ဖုန္း အၾကည့္ မ်ားေနတဲ့ ၃ ႏွစ္ သမီးေလးကို ေဆး႐ုံ ေခၚသြားရာမွ ထိပ္လန္႔သြားတဲ့ မိဘေတြ
Zawgyi ျဖင့္ဖတ္ရန္
အေရးႀကီးတဲ့ အေၾကာင္းအရာေလးတစ္ခုကို ကေလးမိဘေတြအတြက္ တင္ဆက္ေပးပါရေစ။ ေခတ္ကာလက ေျပာင္းလဲလာၿပီး နည္းပညာေတြ တိုးတက္လာတာေၾကာင့္ ကေလးေတြရဲ႕ ငယ္ဘဝျဖတ္သန္းမႈဟာလည္း ယခင္ကနဲ႔ မတူပဲ ကြဲျပားလာပါတယ္။
ယခင္က ဖန္ေထာ့ ၊ ႀကိဳးခုန္ ၊ တူတူပုန္းၾကတဲ့ ကေလးဘဝဟာ အခုေတာ့ လက္ကိုင္ဖုန္းေတြေပါမ်ားတဲ့ ေခတ္မွာ ဖန္သားျပင္ေပၚမွာသာ ကုန္ဆုံးလာၾကပါတယ္။ ဖုန္းနဲ႔ဂိမ္းေဆာ့တာ ။ ဖုန္းနဲ႔ ကာတြန္းကားေတြၾကည့္တာေတြပဲျဖစ္ပါတယ္။ ဒါေတြကို မိဘေတြကလည္း ကေလးၿငိမ္ေနရင္ၿပီးေရာ ၊ ကေလးအငိုတိတ္ရင္ ၿပီးေရာရယ္လို႔ ခ်စ္တဲ့ စိတ္နဲ႔ အလိုလိုက္တတ္ၾကပါတယ္။
တကယ္ေတာ့ ဒါဟာ ကေလးငယ္ကို ဒုကၡေပးေနတာပါပဲ။ဘာေၾကာင့္လဲဆိုေတာ့ ႏုနယ္တဲ့ ကေလးရဲ႕မ်က္စိဟာ ဖုန္းကျဖာထြက္လာတဲ့ ေရာင္ျခည္ေတြနဲ႔ ထိေတြ႕ၿပီးေတာ့ အခ်ိန္ၾကာလာတာနဲ႔ အမွ် အားနည္းလာတာ။ ထိခိုက္လာတာေတြ ျဖစ္လာတာ
ေၾကာင့္ျဖစ္ပါတယ္။ ဒါေၾကာင့္ ကေလးေတြကို ၿငိမ္ေနရင္ၿပီးေရာဆိုၿပီး ဖုန္းတစ္လုံးနဲ႔ပစ္မထားသင့္ပါဘူးေနာ္။
ဥပမာအေနနဲ႔ ေျပာရရင္ တ႐ုတ္ႏိုင္ငံက (၃) ႏွစ္အ႐ြယ္ Tong Tong ဆိုတဲ့ ကေလးဟာ ဖုန္းထဲက ကားတြန္းေလးေတြကို ၾကည့္ရတာကို ကေလးသဘာဝ ႏွစ္သက္လွသူျဖစ္ပါတယ္။ မိဘေတြကလည္း စီးပြားေရးနဲ႔ အလုပ္မ်ားေနၾကတာမို႔လို႔ ကေလးၿငိမ္ေန
ရင္ၿပီးေရာ စိတ္နဲ႔ ပစ္ထားတတ္ၾကပါတယ္။ Tong Tong က အဖိုးအဖြားေတြနဲ႔သာ အေနမ်ားသူပါ။ အဖိုးအဖြားနဲ႔ေနၿပီးေတာ့ ဖုန္းမၾကည့္ရရင္ ငိုတာေၾကာင့္ ကေလးအငိုတတ္ရင္ၿပီးတာပဲ ဆိုတဲ့ စိတ္နဲ႔ အဖိုးအဖြားေတြကလည္း ျပထားေပးခဲ့တာပါ။ အခုေတာ့
သူမရဲ႕ အျမင္အာ႐ုံေတြခ်ိဳ႕ယြင္းသြားတာကို စိတ္မေကာင္းစြာေတြ႕လိုက္ရပါတယ္။
Tong Tong ကေတာ့ ကာတြန္းကားၾကည့္ရၿပီဆိုရင္ ငိုေနရင္းနဲ႔ေတာင္ ခ်က္ခ်င္းတိတ္သြားတတ္ပါတယ္။ ဒါေၾကာင့္ သူမအတြက္ေတာ့ လက္ကိုင္ဖုန္းဟာ မိဘေတြထက္ အေဖာ္မြန္ေကာင္းပါပဲ။ ကေလးက သိပ္မျမင္မေကာင္းေတာ့သလို ခံစားရၿပီလို႔ ထင္
တာေၾကာင့္ အဖိုးနဲ႔အဖြားဟာ ေဆး႐ုံကို ခ်က္ခ်င္းသြားျပခဲ့ပါတယ္။ အဲ့ဒီေနာက္ေတာ့ သူတို႔ သိလိုက္ရတာက သူတို႔ေျမးမေလး Tong Tong ဟာ အျမင္အာ႐ုံ (0.2) သာ ရွိေတာ့တာေၾကာင့္ျဖစ္ပါတယ္။ မ်ားစြာ ထိတ္လန႔္သြားခဲ့ၾကပါတယ္။ ဘာေၾကာင့္လဲဆို
ေတာ့ မ်က္စိကြယ္ဖို႔ သိပ္မလိုေတာ့တဲ့ အတိုင္းအတာတစ္ခုျဖစ္ေနလို႔ပါ။
Tong Tonge တစ္ေယာက္ အသက္(၃) ႏွစ္မွာ အနီးမႈန္ျဖစ္ေနခဲ့ပါၿပီ။ မ်က္စိကြယ္မသြားေအာင္လို႔ မ်က္မွန္တပ္ရမယ္လို႔ ဆရာဝန္ ရွင္းျပလာခဲ့ပါတယ္။ အခုေတာ့ တုန္တုန္ တစ္ေယာက္ဟာ ပါဝါ ၂၀၀ မ်က္မွန္နဲ႔ ျဖစ္ခဲ့ရပါၿပီ။
ျမင္ေယာင္ၾကည့္ေပးပါ။ အသက္ (၃) ႏွစ္အ႐ြယ္ ကေလးငယ္နဲ႔ ပါဝါ ၂၀၀ ရွိတဲ့ မ်က္မွန္ဟာ တကယ္ပဲ လိုက္ဖက္မယ္ထင္ပါသလား။ ဒါေၾကာင့္ ကေလးငယ္ေတြကို ခ်စ္လို႔ အလိုလိုက္ရင္ေတာင္မွ ထိုက္သင့္တဲ့ အရာကိုပဲ အလိုလိုက္ပါ။ အငိုတိတ္ရင္ျပီးေရာ ဆိုတဲ့ စိတ္နဲ႔ ကေလးငယ္ကို အလိုလိုက္သလိုနဲ႔ မဖ်က္ဆီးမိၾကေစဖို႔အတြက္မိဘေတြ အသိ သတိေလးနဲ႔ ဆင္ျခင္ႏိုင္ေအာင္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေေနာ္။
Writer- SMT(Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
ဖုန်း အကြည့် များနေတဲ့ ၃ နှစ် သမီးလေးကို ဆေးရုံ ခေါ်သွားရာမှ ထိပ်လန့်သွားတဲ့ မိဘတွေ
အရေးကြီးတဲ့ အကြောင်းအရာလေးတစ်ခုကို ကလေးမိဘတွေအတွက် တင်ဆက်ပေးပါရစေ။ ခေတ်ကာလက ပြောင်းလဲလာပြီး နည်းပညာတွေ တိုးတက်လာတာကြောင့် ကလေးတွေရဲ့ ငယ်ဘဝဖြတ်သန်းမှုဟာလည်း ယခင်ကနဲ့ မတူပဲ ကွဲပြားလာပါတယ်။
ယခင်က ဖန်ထော့ ၊ ကြိုးခုန် ၊ တူတူပုန်းကြတဲ့ ကလေးဘဝဟာ အခုတော့ လက်ကိုင်ဖုန်းတွေပေါများတဲ့ ခေတ်မှာ ဖန်သားပြင်ပေါ်မှာသာ ကုန်ဆုံးလာကြပါတယ်။ ဖုန်းနဲ့ဂိမ်းဆော့တာ ။ ဖုန်းနဲ့ ကာတွန်းကားတွေကြည့်တာတွေပဲဖြစ်ပါတယ်။ ဒါတွေကို မိဘတွေ
ကလည်း ကလေးငြိမ်နေရင်ပြီးရော ၊ ကလေးအငိုတိတ်ရင် ပြီးရောရယ်လို့ ချစ်တဲ့ စိတ်နဲ့ အလိုလိုက်တတ်ကြပါတယ်။
တကယ်တော့ ဒါဟာ ကလေးငယ်ကို ဒုက္ခပေးနေတာပါပဲ။ဘာကြောင့်လဲဆိုတော့ နုနယ်တဲ့ ကလေးရဲ့မျက်စိဟာ ဖုန်းကဖြာထွက်လာတဲ့ ရောင်ခြည်တွေနဲ့ ထိတွေ့ပြီးတော့ အချိန်ကြာလာတာနဲ့ အမျှ အားနည်းလာတာ။ ထိခိုက်လာတာတွေ ဖြစ်လာတာ
ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ငြိမ်နေရင်ပြီးရောဆိုပြီး ဖုန်းတစ်လုံးနဲ့ပစ်မထားသင့်ပါဘူးနော်။
ဥပမာအနေနဲ့ ပြောရရင် တရုတ်နိုင်ငံက (၃) နှစ်အရွယ် Tong Tong ဆိုတဲ့ ကလေးဟာ ဖုန်းထဲက ကားတွန်းလေးတွေကို ကြည့်ရတာကို ကလေးသဘာဝ နှစ်သက်လှသူဖြစ်ပါတယ်။ မိဘတွေကလည်း စီးပွားရေးနဲ့ အလုပ်များနေကြတာမို့လို့ ကလေးငြိမ်နေ
ရင်ပြီးရော စိတ်နဲ့ ပစ်ထားတတ်ကြပါတယ်။ Tong Tong က အဖိုးအဖွားတွေနဲ့သာ အနေများသူပါ။ အဖိုးအဖွားနဲ့နေပြီးတော့ ဖုန်းမကြည့်ရရင် ငိုတာကြောင့် ကလေးအငိုတတ်ရင်ပြီးတာပဲ ဆိုတဲ့ စိတ်နဲ့ အဖိုးအဖွားတွေကလည်း ပြထားပေးခဲ့တာပါ။ အခုတော့
သူမရဲ့ အမြင်အာရုံတွေချို့ယွင်းသွားတာကို စိတ်မကောင်းစွာတွေ့လိုက်ရပါတယ်။
Tong Tong ကတော့ ကာတွန်းကားကြည့်ရပြီဆိုရင် ငိုနေရင်းနဲ့တောင် ချက်ချင်းတိတ်သွားတတ်ပါတယ်။ ဒါကြောင့် သူမအတွက်တော့ လက်ကိုင်ဖုန်းဟာ မိဘတွေထက် အဖော်မွန်ကောင်းပါပဲ။ ကလေးက သိပ်မမြင်မကောင်းတော့သလို ခံစားရပြီလို့ ထင်
တာကြောင့် အဖိုးနဲ့အဖွားဟာ ဆေးရုံကို ချက်ချင်းသွားပြခဲ့ပါတယ်။ အဲ့ဒီနောက်တော့ သူတို့ သိလိုက်ရတာက သူတို့မြေးမလေး Tong Tong ဟာ အမြင်အာရုံ (0.2) သာ ရှိတော့တာကြောင့်ဖြစ်ပါတယ်။ များစွာ ထိတ်လန့်သွားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆို
တော့ မျက်စိကွယ်ဖို့ သိပ်မလိုတော့တဲ့ အတိုင်းအတာတစ်ခုဖြစ်နေလို့ပါ။
Tong Tonge တစ်ယောက် အသက်(၃) နှစ်မှာ အနီးမှုန်ဖြစ်နေခဲ့ပါပြီ။ မျက်စိကွယ်မသွားအောင်လို့ မျက်မှန်တပ်ရမယ်လို့ ဆရာဝန် ရှင်းပြလာခဲ့ပါတယ်။ အခုတော့ တုန်တုန် တစ်ယောက်ဟာ ပါဝါ ၂၀၀ မျက်မှန်နဲ့ ဖြစ်ခဲ့ရပါပြီ။
မြင်ယောင်ကြည့်ပေးပါ။ အသက် (၃) နှစ်အရွယ် ကလေးငယ်နဲ့ ပါဝါ ၂၀၀ ရှိတဲ့ မျက်မှန်ဟာ တကယ်ပဲ လိုက်ဖက်မယ်ထင်ပါသလား။ ဒါကြောင့် ကလေးငယ်တွေကို ချစ်လို့ အလိုလိုက်ရင်တောင်မှ ထိုက်သင့်တဲ့ အရာကိုပဲ အလိုလိုက်ပါ။ အငိုတိတ်ရင်
ပြီးရော ဆိုတဲ့ စိတ်နဲ့ ကလေးငယ်ကို အလိုလိုက်သလိုနဲ့ မဖျက်ဆီးမိကြစေဖို့အတွက်မိဘတွေ အသိ သတိလေးနဲ့ ဆင်ခြင်နိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်ေနော်။
Writer- SMT(Shwe Yaung Lan)

မှတ်ချက်များ