လာမယ့္​႐ုံးခ်ိန္းမွာ စစ္ေဆးခံရေတာ့မယ့္ ေဒၚဥမၼာလိူင္ ရဲ႕ သား ၂ ဦး




Zawgyi ျဖင့္ဖတ္ရန္

ေနျပည္ေတာ္က ဗစ္တိုးရီးယားအမႈဟာ တစ္ႏိုင္ငံလုံးစိတ္ဝင္စားၾကတဲ့ အမႈပဲ ျဖစ္ပါတယ္…သံသယတရားခံလို႔ ဆိုၾကတဲ့ ေအာင္ႀကီးကို တရားခံအစစ္မဟုတ္ဘူးလို႔ ေျပာဆိုေနၾကသလို ဒီအမႈစစ္ေဆးခဲ့တဲ့တစ္ေလွ်ာက္မွာလည္း ပရိသတ္ေတြက ဂ႐ုတစိုက္ေစာင့္ၾကည့္ေနခဲ့ၾကတာ ျဖစ္ပါတယ္…..ဒါ့အျပင္ အျပန္အလွန္တရားစြဲမႈေတြလည္း ရွိခဲ့တာေၾကာင့္ ေနာက္ဆုံးအျဖစ္မွန္က ဘာျဖစ္မလဲဆိုတာကို ျပည္သူေတြက သိခ်င္ေနၾကတာပါ….


ဒီအမႈနဲ႔ ဆက္စပ္ၿပီးေတာ့ ေအာင္ႀကီးရဲ႕ ေရွ႕ေနတစ္ဦးျဖစ္တဲ့ ေဒၚစုဒါလီေအာင္ကို Wisdom Hill ေက်ာင္းက ေက်ာင္းႀကီးၾကပ္ေရးမႉးျဖစ္တဲ့ ေဒၚဥမၼာလႈိင္မွ ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒ ပုဒ္မ ၁၀၁ နဲ႔ တရားစြဲဆိုထားတဲ့ အမႈရဲ႕ ႐ုံးခ်ိန္းကို လာမည့္ ဒီဇင္ဘာလ ၂ ရက္ေန႔မွာ ျပဳလုပ္မွာ ျဖစ္ပါတယ္…ေဒၚစုဒါလီေအာင္က BBC သတင္းဌာနနဲ႔ အင္တာဗ်ဴးေျဖဆိုရာမွာ ေဒၚဥမၼာလႈိင္ရဲ႕ သား ၂ ေယာက္နာမည္ကို ထည့္သြင္းေျဖဆိုခဲ့လို႔ ခုလို ကေလးသူငယ္အခြင့္အေရးဆိုင္ရာ ဥပေဒ နဲ႔ ပုဗၺသီရိၿမိဳ႕နယ္ တရား႐ုံးတြင္ တရားစြဲဆိုခံခဲ့ရတာျဖစ္ပါတယ္…



လာမည့္ ၂ ရက္ေန႔ ႐ုံးခ်ိန္းမွာေတာ့ ေဒၚဥမၼာလႈိင္ရဲ႕ သား ၂ ဦးကို စစ္ေဆးေမးျမန္းသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္….ဗစ္တိုးရီးယားေလးအမႈဟာ လက္ရွိအခ်ိန္ထိ စစ္ေဆးေနဆဲ ျဖစ္ၿပီးေတာ့ လက္ရွိအခ်ိန္ထိေတာ့ တိက်တဲ့ အေျဖမသိရေသးပါဘူး….


Writer – HW (Shwe Yaung Lan)

Unicode ဖြင့်ဖတ်ရန်

လာမယ့်ရုံးချိန်းမှာ စစ်ဆေးခံရတော့မယ့် ဒေါ်ဥမ္မာလိူင် ရဲ့ သား ၂ ဦး


နေပြည်တော်က ဗစ်တိုးရီးယားအမှုဟာ တစ်နိုင်ငံလုံးစိတ်ဝင်စားကြတဲ့ အမှုပဲ ဖြစ်ပါတယ်…သံသယတရားခံလို့ ဆိုကြတဲ့ အောင်ကြီးကို တရားခံအစစ်မဟုတ်ဘူးလို့ ပြောဆိုနေကြသလို ဒီအမှုစစ်ဆေးခဲ့တဲ့တစ်လျှောက်မှာလည်း ပရိသတ်တွေက ဂရုတစိုက်စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်…..ဒါ့အပြင် အပြန်အလှန်တရားစွဲမှုတွေလည်း ရှိခဲ့တာကြောင့် နောက်ဆုံးအဖြစ်မှန်က ဘာဖြစ်မလဲဆိုတာကို ပြည်သူတွေက သိချင်နေကြတာပါ….


ဒီအမှုနဲ့ ဆက်စပ်ပြီးတော့ အောင်ကြီးရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းက ကျောင်းကြီးကြပ်ရေးမှူးဖြစ်တဲ့ ဒေါ်ဥမ္မာလှိုင်မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ နဲ့ တရားစွဲဆိုထားတဲ့ အမှုရဲ့ ရုံးချိန်းကို လာမည့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်…ဒေါ်စုဒါလီအောင်က BBC သတင်းဌာနနဲ့ အင်တာဗျူးဖြေဆိုရာမှာ ဒေါ်ဥမ္မာလှိုင်ရဲ့ သား ၂ ယောက်နာမည်ကို ထည့်သွင်းဖြေဆိုခဲ့လို့ ခုလို ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ နဲ့ ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်…



လာမည့် ၂ ရက်နေ့ ရုံးချိန်းမှာတော့ ဒေါ်ဥမ္မာလှိုင်ရဲ့ သား ၂ ဦးကို စစ်ဆေးမေးမြန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်….ဗစ်တိုးရီးယားလေးအမှုဟာ လက်ရှိအချိန်ထိ စစ်ဆေးနေဆဲ ဖြစ်ပြီးတော့ လက်ရှိအချိန်ထိတော့ တိကျတဲ့ အဖြေမသိရသေးပါဘူး….

Writer – HW (Shwe Yaung Lan)

မှတ်ချက်များ