အားအလြန္ေကာင္းတဲ့ ဆုိင္ကလုန္းမုန္တုိင္းႀကီး၏ ေနာက္ဆံုးရ သတင္း


Zawgyiျဖင့္ဖတ္ရန္

ရက္စြဲ။ ၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ ၈ ရက္

အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းသတင္းအမွတ္စဥ္(၁၆/၂၀၁၉) (၂၀၁၉ ခုႏွစ္၊ နိုဝင္ဘာလ ၈ ရက္) (ျမန္မာစံေတာ္ခ်ိန္(၁၁:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)

(က) အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္းအေျခအေန

(၁) ယေန႔ျမန္မာစံေတာ္ခ်ိန္ (၁၀:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ ေအာ္အေနာက္အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္ အေရွ႕အလယ္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း (Severe Cyclonic Storm) “ဘာဘ္ဘယ္”(BULBUL)သည္ ေျမာက္-အေနာက္ေျမာက္ ဘက္သို႔ ေရြ႕လ်ားခဲ့ၿပီး၊ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း (Very Severe Cyclonic Storm) “ဘာဘ္ဘယ္” (BULBUL)အျဖစ္သို႔‌ ေရာက္ရွိခဲ့ကာ၊ အိႏၵိယနိုင္ငံ၊ ပါရာဒစ္ပ္ၿမိဳ႕(Paradip) (ဩရိႆ-Odisha)၏ ေတာင္-အေရွ႕ေတာင္ဘက္ ေရမိုင္ (၂၀၅) မိုင္ခန႔္၊ စာဂါကၽြန္း(Sagar Islands) (အေနာက္ဘဂၤလားျပည္နယ္-West Bengal)၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္ (၂၈၀)မိုင္ခန႔္၊ ဘဂၤလားေဒ့ရွ္နိုင္ငံ၊ ခီပူပါရာၿမိဳ႕ (Khepupara)၏ ေတာင္-အေနာက္ေတာင္ဘက္ ေရမိုင္(၃၃၀)မိုင္ခန႔္၊ ျမန္မာနိုင္ငံ၊ စစ္ေတြၿမိဳ႕(Sittwe)၏ အေနာက္ေတာင္ဘက္ ေရမိုင္(၃၅၅)မိုင္ခန႔္ႏွင့္ ေမာင္ေတာၿမိဳ႕ (Maungdaw)၏ အေနာက္ေတာင္ဘက္ ေရမိုင္(၃၆၀)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။

(၂) အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL)၏ လက္ရွိ အေျခအေနမွာ ျမန္မာနိုင္ငံဘက္သို႔ ဦးတည္ေရြ႕လ်ားမည့္ အေျခအေနမရွိေသးသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ပါသည္။

(ခ) အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း၏ တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း

(၁) အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL) သည္ ျမန္မာစံေတာ္ခ်ိန္ (၁၀:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ (၁၆.၉)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၇.၆)ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၉၈၆)ဟက္တိုပါစကယ္ ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလၽွင္ (၇၅)မိုင္ႏႈန္း ျဖစ္ပါသည္။ မုန္တိုင္း၏ လက္ရွိေရြ႕လ်ားႏႈန္းမွာ တစ္နာရီလၽွင္(၆)မိုင္ႏႈန္း ျဖစ္ပါသည္။

(ဂ) ေနာက္(၄၈)နာရီအတြင္းခန္႔မွန္းခ်က္

(၁) အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL)သည္ ကနဉီးတြင္ ေျမာက္ဘက္သို႔ ေရြ႕လ်ားၿပီးေနာက္ အေရွ႕ေျမာက္ဘက္သို႔ ဆက္လက္ေရြ႕ လ်ားကာ၊ ေနာက္(၄၈)နာရီအတြင္း အေနာက္ဘဂၤလားျပည္နယ္ႏွင့္ ဘဂၤလားေဒ့ရွ္နိုင္ငံ ကမ္းေျခကို စာဂါကၽြန္း(Sagar Islands)ႏွင့္ ခီပူပါရာၿမိဳ႕(Khepupara)ၾကားမွ ျဖတ္ ေက်ာ္ဝင္ေရာက္နိုင္သည္ဟု ခန္႔မွန္းရပါသည္။

(ဃ) အသိေပးႏွိုးေဆာ္ခ်က္

(၁) အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္” (BULBUL)၏ အရွိန္ေၾကာင့္ ယေန႔နံနက္မွ ေနာက္(၄၈)နာရီအတြင္း စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလး တိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာ ဝတီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ့ အျပား၊ ေနျပည္ေတာ္၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကယား ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္းရြာၿပီး၊ မေကြးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္ ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာကြက္၍ မိုးႀကီးနိုင္ပါသည္။

(၂) ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ မၾကာ ခဏ မိုးသက္ေလျပင္းမ်ားက်ေရာက္ၿပီး လွိုင္းႀကီးရာမွ လွိုင္းအလြန္ႀကီးမည္။ မိုးသက္ ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီလၽွင္ (၅၅)မိုင္မွ မိုင္(၆၀)အထိ တိုက္ခတ္နိုင္ပါသည္။ က်န္ျမန္မာ့ပင္လယ္ျပင္တြင္ လွိုင္းအသင့္အတင့္မွ လွိုင္းႀကီး မည္။ လွိုင္းအျမင့္မွာ ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔တြင္ (၁၀)ေပမွ (၁၅)ေပခန္႔ႏွင့္ မုတၱမေကြ႕၊ မြန္-တနသၤာရီကမ္းရိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၇)ေပမွ (၉)ေပခန႔္ ရွိနိုင္ပါသည္။

အႀကံျပဳခ်က္

၂။ အဆိုပါ အားအလြန္ေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း “ဘာဘ္ဘယ္”(BULBUL)၏ အရွိန္ ေၾကာင့္ ျပည္တြင္းေလေၾကာင္း ပ်ံသန္းေရး၊ ျမစ္ဝကၽြန္းေပၚ၊ ရခိုင္ကမ္းရိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳ နိုင္ပါရန္ အသိေပးႏွိုးေဆာ္အပ္ပါသည္။

Credit:မိုးဇလ

Unicodeဖြင့်ဖတ်ရန်

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းကြီး၏ နောက်ဆုံးရ သတင်း

ရက်စွဲ။ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်

အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်းအမှတ်စဉ်(၁၆/၂၀၁၉) (၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်) (မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

(၁) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ဘာဘ်ဘယ်”(BULBUL)သည် မြောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL)အဖြစ်သို့‌ ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့(Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၂၀၅) မိုင်ခန့်၊ စာဂါကျွန်း(Sagar Islands) (အနောက်ဘင်္ဂလားပြည်နယ်-West Bengal)၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၂၈၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၃၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ စစ်တွေမြို့(Sittwe)၏ အနောက်တောင်ဘက် ရေမိုင်(၃၅၅)မိုင်ခန့်နှင့် မောင်တောမြို့ (Maungdaw)၏ အနောက်တောင်ဘက် ရေမိုင်(၃၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

(၁) အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL) သည် မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၆.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၆)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၈၆)ဟက်တိုပါစကယ် နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၇၅)မိုင်နှုန်း ဖြစ်ပါသည်။ မုန်တိုင်း၏ လက်ရှိရွေ့လျားနှုန်းမှာ တစ်နာရီလျှင်(၆)မိုင်နှုန်း ဖြစ်ပါသည်။

(ဂ) နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

(၁) အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL)သည် ကနဉီးတွင် မြောက်ဘက်သို့ ရွေ့လျားပြီးနောက် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့ လျားကာ၊ နောက်(၄၈)နာရီအတွင်း အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စာဂါကျွန်း(Sagar Islands)နှင့် ခီပူပါရာမြို့(Khepupara)ကြားမှ ဖြတ် ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဃ) အသိပေးနှိုးဆော်ချက်

(၁) အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်” (BULBUL)၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၄၈)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

(၂) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာ ခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၅၅)မိုင်မှ မိုင်(၆၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီး မည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၅)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

၂။ အဆိုပါ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “ဘာဘ်ဘယ်”(BULBUL)၏ အရှိန် ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Credit:မိုးဇလ

မှတ်ချက်များ