က်ဳံဒိုးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ လုံၿခဳံေရးရဲကင္းလွည့္ ကားအား လက္ပစ္ဗုံး ပစ္သြင္းသြားသျဖင့္ ၄ဦး ေသဆုံး




Zawgyi ျဖင့္ဖတ္ရန္

က်ဳံဒိုးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ လုံၿခဳံေရးရဲကင္းလွည့္ ကားကို ႏိုဝင္ဘာ ၁၁ ရက္ ည ၈:၃၀ ေလာက္မွာ ဆိုင္ကယ္ စီးနင္းလာသူတစ္ဦးက လက္ပစ္ဗုံး ပစ္သြင္းသြားလို႔ ၄ဦး ေသဆုံး သြားတယ္လို႔ သိရပါတယ္။

က်ဳံဒို ၿမိဳ႕ တန္ေဆာင္တိုင္ပြဲ ေတာ္က်င္းပေနတဲ့ က်ဳံဒိုး ေဈးပိုင္းထိပ္ ေနရာမွာ က်ဳံဒိုး ရဲစန္းမွ လုံၿခဳံေရးယာဥ္ျဖင့္ လွည့္လည့္ေနစဥ္ ဆိုင္ကယ္စီးနင္းလာသူက လုံၿခဳံေရး ယာဥ္ေနာက္ခန္း တြင္းကို လက္ပစ္ဗုံးလို႔ ယူဆရတဲ့ေပါက္ကြဲ ပစၥည္း ပစ္သြင္းခဲ့တာပါ။ အဲ့ဒီလို ပစ္သြင္းခဲ့တဲ့အတြက္ ရဲ ကားအတြင္း ေပါက္ကြဲမႈ ျဖစ္ခဲ့ၿပီး



ရဲကားေပၚလိုက္ပါလာတဲ့ ရဲ ၂ ေယာက္နဲ႔ အနီးရွိ အရပ္သား ၂ ေယာက္ ေသဆုံးခဲ့ပါတယ္။ ၁၀ဦးခန႔္ ဒဏ္ရာရရွိၿပီး ျပင္းထန္ဒဏ္ရာ ရရွိသူ က်ဳံဒိုး ၏ရဲစခန္းမႈး အပါအဝင္ အျခားသူေတြကို ဘားအံေဆး႐ုံသို႔ လႊဲေျပာင္း ကုသရန္ ျပင္ဆင္ေနတယ္လို႔ ပြဲေတာ္က်င္းပေရး စီစဥ္ ေနသူေတြဆီက သိရပါတယ္။

ေပါက္ကြဲမႈနဲ႔ ပတ္သက္ၿပီး ကရင္ျပည္နယ္ ရဲတပ္ဖြဲ႕ မႈးႀကီး ေမာင္ျမတ္မိုးနဲ႔ နယ္ေျမခံ အပစ္ရပ္အဖြဲ႕ေတြပူးေပါင္းၿပီး လိုက္လံ ရွာ ေဖြစစ္ေဆးေနၿပီး ဖမ္းစီး က်ဴးလြန္သူကို ဖမ္းဆီးႏိုင္ဖို႔ ေဆာင္႐ြက္ေန ေနတယ္လို႔ သိရပါတယ္။

share from : burmese.asia



Unicode ဖြင့်ဖတ်ရန်

ကျုံဒိုးမြို့ တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးရဲကင်းလှည့် ကားအား လက်ပစ်ဗုံး ပစ်သွင်းသွားသဖြင့် ၄ဦး သေဆုံး



ကျုံဒိုးမြို့ တန်ဆောင်တိုင်ပွဲတော် လုံခြုံရေးရဲကင်းလှည့် ကားကို နိုဝင်ဘာ ၁၁ ရက် ည ၈:၃၀ လောက်မှာ ဆိုင်ကယ် စီးနင်းလာသူတစ်ဦးက လက်ပစ်ဗုံး ပစ်သွင်းသွားလို့ ၄ဦး သေဆုံး သွားတယ်လို့ သိရပါတယ်။

ကျုံဒို မြို့ တန်ဆောင်တိုင်ပွဲ တော်ကျင်းပနေတဲ့ ကျုံဒိုး ဈေးပိုင်းထိပ် နေရာမှာ ကျုံဒိုး ရဲစန်းမှ လုံခြုံရေးယာဉ်ဖြင့် လှည့်လည့်နေစဉ် ဆိုင်ကယ်စီးနင်းလာသူက လုံခြုံရေး ယာဉ်နောက်ခန်း တွင်းကို လက်ပစ်ဗုံးလို့ ယူဆရတဲ့ပေါက်ကွဲ ပစ္စည်း ပစ်သွင်းခဲ့တာပါ။ အဲ့ဒီလို ပစ်သွင်းခဲ့တဲ့အတွက် ရဲ ကားအတွင်း ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး



ရဲကားပေါ်လိုက်ပါလာတဲ့ ရဲ ၂ ယောက်နဲ့ အနီးရှိ အရပ်သား ၂ ယောက် သေဆုံးခဲ့ပါတယ်။ ၁၀ဦးခန့် ဒဏ်ရာရရှိပြီး ပြင်းထန်ဒဏ်ရာ ရရှိသူ ကျုံဒိုး ၏ရဲစခန်းမှုး အပါအဝင် အခြားသူတွေကို ဘားအံဆေးရုံသို့ လွှဲပြောင်း ကုသရန် ပြင်ဆင်နေတယ်လို့ ပွဲတော်ကျင်းပရေး စီစဉ် နေသူတွေဆီက သိရပါတယ်။

ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် ရဲတပ်ဖွဲ့ မှုးကြီး မောင်မြတ်မိုးနဲ့ နယ်မြေခံ အပစ်ရပ်အဖွဲ့တွေပူးပေါင်းပြီး လိုက်လံ ရှာ ဖွေစစ်ဆေးနေပြီး ဖမ်းစီး ကျူးလွန်သူကို ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေ နေတယ်လို့ သိရပါတယ်။

share from : burmese.asia



မှတ်ချက်များ