လိုင္းေပၚက ခ်စ္သူက ေတာင္ၾကီးတန္ေဆာင္တိုင္လာဖို႔ ေခၚလို႔ သြားခဲ႔ရာကမေတြ႔ရဘဲ . .ေသဆံုးခဲ႔ရတဲ႔ လူငယ္ေလး
Zawgyiျဖင့္ဖတ္ရန္
သူဘယ္မွာေနလဲ ဘယ္ကလာလဲမသိဘူး႐ွင့္ ကားဂိတ္မွာ လဲေနလို႔ အိမ္ေခၚလာတာပါ ေနမေကာင္းလို႔ ေဆးရံုပို႔ေပးတယ္ တက္ႏိုင္သေလာက္ အေပါင္းသင္းေတြနဲ႔ျပဳစုေပးတယ္ မနက္ကိုးနာရီေလာက္က်ေတာ့ မသက္သာလို႔ ျပန္ျပေပးတယ္
ေဆးရံုတင္ရမယ္ေျပာေတာ့ ကိုလဲဒီလိုျဖစ္မယ္မထင္လို႔ ဘယ္ကမွန္းေတာ့မသိဘူးဆရာရယ္ သူ႔ကိုသက္သာေအာင္ေဆးေလးထိုးေပးပါလား သက္သာရင္ လမ္းစရိတ္ေလး အလႉခံပီးျပန္လႊတ္မယ္ေပါ့ျပန္ေခၚလာတယ္
ေနာက္ဆံုးမသက္သာေတာ့ ပရဟိတအဖြဲ႔နဲ႔ဆက္ပီး ေဆးရံုတင္တယ္ တစ္ခ်ိဳ႕ကကြၽန္မကိုတရားခံ စစ္သလို ေတြ ေမးလာတယ္ႏွလံုးေရာဂါလား အေမာဆို႔တာလား အစာဘဲျပတ္တာလား ရင္ကြဲနာက်တာလားဆိုတာေတာ့ ဟုတ္ကဲ့ ကြၽန္မဆရာဝန္မဟုတ္ဘူး႐ွင့္ အဲ့ဒါေၾကာင့္ေဆးရံုပို႔ေပးတာပါေနာ္
ခုလိုတင္တာလဲ သူ႔မိသားစုနဲ႔အဆက္သြယ္ေလးမ်ားရမလားလို႔ ပီးေတာ့ ေခၚလိုက္တဲ့ေကာင္မသိေစခ်င္လို႔ပါ ကြၽန္မနဲ႔မဆိုင္ပါဘူး ကိုနဲ႔မသိတဲ့လူတစ္ေယာက္ကို လူသားခ်င္းစာနာလို႔ကူညီေပးတာပါ
ဒါေပမယ့္ကိုၿဖိဳးေလးေရ ႐ွင့္ကို ေအာ္လိုက္တဲ့အတြက္စိတ္ထဲမွာ မေကာင္းဘူး မိန္းမတစ္ေယာက္အတြက္နဲ႔ ဘဝပ်က္ခံပီးလိုက္လာတဲ့႐ွင့္ကို ကိုယ့္ေမာင္ေလးလို ဂ႐ုနာေဒါသနဲ႔ေအာ္လိုက္တာပါ နင္စဥ္းစားဥာဏ္ မ႐ွိဘူးလား ဦးေႏွာက္မ႐ွိဘူးလားလို႔ေျပာလိုက္မွိတယ္ မႀကီးရယ္ ကြၽန္ေတာ့ကိုေအာ္လိုက္တာဗ်ာတဲ့ တကယ္စိတ္မေကာင္းဘူး ကိုၿဖိဳးေလးေရ
ဒါေတြက သူ႕ဆီက ေတြ႔ရတဲ႔ ပစၥည္းေတြပါ. . .သူ႔ေကာင္မေလးအတြက္ နားကပ္လုပ္လာတယ္လို႔ ထင္ပါတယ္
ဒါက သူ႔ရဲ႕ အြန္လိုင္းေပၚက ခ်စ္သူပါ. . . အဲ့ဒီမိန္းမကလိုင္းေပၚမွာေတြ႔လို႔သူ႔ကို လာခဲ့ပါဆုိၿပီးေခၚလိုက္တာ ဒီေရာက္ေတာ့ေေ႐ွာင္ေနတယ္ ေကာင္ေလးက ဘယ္မွမသြားတက္ေတာ့ လမ္းမွာလဲေနတာနဲ႔အမတို႔ကေခၚပီး ေဆးရံုပို႔ထားတာ ဒီမနက္ဆံုးသြားပါျပီပီ
ဒါက ေနာက္ဆံုး သူေရးခဲ႔တဲ႔ စာေလးပါ. . .
မိန္းမတစ္ေယာက္ကို ဘာေၾကာင့္ ဒီေလာက္ယံုၾကည္ရတာလဲ ေမာ္ေလးရယ္. . .ျပီးေတာ့ အခ်စ္အတြက္နဲ႔ အသက္ေသ၇တာေတာ့ မတန္ဘူးလို႔ ေျပာခ်င္တယ
ခုေတာ့ ကိုၿဖိဳးေလးဟာ ၇ရက္၁၁လ၂၀၁၉ စပ္စံထြန္းေဆးရံုတြင္ကြယ္လြန္သြားပါသည္ မိဘ ညီကိုေမာင္ႏွမမ်ားအားမသိရပါ ေက်းဇူးျပု၍ share ေပးၾကပါ
Credit:May La Min
Unicodeဖြင့်ဖတ်ရန်
လိုင်းပေါ်က ချစ်သူက တောင်ကြီးတန်ဆောင်တိုင်လာဖို့ ခေါ်လို့ သွားခဲ့ရာကမတွေ့ရဘဲ . .သေဆုံးခဲ့ရတဲ့ လူငယ်လေး
သူဘယ်မှာနေလဲ ဘယ်ကလာလဲမသိဘူးရှင့် ကားဂိတ်မှာ လဲနေလို့ အိမ်ခေါ်လာတာပါ နေမကောင်းလို့ ဆေးရုံပို့ပေးတယ် တက်နိုင်သလောက် အပေါင်းသင်းတွေနဲ့ပြုစုပေးတယ် မနက်ကိုးနာရီလောက်ကျတော့ မသက်သာလို့ ပြန်ပြပေးတယ်
ဆေးရုံတင်ရမယ်ပြောတော့ ကိုလဲဒီလိုဖြစ်မယ်မထင်လို့ ဘယ်ကမှန်းတော့မသိဘူးဆရာရယ် သူ့ကိုသက်သာအောင်ဆေးလေးထိုးပေးပါလား သက်သာရင် လမ်းစရိတ်လေး အလှူခံပီးပြန်လွှတ်မယ်ပေါ့ပြန်ခေါ်လာတယ်
နောက်ဆုံးမသက်သာတော့ ပရဟိတအဖွဲ့နဲ့ဆက်ပီး ဆေးရုံတင်တယ် တစ်ချို့ကကျွန်မကိုတရားခံ စစ်သလို တွေ မေးလာတယ်နှလုံးရောဂါလား အမောဆို့တာလား အစာဘဲပြတ်တာလား ရင်ကွဲနာကျတာလားဆိုတာတော့ ဟုတ်ကဲ့ ကျွန်မဆရာဝန်မဟုတ်ဘူးရှင့် အဲ့ဒါကြောင့်ဆေးရုံပို့ပေးတာပါနော်
ခုလိုတင်တာလဲ သူ့မိသားစုနဲ့အဆက်သွယ်လေးများရမလားလို့ ပီးတော့ ခေါ်လိုက်တဲ့ကောင်မသိစေချင်လို့ပါ ကျွန်မနဲ့မဆိုင်ပါဘူး ကိုနဲ့မသိတဲ့လူတစ်ယောက်ကို လူသားချင်းစာနာလို့ကူညီပေးတာပါ
ဒါပေမယ့်ကိုဖြိုးလေးရေ ရှင့်ကို အော်လိုက်တဲ့အတွက်စိတ်ထဲမှာ မကောင်းဘူး မိန်းမတစ်ယောက်အတွက်နဲ့ ဘဝပျက်ခံပီးလိုက်လာတဲ့ရှင့်ကို ကိုယ့်မောင်လေးလို ဂရုနာဒေါသနဲ့အော်လိုက်တာပါ နင်စဉ်းစားဉာဏ် မရှိဘူးလား ဦးနှောက်မရှိဘူးလားလို့ပြောလိုက်မှိတယ် မကြီးရယ် ကျွန်တော့ကိုအော်လိုက်တာဗျာတဲ့ တကယ်စိတ်မကောင်းဘူး ကိုဖြိုးလေးရေ
ဒါတွေက သူ့ဆီက တွေ့ရတဲ့ ပစ္စည်းတွေပါ. . .သူ့ကောင်မလေးအတွက် နားကပ်လုပ်လာတယ်လို့ ထင်ပါတယ်
ဒါက သူ့ရဲ့ အွန်လိုင်းပေါ်က ချစ်သူပါ. . . အဲ့ဒီမိန်းမကလိုင်းပေါ်မှာတွေ့လို့သူ့ကို လာခဲ့ပါဆိုပြီးခေါ်လိုက်တာ ဒီရောက်တော့ေရှောင်နေတယ် ကောင်လေးက ဘယ်မှမသွားတက်တော့ လမ်းမှာလဲနေတာနဲ့အမတို့ကခေါ်ပီး ဆေးရုံပို့ထားတာ ဒီမနက်ဆုံးသွားပါပြီပီ
ဒါက နောက်ဆုံး သူရေးခဲ့တဲ့ စာလေးပါ. . .
မိန်းမတစ်ယောက်ကို ဘာကြောင့် ဒီလောက်ယုံကြည်ရတာလဲ မော်လေးရယ်. . .ပြီးတော့ အချစ်အတွက်နဲ့ အသက်သေ၇တာတော့ မတန်ဘူးလို့ ပြောချင်တယ
ခုတော့ ကိုဖြိုးလေးဟာ ၇ရက်၁၁လ၂၀၁၉ စပ်စံထွန်းဆေးရုံတွင်ကွယ်လွန်သွားပါသည် မိဘ ညီကိုမောင်နှမများအားမသိရပါ ကျေးဇူးပြု၍ share ပေးကြပါ
Credit:May La Min





မှတ်ချက်များ