




Zawgyi ဖြင့်ဖတ်ရန်















Unicode ဖြင့်ဖတ်ရန်

ပရိတ်သတ်တွေကို အံ့အားသင့်စေမယ့် Master Chef က ဒိုင်ဖြစ်သူ ဒေါ်ဖြူဖြူတင် ရဲ့ ဗီဒီယို



( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )
မြန်မာနိုင်ငံမှာ ပထဦးဆုံးနဲ့ လူစိတ်အဝင်စားဆုံး ဟင်းချက်ပြိုင်ပွဲကတော့ Master Chef ပဲဖြစ်ပါတယ်။ ဒိုင်တွေရဲ့ မှတ်ချက်တွေဟာ တစ်ခါတစ်ရံမှာ ကြမ်းတမ်းခဲ့ပါတယ်။ သို့ပေမယ့် အကောင်းဆုံးထဲကမှ အကောင်းဆုံး ဖြစ်စေဖို့အတွက် လမ်းပြနေတယ်လို့ ဆိုခဲ့ကြပါတယ်။ ထိုဒိုင် ၃ ဦးထဲကမှ အမျိုးသမီးဒိုင်အဖြစ် ဒေါ်ဖြူဖြူအောင်က တာဝန်ယူထားပါတယ်။


 ဒီပြိုင်ပွဲကြီးမှာ သူမရဲ့ လက်သုံးစကားလေးကတော့ စော်ကားသလိုခံစားရပါတယ်ဆိုတာပါပဲ။ ဒါ့ကြောင့် လူမှုကွန်ယက်တွေမှာ သူမရဲ့ စကားလေးကို ယူပြီး စနောက်နေကြတဲ့ ပရိတ်သတ်တွေလည်း အများကြီးရှိပါတယ်။ ဒေါ်ဖြူဖြူအောင်နဲ့ ပတ်သတ်ပြီး လက်ရှိလူမှုကွန်ယက်မှာ ဗီဒီယိုဖိုင် တစ်ခု ထွက်ပေါ်လာပါတယ်။


ဒါကတော့ Show ပွဲ တစ်ခုမှာ ဒေါ်ဖြူဖြူအောင် ကနေခြင်းပဲဖြစ်ပါတယ်။ ဒိုင်တွေရဲ့ မှတ်ချက်သဘောထားကို မေးတဲ့အခါမှာ တင်းမာတဲ့ မျက်နှာထားနဲ့ ယခု Show ပွဲမှာတော့ ကွာဟလွန်းပါတယ်။ ဒ့ါကြောင့် လက်ရှိ လူမှုကွန်ယက်မှာတော့ ဒီဗီဒီယိုလေးဟာ တော်တော်လေးကို ရေပန်းစားလျက်ရှိပါတယ်။



ပရိတ်ကြီးအတွက် ဒေါ်ဖြူဖြူအောင် ကကွက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Writer- ME(Shwe Yaung Lan)


မှတ်ချက်များ