Zawgyiျဖင့္ဖတ္ရန္
ဖိလစ္ပိုင္ႏိုင္ငံက ကေလးမိခင္တစ္ဦးဟာ ၎တို႔လင္မယားမွာ အလုပ္မအားလပ္ႏိုင္ေအာင္ ရွိတဲ့အတြက္ ကေလးထိန္းတစ္ေယာက္ ငွားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ သူမဟာ အလြယ္တကူပဲ ကေလးထိန္းကို Facebook ေပၚကေန ရွာခဲ့တာျဖစ္ၿပီး၊ အမ်ိဳးသမီးငယ္တစ္ဦးကို ႐ုပ္အဆင္းအဂၤါၾကည့္ၿပီး ကေလးထိန္းခန႔္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။
(၅)လသာရွိေသးတဲ့ သမီးေလးကို ေစာင့္ေရွာက္ရမွာျဖစ္ၿပီး၊ မိခင္ရဲ႕အမည္ကေတာ့ Princess Jean Perrin လို႔ သိရပါတယ္။ သူမဟာ ကေလးထိန္းအမ်ိဳးသမီးကို စိတ္ခ်လက္ခ် ရွိခဲ့ၿပီး၊ မွတ္ပုံတင္ဘာညာကအစ မိတၱဴေတာင္းထားလိုက္တာပါ။ ဒါေပမယ့္ အလုပ္ခန႔္ၿပီး ေနာက္ရက္မွာပဲ မိခင္အရင္းကို အသိမေပးဘဲ ကေလးထိန္းနဲ႔ သူမရဲ႕ သမီးေလး အတူေပ်ာက္သြားပါတယ္။
Jean ရဲ႕အဆိုရ သူမဟာ မနက္လင္းလင္းခ်င္းမွာပဲ ကေလးနဲ႔ ကေလးထိန္းကို မေတြ႕ရေတာ့တာပါတဲ့။ ဒီလိုနဲ႔ နာရီပိုင္းၾကာသည္အထိ အဆက္အသြယ္ မရတဲ့အခါမွာေတာ့ Jean ဟာ ရဲကို သတင္းေပးတိုင္ၾကားခဲ့ပါတယ္။ ရဲက လိုအပ္တဲ့ သတင္းအခ်က္အလက္ေတြ ယူတဲ့အခ်ိန္မွာပဲ ကေလးထိန္းက ေပးခဲ့တဲ့မွတ္ပုံတင္က အတုျဖစ္ေနတယ္ဆိုတာ သိခဲ့ရတာပါ။
ေနာက္ေတာ့ မိခင္ Jean ဟာ သမီးေလးေပ်ာက္ဆုံးသြားတဲ့ ကိစၥကို Facebook ေပၚမွာေရာ တင္ခဲ့သလို၊ ေဒသခံ႐ုပ္ျမင္သံၾကားဌာနနဲ႔ အသံလႊင့္ဌာနကိုေရာ ဆက္သြယ္သတင္းပို႔ခဲ့ပါတယ္။ အဲဒီေနာက္ ရဲေတြက လမ္းေဘးမွာ CCTV ေတြ တပ္ဆင္ထားျခင္းရွိမရွိကို စစ္ေဆးခဲ့ရာ သက္ေသဗြီဒီယိုဖိုင္ေတြ ရရွိခဲ့ပါတယ္။
လူမႈကြန္ရက္မွာ ဗြီဒီယိုဖိုင္ လူၾကည့္အရမ္းမ်ားသြားတဲ့အခါ ကေလးခိုးသြားတဲ့ အမ်ိဳးသမီးဟာ ကေလးနဲ႔အတူ ျပန္ေရာက္လာခဲ့ပါတယ္။ သူမ ကေလးခိုးသြားတယ္ဆိုတဲ့ ထင္ျမင္ခ်က္ေတြဟာ နားလည္မႈ လြဲမွားၾကျခင္းသာ ျဖစ္ေၾကာင္း ရွင္းျပခဲ့ပါေသးတယ္။ ဒါေပမယ့္ မိခင္ရဲ႕ ခြင့္ျပဳခ်က္မေတာင္းဘဲ အျပင္ကို ထြက္လာခဲ့တာကိုလည္း ဝန္ခံခဲ့ပါတယ္။
သူမက ကေလးကို အနီးအနားက ေဈးဝယ္စင္တာကို ေခၚသြားခဲ့တာျဖစ္ေၾကာင္း၊ ဒါေပမယ့္ သူမမွ ကေလးခိုးဖို႔ ရည္႐ြယ္ခ်က္ မရွိေၾကာင္း တုန႔္ျပန္ခဲ့ပါတယ္။ မီဒီယာေတြက အတင္းကာေရး ေရးသားေဖာ္ျပမႈေတြေၾကာင့္ သူမဟာ ေၾကာက္ၿပီး ပုန္းေအာင္းဖို႔ ဆုံးျဖတ္ခဲ့ေၾကာင္း၊ သို႔ေသာ္လည္း ေရဒီယိုအသံလႊင့္ဌာနတစ္ခုက ကေလးကို လာအပ္တယ္ဆိုရင္ ဘာျပႆနာမွ မရွာဘူးလို႔ ထုတ္လႊင့္ခဲ့လို႔ အခုလို လာျပန္အပ္တာလို႔ ဆိုပါတယ္။
ဒါေပမယ့္ ကေလးပိုင္ရွင္ မိဘေတြက သူမရဲ႕ ေျပာဆိုေတာင္းပန္မႈေတြကို လက္မခံဘဲ၊ ကေလးထိန္းနဲ႔ သူမရဲ႕ဖခင္ျဖစ္သူတို႔ကို ျပန္ေပးဆြဲမႈနဲ႔ အမႈဖြင့္ခဲ့ပါတယ္။ ရဲ႕ကလည္း တရားခံေတြကို ဖမ္းဆီးထားၿပီး၊ လိုအပ္တဲ့ စစ္ေဆးမႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။
လင္းသူရိန္
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
လိုင်းပေါ်ကသိတဲ့ ကလေးထိန်းကို ငှားခဲ့မိရာကနေ ကလေးအခိုးခံလိုက်ရတဲ့အဖြစ်
ဖိလစ်ပိုင်နိုင်ငံက ကလေးမိခင်တစ်ဦးဟာ ၎င်းတို့လင်မယားမှာ အလုပ်မအားလပ်နိုင်အောင် ရှိတဲ့အတွက် ကလေးထိန်းတစ်ယောက် ငှားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမဟာ အလွယ်တကူပဲ ကလေးထိန်းကို Facebook ပေါ်ကနေ ရှာခဲ့တာဖြစ်ပြီး၊ အမျိုးသမီးငယ်တစ်ဦးကို ရုပ်အဆင်းအင်္ဂါကြည့်ပြီး ကလေးထိန်းခန့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
(၅)လသာရှိသေးတဲ့ သမီးလေးကို စောင့်ရှောက်ရမှာဖြစ်ပြီး၊ မိခင်ရဲ့အမည်ကတော့ Princess Jean Perrin လို့ သိရပါတယ်။ သူမဟာ ကလေးထိန်းအမျိုးသမီးကို စိတ်ချလက်ချ ရှိခဲ့ပြီး၊ မှတ်ပုံတင်ဘာညာကအစ မိတ္တူတောင်းထားလိုက်တာပါ။ ဒါပေမယ့် အလုပ်ခန့်ပြီး နောက်ရက်မှာပဲ မိခင်အရင်းကို အသိမပေးဘဲ ကလေးထိန်းနဲ့ သူမရဲ့ သမီးလေး အတူပျောက်သွားပါတယ်။
Jean ရဲ့အဆိုရ သူမဟာ မနက်လင်းလင်းချင်းမှာပဲ ကလေးနဲ့ ကလေးထိန်းကို မတွေ့ရတော့တာပါတဲ့။ ဒီလိုနဲ့ နာရီပိုင်းကြာသည်အထိ အဆက်အသွယ် မရတဲ့အခါမှာတော့ Jean ဟာ ရဲကို သတင်းပေးတိုင်ကြားခဲ့ပါတယ်။ ရဲက လိုအပ်တဲ့ သတင်းအချက်အလက်တွေ ယူတဲ့အချိန်မှာပဲ ကလေးထိန်းက ပေးခဲ့တဲ့မှတ်ပုံတင်က အတုဖြစ်နေတယ်ဆိုတာ သိခဲ့ရတာပါ။
နောက်တော့ မိခင် Jean ဟာ သမီးလေးပျောက်ဆုံးသွားတဲ့ ကိစ္စကို Facebook ပေါ်မှာရော တင်ခဲ့သလို၊ ဒေသခံရုပ်မြင်သံကြားဌာနနဲ့ အသံလွှင့်ဌာနကိုရော ဆက်သွယ်သတင်းပို့ခဲ့ပါတယ်။ အဲဒီနောက် ရဲတွေက လမ်းဘေးမှာ CCTV တွေ တပ်ဆင်ထားခြင်းရှိမရှိကို စစ်ဆေးခဲ့ရာ သက်သေဗွီဒီယိုဖိုင်တွေ ရရှိခဲ့ပါတယ်။
လူမှုကွန်ရက်မှာ ဗွီဒီယိုဖိုင် လူကြည့်အရမ်းများသွားတဲ့အခါ ကလေးခိုးသွားတဲ့ အမျိုးသမီးဟာ ကလေးနဲ့အတူ ပြန်ရောက်လာခဲ့ပါတယ်။ သူမ ကလေးခိုးသွားတယ်ဆိုတဲ့ ထင်မြင်ချက်တွေဟာ နားလည်မှု လွဲမှားကြခြင်းသာ ဖြစ်ကြောင်း ရှင်းပြခဲ့ပါသေးတယ်။ ဒါပေမယ့် မိခင်ရဲ့ ခွင့်ပြုချက်မတောင်းဘဲ အပြင်ကို ထွက်လာခဲ့တာကိုလည်း ဝန်ခံခဲ့ပါတယ်။
သူမက ကလေးကို အနီးအနားက ဈေးဝယ်စင်တာကို ခေါ်သွားခဲ့တာဖြစ်ကြောင်း၊ ဒါပေမယ့် သူမမှ ကလေးခိုးဖို့ ရည်ရွယ်ချက် မရှိကြောင်း တုန့်ပြန်ခဲ့ပါတယ်။ မီဒီယာတွေက အတင်းကာရေး ရေးသားဖော်ပြမှုတွေကြောင့် သူမဟာ ကြောက်ပြီး ပုန်းအောင်းဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော်လည်း ရေဒီယိုအသံလွှင့်ဌာနတစ်ခုက ကလေးကို လာအပ်တယ်ဆိုရင် ဘာပြဿနာမှ မရှာဘူးလို့ ထုတ်လွှင့်ခဲ့လို့ အခုလို လာပြန်အပ်တာလို့ ဆိုပါတယ်။
ဒါပေမယ့် ကလေးပိုင်ရှင် မိဘတွေက သူမရဲ့ ပြောဆိုတောင်းပန်မှုတွေကို လက်မခံဘဲ၊ ကလေးထိန်းနဲ့ သူမရဲ့ဖခင်ဖြစ်သူတို့ကို ပြန်ပေးဆွဲမှုနဲ့ အမှုဖွင့်ခဲ့ပါတယ်။ ရဲ့ကလည်း တရားခံတွေကို ဖမ်းဆီးထားပြီး၊ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
လင်းသူရိန်
Credit:Shwemom



မှတ်ချက်များ