ခ်မ္းသာတဲ့သူမ်ားအတြက္ နယူးေယာက္တြင္ ေ႐ႊမႈန္ႀကဲထားသည့္ ၾကက္ေတာင္ပံေၾကာ္မ်ား ေရာင္းခ်
Zawgyi ျဖင့္ဖတ္ရန္
အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ မန္ဟတ္တန္ရပ္ကြက္ထဲ ေနရာႏွစ္ခုက “TheAinstworth” စားေသာက္ဆိုင္ႏွစ္ဆိုင္ဟာ ၂၄ ကာရက္ ေ႐ႊမႈန္ႀကဲထားတဲ့ ၾကက္ေတာင္ပံေၾကာ္ေတြကို ေရာင္းခ်ေနပါတယ္။
“စားလို႔ရတဲ့ ေ႐ႊဟာ အစားအေသာက္ ေလာကထဲမွာ ရွိေနခဲ့ၿပီးပါၿပီ၊ ရွမ္ပိန္ထဲမွာ ေ႐ႊပါတယ္ေပါ့။ ဒီအေျခခံကိုယူၿပီး ၾကက္ေတာင္ပံေၾကာ္ေပၚ ေ႐ႊမႈန႔္ သုံးလိုက္တာပါ။ ေနာက္အဆင့္တခုကို သြားလိုက္တဲ့သေဘာပါ” လို႔ စားေသာက္ဆိုင္ပိုင္ရွင္ ဘ႐ိုင္ယန္ မတ္ဇာက ေျပာပါတယ္။
ေ႐ႊၾကက္ေတာင္ပံကို ဆားရည္နဲ႔ ၁၂ နာရီ စိမ္ပါတယ္။ အဲဒီေနာက္ ေ႐ႊေထာပတ္နဲ႔ နယ္ပါတယ္။ ေတာင္ပံရဲ႕ အနံ႔အရသာကို မကၠဆီကန္ပ်ားရည္ေဆာ့စ္နဲ႔ ျပင္ပါတယ္။ အဲဒါေတြၿပီးတဲ့အခါ စားဖိုမႉးက ေမွာ္ပညာနဲ႔ ထိေတြ႕ၿပီး ေ႐ႊသုတ္လိုက္တာပါလို႔ သူက ဆက္ေျပာပါတယ္။
ၾကက္ေတာင္ပံေၾကာ္ဟာ အျပင္ပိုင္းမွာ ခ်ဲ႕ကား ျပင္ဆင္ထားေပမယ့္ ခ်က္ဖို႔ ျပင္ဆင္ပုံက နယ္ဖတ္ ေၾကာ္ၿပီး ေဆာ့စ္နဲ႔ လိမ္းတာကအစ သမား႐ိုးက် အေတာ္ဆန္ပါတယ္။
“ေ႐ႊပါေတာ့ စားေနပုံကို အင္စတာဂရမ္လို လူမႈကြန္ရက္ေပၚ တင္လို႔ေကာင္းတယ္၊ ဒါဟာ တကယ္ ဟတ္ (Heart) ထိတယ္လို႔ ေက်နာ္ ခံစားရတယ္။ လူအမ်ားအျပားက အခု ေ႐ႊေတြ ဝတ္လာၾကၿပီ။ ေငြေတြ ပလက္တီနမ္ေတြဘက္ကို က်ေနာ္ မသြားခ်င္ဘူး” လို႔လည္း ဆိုင္ရွင္က ေျပာပါတယ္။
စားသုံးသူ တေယာက္က “အရသာက ဟင္းနဲ႔ နည္းနည္းဆင္တယ္လို႔ထင္တယ္။ ဒါေပမယ့္ အလြန္အကြၽံေတာ့ မဟုတ္ဘူး။ တကယ္ႏူးညံ့တယ္၊ တကယ့္ကို အရသာရွိတယ္” လို႔ ေျပာပါတယ္။ဒီစားေသာက္ဆိုင္ဟာ ၾကက္ေတာင္ပံေၾကာ္ ဆယ္ခုကို အေမရိကန္ေဒၚလာ ၄၅ ေဒၚလာနဲ႔ ေရာင္းေနပါတယ္။
share from : xyznews
Unicode ဖြင့်ဖတ်ရန်
ချမ်းသာတဲ့သူများအတွက် နယူးယောက်တွင် ရွှေမှုန်ကြဲထားသည့် ကြက်တောင်ပံကြော်များ ရောင်းချ
အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟတ်တန်ရပ်ကွက်ထဲ နေရာနှစ်ခုက “TheAinstworth” စားသောက်ဆိုင်နှစ်ဆိုင်ဟာ ၂၄ ကာရက် ရွှေမှုန်ကြဲထားတဲ့ ကြက်တောင်ပံကြော်တွေကို ရောင်းချနေပါတယ်။
“စားလို့ရတဲ့ ရွှေဟာ အစားအသောက် လောကထဲမှာ ရှိနေခဲ့ပြီးပါပြီ၊ ရှမ်ပိန်ထဲမှာ ရွှေပါတယ်ပေါ့။ ဒီအခြေခံကိုယူပြီး ကြက်တောင်ပံကြော်ပေါ် ရွှေမှုန့် သုံးလိုက်တာပါ။ နောက်အဆင့်တခုကို သွားလိုက်တဲ့သဘောပါ” လို့ စားသောက်ဆိုင်ပိုင်ရှင် ဘရိုင်ယန် မတ်ဇာက ပြောပါတယ်။
ရွှေကြက်တောင်ပံကို ဆားရည်နဲ့ ၁၂ နာရီ စိမ်ပါတယ်။ အဲဒီနောက် ရွှေထောပတ်နဲ့ နယ်ပါတယ်။ တောင်ပံရဲ့ အနံ့အရသာကို မက္ကဆီကန်ပျားရည်ဆော့စ်နဲ့ ပြင်ပါတယ်။ အဲဒါတွေပြီးတဲ့အခါ စားဖိုမှူးက မှော်ပညာနဲ့ ထိတွေ့ပြီး ရွှေသုတ်လိုက်တာပါလို့ သူက ဆက်ပြောပါတယ်။
ကြက်တောင်ပံကြော်ဟာ အပြင်ပိုင်းမှာ ချဲ့ကား ပြင်ဆင်ထားပေမယ့် ချက်ဖို့ ပြင်ဆင်ပုံက နယ်ဖတ် ကြော်ပြီး ဆော့စ်နဲ့ လိမ်းတာကအစ သမားရိုးကျ အတော်ဆန်ပါတယ်။
“ရွှေပါတော့ စားနေပုံကို အင်စတာဂရမ်လို လူမှုကွန်ရက်ပေါ် တင်လို့ကောင်းတယ်၊ ဒါဟာ တကယ် ဟတ် (Heart) ထိတယ်လို့ ကျေနာ် ခံစားရတယ်။ လူအများအပြားက အခု ရွှေတွေ ဝတ်လာကြပြီ။ ငွေတွေ ပလက်တီနမ်တွေဘက်ကို ကျနော် မသွားချင်ဘူး” လို့လည်း ဆိုင်ရှင်က ပြောပါတယ်။
စားသုံးသူ တယောက်က “အရသာက ဟင်းနဲ့ နည်းနည်းဆင်တယ်လို့ထင်တယ်။ ဒါပေမယ့် အလွန်အကျွံတော့ မဟုတ်ဘူး။ တကယ်နူးညံ့တယ်၊ တကယ့်ကို အရသာရှိတယ်” လို့ ပြောပါတယ်။ဒီစားသောက်ဆိုင်ဟာ ကြက်တောင်ပံကြော် ဆယ်ခုကို အမေရိကန်ဒေါ်လာ ၄၅ ဒေါ်လာနဲ့ ရောင်းနေပါတယ်။
share from : xyznews

မှတ်ချက်များ