြ ၁၅ က်ပ္တန္ မွာ ပါရွိတဲ့ ေရွးေဟာင္း ရွားပါး႐ုပ္ထုကို ရွာေတြ႕ၿပီ




Zawgyi ျဖင့္ဖတ္ရန္

က်ေနာ္တို႔ငယ္ငယ္က ၁ က်ပ္တန္ ၅ က်ပ္တန္ ၁၀ တန္ စသျဖင့္ ေငြစကၠဴေတြမွာ ဗိုလ္ခ်ဳပ္ပုံတို႔ ဆရာစံပုံတို႔ ျမင္ဖူးၾကမွာပါ….ခုေျပာျပမွာကေတာ့ အဲဒီေခတ္က ထုတ္တဲ့ ၁၅ က်ပ္တန္မွာ ေရွ႕မွာက ဗိုလ္ခ်ဳပ္ေအာင္ဆန္းပုံနဲ႔ ေနာက္ေက်ာဖက္မွာက ႐ုပ္တုတစ္ခုပုံပါပါတယ္…


႐ုပ္တုနာမည္ကဘာလဲဆိုတာေတာ့ မသိပါဘူး… ဒါေပမဲ့ အလြန္ၾကာခဲ့ၿပီျဖစ္တဲ့ အဲဒီ ၁၅ က်ပ္တန္ေငြစကၠဴထဲက ေရွးေဟာင္း႐ုပ္တုပုံကို အျပင္မွာ ရွာေဖြေတြ႕ရွိခဲ့ပါၿပီ……
အဲဒီ႐ုပ္တုတည္ရွိရာေနရာကေတာ့ ကရင္ျပည္နယ္ လႈိင္းဘြဲ႕ၿမိဳ႕ေဟာင္းက ထန္းတပင္ေက်ာင္းဝင္း အတြင္းမွာ ရွိတာလို႔ သိရပါတယ္…




ဒီ႐ုပ္တုကို ေလ့လာျခင္းအားျဖင့္ ေခတ္ကာလအေျခအေနေတြနဲ႔ တိုင္း/ႏိုင္ငံအက်ယ္အဝန္းကို သိရွိႏိုင္မွာ ျဖစ္ၿပီးေတာ့ ေခတ္ေဟာင္းျမန္မာ့သမိုင္းကိုလည္း ေလ့လာရာမွာ ဒီ႐ုပ္တုကေန တစ္ေထာင့္တစ္ေနရာကပါဝင္ကူညီႏိုင္မယ္လို႔ မူလပို႔စ္ပိုင္ရွင္က ဆိုထားပါတယ္…



ဒါေၾကာင့္ အရင္တုန္းက ၁၅ က်ပ္တန္မွာပါတဲ့ ေရွးေဟာင္း႐ုပ္တုကို အျပင္မွာလည္း ျမင္ဖူးႏိုင္ေအာင္ရယ္ ထိန္းသိမ္းေစာင့္ေရွာက္ႏိုင္ေအာင္ရယ္ ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္…

Writer – HW (Shwe Yaung Lan)




Unicode ဖြင့်ဖတ်ရန်

မြန်မာငွေ ၁၅ ကျပ်တန် မှာ ပါရှိတဲ့ ရှေးဟောင်း ရှားပါးရုပ်ထုကို ရှာတွေ့ပြီ

ကျနော်တို့ငယ်ငယ်က ၁ ကျပ်တန် ၅ ကျပ်တန် ၁၀ တန် စသဖြင့် ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ပုံတို့ ဆရာစံပုံတို့ မြင်ဖူးကြမှာပါ….ခုပြောပြမှာကတော့ အဲဒီခေတ်က ထုတ်တဲ့ ၁၅ ကျပ်တန်မှာ ရှေ့မှာက ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ နောက်ကျောဖက်မှာက ရုပ်တုတစ်ခုပုံပါပါတယ်…


ရုပ်တုနာမည်ကဘာလဲဆိုတာတော့ မသိပါဘူး… ဒါပေမဲ့ အလွန်ကြာခဲ့ပြီဖြစ်တဲ့ အဲဒီ ၁၅ ကျပ်တန်ငွေစက္ကူထဲက ရှေးဟောင်းရုပ်တုပုံကို အပြင်မှာ ရှာဖွေတွေ့ရှိခဲ့ပါပြီ……
အဲဒီရုပ်တုတည်ရှိရာနေရာကတော့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ဟောင်းက ထန်းတပင်ကျောင်းဝင်း အတွင်းမှာ ရှိတာလို့ သိရပါတယ်…



ဒီရုပ်တုကို လေ့လာခြင်းအားဖြင့် ခေတ်ကာလအခြေအနေတွေနဲ့ တိုင်း/နိုင်ငံအကျယ်အဝန်းကို သိရှိနိုင်မှာ ဖြစ်ပြီးတော့ ခေတ်ဟောင်းမြန်မာ့သမိုင်းကိုလည်း လေ့လာရာမှာ ဒီရုပ်တုကနေ တစ်ထောင့်တစ်နေရာကပါဝင်ကူညီနိုင်မယ်လို့ မူလပို့စ်ပိုင်ရှင်က ဆိုထားပါတယ်…



ဒါကြောင့် အရင်တုန်းက ၁၅ ကျပ်တန်မှာပါတဲ့ ရှေးဟောင်းရုပ်တုကို အပြင်မှာလည်း မြင်ဖူးနိုင်အောင်ရယ် ထိန်းသိမ်းစောင့်ရှောက်နိုင်အောင်ရယ် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်…

Writer – HW (Shwe Yaung Lan)


မှတ်ချက်များ