Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
မြန်မာအနုပညာရှင်တွေက ဖာ လောက်တောင် လေးစားမခံရဘူးဟု ဆိုကာ ပေါက်ကွဲနေတဲ့ မိုးမိုး
ပရိသတ်ကြီးရေ ၊ မိုးမိုး တစ်ယောက် ကတော့သူကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုကို လူမှုကွန်ရက်ကနေတဆင့်ပြောပြလာပါတယ်။ ” လွန်ခဲ့တဲ့ ၂ ရက်က ပွဲတစ်ပွဲ လှမ်းချိတ်တယ်ကိုယ်ကလဲ အစ်ကိုတစ်ယောက်လိုချစ်ရတဲ့သူကလှမ်းပြောပေးထားလို့ အတတ်နိုင်ဆုံးကူညီပေးနိုင်သမျှ ကူညီပေးဖို့ ဆုံးဖြတ်ထားပါတယ်(သူ ပြောတာလဲ မိုးမိုး လာဆိုပေး တခြားသူတွေလဲချိတ်ပေးလို့ပဲ သေချာပြောတာပါကိုယ်အပါအဝင်လို့ သေချာပြောတာပါ)” ဆိုပြီးပြောပြလာပါတယ်။
ဆက်လက်ပြီး “ဒါနဲ့ ဖုန်းဆက်လာတော့ဘတ်ဂျက် ဘယ်လောက်သုံးပါမယ်ကိုမိုးမိုးနဲ့ အခြား မိန်းကလေးအဆိုတော်တစ်ယောက် နဲ့ လိုချင်ပါတယ် ဆိုလို့ဘယ်သူတွေတော့ ဘယ်လောက်ရှိတယ် ဘာညာပြောပြု အကြံဉာဏ်တွေ ပေး ကူပြုပြောပေးပေါ့လေ ဈေးစကားတွေ ဘာတွေ ညှိပြုပြီးအဆင်ပြေသလောက် အခြေအနေဖြစ်ပြီဆိုကာမှဖုန်းပြန်ဆက်ကြဖို့ ချိန်းကြတယ်
ဒီနေ့တော့ ပွဲကလဲကပ်နေတော့ကိုယ့်ဘက်ကပဲ အခြေအနေ လှမ်းမေးဖို့ဖုန်းခေါ်တယ် ဘာပြောတယ် ထင်လဲဗျ မနေ့ကပဲ ကိုမိုးကို ပြန်ဆက်မလို့တဲ့သူတို့ဘက်က တိုင်ပင်လိုက်ကြတော့မိန်းကလေးအဆိုတော်တွေချည်းပဲ ခေါ်ဖို့ဆုံးဖြတ်လိုက်လို့တဲ့ အဲဒါ ကိုမိုးမိုး ဘယ်လိုကူညီနိုင်မလဲတဲ့ဗျာ… (သူနဲ့က တခါမှမတွေ့ဖူးဘူးနော် အကူညီတောင်းချက်ကြီးကလဲဗျာ)
မိန်းမလိုဝတ်ပြီး သွားဆိုရမလိုလိုတောင်ဖြစ်သွားတယ် လူကို အားမနာရင် နေပါဗျာPro လုပ်နေတဲ့ ကျနော့်အလုပ်လေးကိုတော့လေးစားပေးပါလားဗျကျနော်က အဆိုတော်လေ ပွဲစားမှ မဟုတ်တာကျနော့်ကို ဈေးတွေဘာတွေဆစ်ပြီးမငှားဘဲနေတာလောက်ထိတော့ သည်းခံပေးလို့ရတယ်ကိုယ့်ကိုမငှားဘဲ မိန်းကလေးအဆိုတော်ပဲငှားတော့မယ်ပြောပြီး ဆက်ကူညီပေးဖို့ပြောရဲတာတော့အံ့ဩ လက်လန် ပက်လက်လန် မိပါတယ်
လမ်းမှာဗျာဆိုက်ကားတစ်စင်းတွေ့လိုလှမ်းခေါ်ပြီးဈေးတွေဘာတွေမေး ခင်ဗျားကိုတော့မငှားဘူးတခြား ဆိုက်ကားပဲငှားမယ်ခေါ်ပေးလို့ ပြောကြည့်ပါလားပါးတောင်ဆင်းရိုက်သွားမှာပေါ့ဗျာကြားထဲက လှမ်းပြောပေးတဲ့ အစ်ကိုကလဲကိုယ့်ကိုအားတွေနာ ကိုယ်ကလဲ ကိုယ့်မှမငှားတာဘာဆက်လုပ်ပေးရမလဲ အားတွေနာနဲ့လူလိုမသိတဲ့သူတွေနဲ့ အလုပ်လုပ်ရတာကြားထဲက မိတ်ဆွေတွေတောင်စကားပြောရတာ အိုးတို့အန်းတန်းတွေကိုဖြစ်ရောဪ မြန်မာအနုပညာရှင်လုပ်ရတာလဲ-ာ လောက်တောင် လေးစားမခံရပါလားနော် ကျနော်တို့မှာလဲ အသဲရှိတယ်ဗျကွဲတတ်တယ်အဲ့လောက်တော့ မလုပ်ကြပါနဲ့ဗျ”ဆိုပြီးရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ ၊ အကူအညီတောင်းပြီး အခုလို ပွဲဖျက်တာဟာ အင်မတန်မှ ရိုင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ အခုလို လုပ်ရပ်အတွက် ခံစားလိုက်ရတဲ့ မိုးမိုးအတွက် မှတ်ချက်ပေးခဲ့ကြပါဦး။
share from: burmese.asia


မှတ်ချက်များ