ဇနီးနဲ႔ သားေလးရဲ႕ ပံုေတြကို ပထမဆံုးအၾကိမ္ ထုတ္ျပလိုက္တဲ႔ Gary
Zawgyiျဖင့္ဖတ္ရန္
ေတာင္ကိုရီးယားႏိိုင္ငံရဲ႕ Rapper တစ္ေယာက္ျဖစ္တဲ႔ Gary ဟာဆိုရင္ နာမည္ၾကီး ကုိရီးယားအစီအစဥ္တစ္ခုျဖစ္တဲ႔ Running Man မွာ ပါ၀င္ရိုက္ကူးခဲ႔ျပီးေနာက္ပိုင္းမွာေတာ႔ ႏုိင္ငံတကာက ပရိသတ္ေတြရဲ႕ ၾကိဳက္ႏွစ္သက္အားေပးျခင္းကို တစ္ခဲနက္လက္ခံရရွိခဲ႔သူ ျဖစ္ပါတယ္။ အစီအစဥ္စတင္ရိုက္ကူးခဲ႔တဲ႔ ၂၀၁၀ ခုႏွစ္ေလာက္ကတည္းက ပင္တိုင္အဖဲြ႕၀င္အျဖစ္နဲ႔ ပါ၀င္ရုိက္ကူးခဲ႔တာျဖစ္ျပီး ၂၀၁၇ ခုႏွစ္မွာေတာ႔ အစီအစဥ္ကေန ႏွုတ္ထြက္ခဲ႔ကာ ပရိသတ္ေတြရဲ႕ ျမင္ကြင္းအေရွ႕ကေနလည္း ရုတ္ခ်ည္းဆိုသလိုေပ်ာက္ကြယ္သြားခဲ႔ပါတယ္။
ဒါေပမယ္႔လည္း သိပ္မၾကာခင္မွာပဲ Gary တစ္ေယာက္ အႏုပညာအသိုင္းအ၀ိုင္းထဲကမဟုတ္တဲ႔ ခ်စ္သူမိန္းကေလးနဲ႔ လက္ထပ္လိုက္ျပီဆိုတဲ႔ သတင္းေတြထြက္ရွိ္လာခဲ႔ျပီး သူကိုယ္တိုင္ကလည္း အဲဒီသတင္းမွန္ကန္ေၾကာင္းကို အင္စတာဂရမ္ကေနတဆင္႔ အသိေပးေၾကညာခဲ႔ပါတယ္။
အဲဒီအခါမွာေတာ႔ Gary တစ္ေယာက္ အစီအစဥ္ကေန ထြက္ခြာသြားလို႔ ၀မ္းနည္းေနခဲ႔ၾကတဲ႔ ပရိသတ္ေတြမွာ ရုတ္တရက္ထြက္ေပၚလာတဲ႔ လက္ထပ္သတင္းေၾကာင္႔ အံ႔ၾသထိတ္လန္႔ခဲ႔ၾကရပါတယ္။ Gary က သူ႕ရဲ႕ ခ်စ္သူမိန္းကေလးနဲ႔ လက္ထပ္ျပီးျပီျဖစ္ေၾကာင္း၊ ခ်စ္သူက သူ႕ထက္ အသက္ ၁၀ ႏွစ္ငယ္တဲ႔ အျပင္လူသာမန္မိန္းကေလးတစ္ေယာက္သာျဖစ္ေၾကာင္းနဲ႔ ပရိသတ္ေတြကို ထိတ္လန္႔ေစခဲ႔တဲ႔အတြက္ ေတာင္းပန္ေၾကာင္းကို သူကိုယ္တိုင္ေရးသားျပီး အသိေပးခဲ႔တာ ျဖစ္ပါတယ္။
အဲဒီေနာက္ပိုင္းမွာေတာ႔ ဇနီးသည္က ဘယ္သူဘယ္၀ါျဖစ္တယ္ဆိုတာကို ေဖာ္ထုတ္မျပခဲ႔တဲ႔အျပင္ ကေလးရျပီးခ်ိန္မွာလည္း သားျဖစ္သူရဲဲ႕မ်က္ႏွာကို ထုတ္ျပခဲ႔ျခင္းမရွိပါဘူး။ ဒါေပမယ္႔လည္း လက္ရွိအခ်ိန္မွာေတာ႔ လူအမ်ားကိုထုတ္မျပခဲ႔တဲ႔ ဇနီးျဖစ္သူနဲ႔ သားျဖစ္သူရဲ႕ ပံုရိပ္ေတြကို ပထမဆံုးအၾကိမ္ထုတ္ျပလိုက္ျပီ ျဖစ္ပါတယ္။
အေမရိကန္ျပည္ေထာင္စုရွိ၊ ဟာ၀ိုင္ရီကမ္းေျခကို မိသားစုနဲ႔အတူ အလည္အပတ္ေရာက္ရွိေနတဲ႔ Gary ဟာ သူတို႔ မိသားစုရဲ႕ ခရီးသြားတဲ႔မွတ္တမ္းဗီဒီယိုကို YouTube မွာတင္ခဲ႔ျပီး သူ႕ရဲ႕မိသားစုပံုရိပ္ေတြကို ထုတ္ျပခဲ႔တာျဖစ္ျပီး ဗီဒီယိုထဲမွာလည္း သူူ႕အေနနဲ႔ ဒီလိုမ်ုိးမိသားစုအပန္းေျဖခရီးကို တစ္ႏွစ္မွာ အနည္းဆံုး ႏွစ္ေခါက္ (သို႔မဟုတ္) သံုးေခါက္သြားဖို႔အတြက္ ဆံုးျဖတ္ထားေၾကာင္း ေျပာခဲ႔ပါတယ္။
ဆက္လက္ျပီး သူတို႔လင္မယားဟာ အလုပ္ကိစၥေတြနဲ႔ မအားလပ္တာေၾကာင္႔ ဒီလိုမ်ိုးခရီးရွည္မထြက္ခဲ႔ဖူးေၾကာင္း၊ ဒါေၾကာင္႔ အားလပ္ရက္ရွည္ယူျပီး ဟာ၀ိုင္ရီကို လာေရာက္ၾကတာျဖစ္ေၾကာင္းနဲ႔ သူတို႔မိသားစုဟာ ဟာ၀ိုင္ရီမွာ ၁ လနီးပါးမွ် ေနထိုင္ၾကမွာျဖစ္ေၾကာင္းကိုလည္း ေျပာခဲ႔ပါေသးတယ္။
အိမ္ေထာင္သက္တမ္း ၃ ႏွစ္နီးပါးမွ်ရွိေနျပီျဖစ္တဲ႔ Gary တို႔ ဇနီးေမာင္ႏွံဟာ အခုဆိုရင္ ၂ ႏွစ္အရြယ္ သားေလးတစ္ေယာက္ပိုင္ဆိုင္ရရွိထားတာျဖစ္ျပီး အရင္တုန္းက Gary အေနနဲ႔ သားျဖစ္သူရဲ႕ ပံုေတြကို လူမွုကြန္ရက္ေပၚေ၀မွ်ခဲ႔ေပမယ္႔လည္း ကေလးရဲ႕ မ်က္ႏွာကိုေတာ႔ ထုတ္ျပခဲ႔ျခင္းမရွိပါဘူး။
Ref : SBS Star
Credit:Mia (Momolay)
Unicodeဖြင့်ဖတ်ရန်
ဇနီးနဲ့ သားလေးရဲ့ ပုံတွေကို ပထမဆုံးအကြိမ် ထုတ်ပြလိုက်တဲ့ Gary
တောင်ကိုရီးယားနိုင်ငံရဲ့ Rapper တစ်ယောက်ဖြစ်တဲ့ Gary ဟာဆိုရင် နာမည်ကြီး ကိုရီးယားအစီအစဉ်တစ်ခုဖြစ်တဲ့ Running Man မှာ ပါဝင်ရိုက်ကူးခဲ့ပြီးနောက်ပိုင်းမှာတော့ နိုင်ငံတကာက ပရိသတ်တွေရဲ့ ကြိုက်နှစ်သက်အားပေးခြင်းကို တစ်ခဲနက်လက်ခံရရှိခဲ့သူ ဖြစ်ပါတယ်။ အစီအစဉ်စတင်ရိုက်ကူးခဲ့တဲ့ ၂၀၁၀ ခုနှစ်လောက်ကတည်းက ပင်တိုင်အဖွဲ့ဝင်အဖြစ်နဲ့ ပါဝင်ရိုက်ကူးခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာတော့ အစီအစဉ်ကနေ နှုတ်ထွက်ခဲ့ကာ ပရိသတ်တွေရဲ့ မြင်ကွင်းအရှေ့ကနေလည်း ရုတ်ချည်းဆိုသလိုပျောက်ကွယ်သွားခဲ့ပါတယ်။
ဒါပေမယ့်လည်း သိပ်မကြာခင်မှာပဲ Gary တစ်ယောက် အနုပညာအသိုင်းအဝိုင်းထဲကမဟုတ်တဲ့ ချစ်သူမိန်းကလေးနဲ့ လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်ရှိလာခဲ့ပြီး သူကိုယ်တိုင်ကလည်း အဲဒီသတင်းမှန်ကန်ကြောင်းကို အင်စတာဂရမ်ကနေတဆင့် အသိပေးကြေညာခဲ့ပါတယ်။
အဲဒီအခါမှာတော့ Gary တစ်ယောက် အစီအစဉ်ကနေ ထွက်ခွာသွားလို့ ဝမ်းနည်းနေခဲ့ကြတဲ့ ပရိသတ်တွေမှာ ရုတ်တရက်ထွက်ပေါ်လာတဲ့ လက်ထပ်သတင်းကြောင့် အံ့သြထိတ်လန့်ခဲ့ကြရပါတယ်။ Gary က သူ့ရဲ့ ချစ်သူမိန်းကလေးနဲ့ လက်ထပ်ပြီးပြီဖြစ်ကြောင်း၊ ချစ်သူက သူ့ထက် အသက် ၁၀ နှစ်ငယ်တဲ့ အပြင်လူသာမန်မိန်းကလေးတစ်ယောက်သာဖြစ်ကြောင်းနဲ့ ပရိသတ်တွေကို ထိတ်လန့်စေခဲ့တဲ့အတွက် တောင်းပန်ကြောင်းကို သူကိုယ်တိုင်ရေးသားပြီး အသိပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဇနီးသည်က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ဖော်ထုတ်မပြခဲ့တဲ့အပြင် ကလေးရပြီးချိန်မှာလည်း သားဖြစ်သူရဲ့မျက်နှာကို ထုတ်ပြခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ လူအများကိုထုတ်မပြခဲ့တဲ့ ဇနီးဖြစ်သူနဲ့ သားဖြစ်သူရဲ့ ပုံရိပ်တွေကို ပထမဆုံးအကြိမ်ထုတ်ပြလိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရှိ၊ ဟာဝိုင်ရီကမ်းခြေကို မိသားစုနဲ့အတူ အလည်အပတ်ရောက်ရှိနေတဲ့ Gary ဟာ သူတို့ မိသားစုရဲ့ ခရီးသွားတဲ့မှတ်တမ်းဗီဒီယိုကို YouTube မှာတင်ခဲ့ပြီး သူ့ရဲ့မိသားစုပုံရိပ်တွေကို ထုတ်ပြခဲ့တာဖြစ်ပြီး ဗီဒီယိုထဲမှာလည်း သူူ့အနေနဲ့ ဒီလိုမျိုးမိသားစုအပန်းဖြေခရီးကို တစ်နှစ်မှာ အနည်းဆုံး နှစ်ခေါက် (သို့မဟုတ်) သုံးခေါက်သွားဖို့အတွက် ဆုံးဖြတ်ထားကြောင်း ပြောခဲ့ပါတယ်။
ဆက်လက်ပြီး သူတို့လင်မယားဟာ အလုပ်ကိစ္စတွေနဲ့ မအားလပ်တာကြောင့် ဒီလိုမျိုးခရီးရှည်မထွက်ခဲ့ဖူးကြောင်း၊ ဒါကြောင့် အားလပ်ရက်ရှည်ယူပြီး ဟာဝိုင်ရီကို လာရောက်ကြတာဖြစ်ကြောင်းနဲ့ သူတို့မိသားစုဟာ ဟာဝိုင်ရီမှာ ၁ လနီးပါးမျှ နေထိုင်ကြမှာဖြစ်ကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။
အိမ်ထောင်သက်တမ်း ၃ နှစ်နီးပါးမျှရှိနေပြီဖြစ်တဲ့ Gary တို့ ဇနီးမောင်နှံဟာ အခုဆိုရင် ၂ နှစ်အရွယ် သားလေးတစ်ယောက်ပိုင်ဆိုင်ရရှိထားတာဖြစ်ပြီး အရင်တုန်းက Gary အနေနဲ့ သားဖြစ်သူရဲ့ ပုံတွေကို လူမှုကွန်ရက်ပေါ်ဝေမျှခဲ့ပေမယ့်လည်း ကလေးရဲ့ မျက်နှာကိုတော့ ထုတ်ပြခဲ့ခြင်းမရှိပါဘူး။
Ref : SBS Star
Credit:Mia (Momolay)



မှတ်ချက်များ