ဘာပဲလုပ္လုပ္ အျမဲတမ္းေရွ႕ေရာက္ေနတတ္တဲ့ ဉာဏ္က်ယ္ေလးေတြဆိုတာ ဒီလိုလူမ်ိဳးေတြပါ


Zawgyiျဖင့္ဖတ္ရန္

ဉာဏ္ေကာင္းတဲ့သူေတြဟာ ဘာပဲလုပ္လုပ္ တျခားလူေတြထက္ တပန္းသာေနျပီး အျမဲတမ္းလည္းေရွ႕ေရာက္ေနတတ္ပါတယ္။ သင္ဟာ သူမ်ားေတြထက္ အျမဲေရွ႕ေရာက္ေနတတ္တဲ့ ဉာဏ္က်ယ္ေလးတစ္ေယာက္ျဖစ္ေၾကာင္းကို သင့္ရဲ႕ဒီခႏၶာကိုယ္အစိတ္အပိုင္းေလးေတြက သက္ေသျပေနပါတယ္။

(၁) အရပ္ရွည္ျခင္း

Brown University and Princeton University တို႕က လူေတြရဲ႕ အရပ္အျမင့္၊ ကိုယ္အေလးခ်ိန္နဲ႕ ဉာဏ္ရည္ဆက္စပ္မႈေတြနဲ႕ပတ္သက္လို႕ ေလ့လာမႈေတြ လုပ္ခဲ့ရာ အရပ္ရွည္တဲ့သူေတြက ျဖတ္ထိုးဉာဏ္ ပိုေကာင္းတာကို ေတြ႕ရွိခဲ့ပါတယ္။ အေမရိကန္နဲ႕ အဂၤလန္နိုင္ငံမွာ 1958 ကေန 1970 ခုႏွစ္အတြင္းေမြးဖြားခဲ့တဲ့သူေတြရဲ႕ အေျခခံအခ်က္ေတြကို စစ္တမ္းေကာက္ၾကည့္တဲ့အခါမွာလည္း အရပ္ရွည္တဲ့သူေတြက ဝင္ေငြပိုေကာင္းတာ၊ အလုပ္အကိုင္ေကာင္းေကာင္းလုပ္ခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ ဒါကိုၾကည့္ျခင္းျဖင့္ အရပ္ရွည္တဲ့သူေတြက ဉာဏ္ပိုေကာင္းတယ္ဆိုတာ အထင္အရွားပါပဲ။

 (၂) ဘယ္သန္ျဖစ္ေနျခင္း

University of Athens ကေန ဘယ္သန္နဲ႕ ညာသန္ကေလးေတြကို ဉာဏ္စမ္းပုစာၦေတြေျဖရွင္းခိုင္းျပီး စစ္တမ္းေကာက္ယူမႈေတြျပဳလုပ္ခဲ့ရာ ဘယ္သန္ကေလးေတြက ျပႆနာေျဖရွင္းနိုင္စြမ္း၊ ဆက္စပ္ေတြးေတာနိုင္စြမ္းမွာ ပိုသာလြန္တာကို ေတြ႕ရွိခဲ့ပါတယ္။

(၃) ဝတဲ့သူေတြ

ခႏၶာကိုယ္မွာ အဆီပိုေတြ ရွိတာက ႏွလံုးေသြးေၾကာနဲ႕ပတ္သက္တဲ့ေရာဂါေတြနဲ႕ တျခားေရာဂါေတြျဖစ္နိုင္ေခ် ပိုတိုးေစပါတယ္။ ဒါေၾကာင့္ ကိုယ္အေလးခ်ိန္ကို ရွိသင့္တာထက္ ပိုမမ်ားေအာင္ထိန္းဖို႕ ဆရာဝန္ေတြက အၾကံေပးထားတာပါ။ ဒါေပမယ့္ ေလ့လာမႈေတြအရ ဝတဲ့သူေတြက ပိန္တဲ့သူေတြထက္ ေဝါဟာရေတြကို မွတ္တဲ့ေနရာမွာ ပိုေတာ္တယ္၊ ပိုမွတ္မိနိုင္တယ္၊ ေဝါဟာရပိုၾကြယ္တယ္ဆိုတာ သိခဲ့ၾကပါတယ္။

(၄) ဦးေခါင္းၾကီးျခင္း၊ နဖူးက်ယ္ျခင္း

Molecular psychiatry နဲ႕ပတ္သက္တဲ့ ေလ့လာမႈေတြအရ ဦးေခါင္းၾကီးျပီး နဖူးက်ယ္တဲ့သူေတြကလည္း တျခားသူေတြထက္ ျဖတ္ထိုးဉာဏ္ေကာင္းျပီး၊ ဆက္စပ္ေတြးေတာနိုင္စြမ္းမွာလည္း သာလြန္တာကိုေတြ႕ရွိခဲ့ပါတယ္။ ရုတ္တရက္ျဖစ္လာတဲ့ ျပႆနာေတြကိုေျဖရွင္းရာမွာေတာ္တဲ့အျပင္၊ ေရရွည္မွတ္ဉာဏ္လည္း ပိုေကာင္းၾကပါတယ္။

RAY

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ဘာပဲလုပ်လုပ် အမြဲတမ်းရှေ့ရောက်နေတတ်တဲ့ ဉာဏ်ကျယ်လေးတွေဆိုတာ ဒီလိုလူမျိုးတွေပါ

ဉာဏ်ကောင်းတဲ့သူတွေဟာ ဘာပဲလုပ်လုပ် တခြားလူတွေထက် တပန်းသာနေပြီး အမြဲတမ်းလည်းရှေ့ရောက်နေတတ်ပါတယ်။ သင်ဟာ သူများတွေထက် အမြဲရှေ့ရောက်နေတတ်တဲ့ ဉာဏ်ကျယ်လေးတစ်ယောက်ဖြစ်ကြောင်းကို သင့်ရဲ့ဒီခန္ဓာကိုယ်အစိတ်အပိုင်းလေးတွေက သက်သေပြနေပါတယ်။

(၁) အရပ်ရှည်ခြင်း

Brown University and Princeton University တို့က လူတွေရဲ့ အရပ်အမြင့်၊ ကိုယ်အလေးချိန်နဲ့ ဉာဏ်ရည်ဆက်စပ်မှုတွေနဲ့ပတ်သက်လို့ လေ့လာမှုတွေ လုပ်ခဲ့ရာ အရပ်ရှည်တဲ့သူတွေက ဖြတ်ထိုးဉာဏ် ပိုကောင်းတာကို တွေ့ရှိခဲ့ပါတယ်။ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံမှာ 1958 ကနေ 1970 ခုနှစ်အတွင်းမွေးဖွားခဲ့တဲ့သူတွေရဲ့ အခြေခံအချက်တွေကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာလည်း အရပ်ရှည်တဲ့သူတွေက ဝင်ငွေပိုကောင်းတာ၊ အလုပ်အကိုင်ကောင်းကောင်းလုပ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် အရပ်ရှည်တဲ့သူတွေက ဉာဏ်ပိုကောင်းတယ်ဆိုတာ အထင်အရှားပါပဲ။

 (၂) ဘယ်သန်ဖြစ်နေခြင်း

University of Athens ကနေ ဘယ်သန်နဲ့ ညာသန်ကလေးတွေကို ဉာဏ်စမ်းပုစ္ဆာတွေဖြေရှင်းခိုင်းပြီး စစ်တမ်းကောက်ယူမှုတွေပြုလုပ်ခဲ့ရာ ဘယ်သန်ကလေးတွေက ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဆက်စပ်တွေးတောနိုင်စွမ်းမှာ ပိုသာလွန်တာကို တွေ့ရှိခဲ့ပါတယ်။

(၃) ဝတဲ့သူတွေ

ခန္ဓာကိုယ်မှာ အဆီပိုတွေ ရှိတာက နှလုံးသွေးကြောနဲ့ပတ်သက်တဲ့ရောဂါတွေနဲ့ တခြားရောဂါတွေဖြစ်နိုင်ချေ ပိုတိုးစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ရှိသင့်တာထက် ပိုမများအောင်ထိန်းဖို့ ဆရာဝန်တွေက အကြံပေးထားတာပါ။ ဒါပေမယ့် လေ့လာမှုတွေအရ ဝတဲ့သူတွေက ပိန်တဲ့သူတွေထက် ဝေါဟာရတွေကို မှတ်တဲ့နေရာမှာ ပိုတော်တယ်၊ ပိုမှတ်မိနိုင်တယ်၊ ဝေါဟာရပိုကြွယ်တယ်ဆိုတာ သိခဲ့ကြပါတယ်။

(၄) ဦးခေါင်းကြီးခြင်း၊ နဖူးကျယ်ခြင်း

Molecular psychiatry နဲ့ပတ်သက်တဲ့ လေ့လာမှုတွေအရ ဦးခေါင်းကြီးပြီး နဖူးကျယ်တဲ့သူတွေကလည်း တခြားသူတွေထက် ဖြတ်ထိုးဉာဏ်ကောင်းပြီး၊ ဆက်စပ်တွေးတောနိုင်စွမ်းမှာလည်း သာလွန်တာကိုတွေ့ရှိခဲ့ပါတယ်။ ရုတ်တရက်ဖြစ်လာတဲ့ ပြဿနာတွေကိုဖြေရှင်းရာမှာတော်တဲ့အပြင်၊ ရေရှည်မှတ်ဉာဏ်လည်း ပိုကောင်းကြပါတယ်။

RAY

Credit:Shwemom

မှတ်ချက်များ