တစ္ဦးတည္းေသာ သားသမီးမ်ား အဝလြန္ႏုိင္ေျခပုိမ်ားဟု သုေတသနပညာရွင္မ်ားဆုိ
Zawgyiျဖင့္ဖတ္ရန္
တကယ္လုိ႔ သင္ဟာ တစ္ဦးတည္းေသာ သားသမီးျဖစ္ေနတယ္ဆုိရင္ သင္ဟာ ဝႏုိင္ေျခပုိမ်ားသူတစ္ေယာက္ ျဖစ္ေနၿပီလုိ႔ ဆုိရမွာပါ။ ဒီလုိ အခုိင္အမာသက္ေသျပႏုိင္ဖုိ႔အတြက္ သုေတသနပညာရွင္ေတြက ႀကိဳးစားခဲ့ၾကၿပီး၊ တစ္ဦးတည္းေသာ သားသမီးေတြဟာ တစ္ျခား ညီစုံညီမစုံ ကေလးေတြထက္ ပိုၿပီး အဝလြန္ႏုိင္ေျခရွိတယ္ဆုိတာကို ေတြ႕ရွိခဲ့တာပါ။
ဒီေလ့လာေတြ႕ရွိမႈကို Journal of Nutrition Education And Behaviour မွာ ေဖာ္ျပထားတာျဖစ္ၿပီး၊ တစ္ဦးတည္းေသာသားသမီးေတြဟာ မိသားစုရဲ႕ ျမင္သာေစတဲ့ အစိတ္အပိုင္းတစ္ခု ျဖစ္လာၿပီး၊ မက်န္းမာတဲ့ အစားအစာေတြကို ပုိစားတဲ့သေဘာကုိ ေတြ႕ရွိရတယ္လုိ႔ သိရပါတယ္။
တစ္ဦးေသာကေလးပုိင္ဆုိင္ထားတဲ့ မိဘေတြကလည္း သၾကားဓာတ္လြန္ကဲတဲ့ အခ်ိဳရည္ေတြကို စိတ္တုိင္းက် ခြင့္ျပဳၾကပါသတဲ့။ ကေလးတစ္ေယာက္ထက္ ပိုတဲ့ မိသားစုဝင္ေတြက်ေတာ့ မိသားစုအစားအစာကိစၥကို စနစ္တက် စီစဥ္ၾကေလ့ရွိၿပီး၊ မက်န္းမာတဲ့ အစားအစာေတြထက္ သင့္တင့္တဲ့အစားအစာနဲ႔ ကေလးေတြကုိ ႀကီး့ျပင္းလာေစတယ္လုိ႔ ဆုိပါတယ္။
ဒီလုိ တိက်တဲ့ သုေတသနျပဳႏုိင္ဖုိ႔ သိပၸံပညာရွင္ေတြဟာ ကေလး (၆၂)ေယာက္ကို ေလ့လာခဲ့တာပါ။ အဲဒီကေလးေတြကေတာ့ အသက္(၅)ႏွစ္ကေန (၇)ႏွစ္အတြင္းျဖစ္ၾကၿပီး၊ မိသားစုေတြ အဓိကအားထားတဲ့ အစားအစာေတြနဲ႔ သူတုိ႔ေသာက္သုံးတဲ့ ေသာက္စရာေတြကို စာရင္းျပဳစုခဲ့ပါတယ္။ ေနာက္ၿပီး ကေလးေတြနဲ႔ အနီးစပ္ဆုံးျဖစ္တဲ့ ဆရာ/မေတြကုိလည္း စစ္တမ္းရယူခဲ့ပါတယ္။
ကေလးေတြ ေက်ာင္းမွာ ဘယ္လုိအစားအစာေတြ စားသလဲဆုိတာကုိ ဆရာ/မေတြက သေဘာထားမွတ္ခ်က္ေတြ ေပးခဲ့တာပါ။ ဒီလုုိ စနစ္တက် စမ္းတမ္းျပဳလုပ္လုိက္တဲ့အခါ တစ္ဦးတည္းေသာ သားသမီးေတြဟာ အခ်ိဳဓာတ္၊ အဆီဓာတ္လြန္ကဲတဲ့ အစားအစာေတြကို သဘာဝအားျဖင့္ ပုိႀကိဳက္ေနၾကၿပီး၊ သူတုိ႔ဟာ မၾကာမီမွာ ဝလာႏုိင္ေျခ တစ္ျခားကေလးေတြထက္ ပုိမ်ားေနတာကို ေတြ႕ရွိခဲ့ရပါတယ္။
ေနာက္ထပ္ေတြ႕ရွိခ်က္ကေတာ့ ေက်ာင္းမွာထက္၊ အိမ္မွာ ကေလးေတြက ဝလာႏုိင္ေျခရွိတဲ့ အစားအစာေတြကို ပုိစားၾကေၾကာင္း ေတြ႕ရွိခဲ့ရၿပီး၊ ဒီလုိ အစားအစာေတြကုိလည္း တစ္ဦးတည္းေသာ သားသမီးေတြက သာမန္ ကေလးေတြထက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ ပိုစားၾကေလ့ရွိတယ္လုိ႔ CNN သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
University of Oklahoma တကၠသုိလ္မွ ဦးေဆာင္သုေတသနျပဳသူ Chelsea Kracht က ကေလးမိဘေတြေကာ၊ ကေလးေတြေကာ ဘယ္လုိက်န္းမာတဲ့ အစားအစာေတြကုိ စားသင့္တယ္၊ ဘယ္လုိ အစားအစာေတြကိုေတာ့ မစားသင့္ဘူးဆုိတဲ့ အသိပညာမ်ိဳးကို ငယ္ငယ္ကတည္းက၊ ေစာေစာကတည္းက တိတိက်က် သိထားရင္ ကေလးေတြ အဝလြန္ႏုိင္ေျခကုိ ေလွ်ာ့ခ်ႏုိင္မွာျဖစ္ေၾကာင္း အႀကံေပးခဲ့ပါတယ္။
လင္းေဇာ္ကို
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
တစ်ဦးတည်းသော သားသမီးများ အဝလွန်နိုင်ခြေပိုများဟု သုတေသနပညာရှင်များဆို
တကယ်လို့ သင်ဟာ တစ်ဦးတည်းသော သားသမီးဖြစ်နေတယ်ဆိုရင် သင်ဟာ ဝနိုင်ခြေပိုများသူတစ်ယောက် ဖြစ်နေပြီလို့ ဆိုရမှာပါ။ ဒီလို အခိုင်အမာသက်သေပြနိုင်ဖို့အတွက် သုတေသနပညာရှင်တွေက ကြိုးစားခဲ့ကြပြီး၊ တစ်ဦးတည်းသော သားသမီးတွေဟာ တစ်ခြား ညီစုံညီမစုံ ကလေးတွေထက် ပိုပြီး အဝလွန်နိုင်ခြေရှိတယ်ဆိုတာကို တွေ့ရှိခဲ့တာပါ။
ဒီလေ့လာတွေ့ရှိမှုကို Journal of Nutrition Education And Behaviour မှာ ဖော်ပြထားတာဖြစ်ပြီး၊ တစ်ဦးတည်းသောသားသမီးတွေဟာ မိသားစုရဲ့ မြင်သာစေတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး၊ မကျန်းမာတဲ့ အစားအစာတွေကို ပိုစားတဲ့သဘောကို တွေ့ရှိရတယ်လို့ သိရပါတယ်။
တစ်ဦးသောကလေးပိုင်ဆိုင်ထားတဲ့ မိဘတွေကလည်း သကြားဓာတ်လွန်ကဲတဲ့ အချိုရည်တွေကို စိတ်တိုင်းကျ ခွင့်ပြုကြပါသတဲ့။ ကလေးတစ်ယောက်ထက် ပိုတဲ့ မိသားစုဝင်တွေကျတော့ မိသားစုအစားအစာကိစ္စကို စနစ်တကျ စီစဉ်ကြလေ့ရှိပြီး၊ မကျန်းမာတဲ့ အစားအစာတွေထက် သင့်တင့်တဲ့အစားအစာနဲ့ ကလေးတွေကို ကြီး့ပြင်းလာစေတယ်လို့ ဆိုပါတယ်။
ဒီလို တိကျတဲ့ သုတေသနပြုနိုင်ဖို့ သိပ္ပံပညာရှင်တွေဟာ ကလေး (၆၂)ယောက်ကို လေ့လာခဲ့တာပါ။ အဲဒီကလေးတွေကတော့ အသက်(၅)နှစ်ကနေ (၇)နှစ်အတွင်းဖြစ်ကြပြီး၊ မိသားစုတွေ အဓိကအားထားတဲ့ အစားအစာတွေနဲ့ သူတို့သောက်သုံးတဲ့ သောက်စရာတွေကို စာရင်းပြုစုခဲ့ပါတယ်။ နောက်ပြီး ကလေးတွေနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ဆရာ/မတွေကိုလည်း စစ်တမ်းရယူခဲ့ပါတယ်။
ကလေးတွေ ကျောင်းမှာ ဘယ်လိုအစားအစာတွေ စားသလဲဆိုတာကို ဆရာ/မတွေက သဘောထားမှတ်ချက်တွေ ပေးခဲ့တာပါ။ ဒီလို စနစ်တကျ စမ်းတမ်းပြုလုပ်လိုက်တဲ့အခါ တစ်ဦးတည်းသော သားသမီးတွေဟာ အချိုဓာတ်၊ အဆီဓာတ်လွန်ကဲတဲ့ အစားအစာတွေကို သဘာဝအားဖြင့် ပိုကြိုက်နေကြပြီး၊ သူတို့ဟာ မကြာမီမှာ ဝလာနိုင်ခြေ တစ်ခြားကလေးတွေထက် ပိုများနေတာကို တွေ့ရှိခဲ့ရပါတယ်။
နောက်ထပ်တွေ့ရှိချက်ကတော့ ကျောင်းမှာထက်၊ အိမ်မှာ ကလေးတွေက ဝလာနိုင်ခြေရှိတဲ့ အစားအစာတွေကို ပိုစားကြကြောင်း တွေ့ရှိခဲ့ရပြီး၊ ဒီလို အစားအစာတွေကိုလည်း တစ်ဦးတည်းသော သားသမီးတွေက သာမန် ကလေးတွေထက် နှစ်နှစ်ခြိုက်ခြိုက် ပိုစားကြလေ့ရှိတယ်လို့ CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
University of Oklahoma တက္ကသိုလ်မှ ဦးဆောင်သုတေသနပြုသူ Chelsea Kracht က ကလေးမိဘတွေကော၊ ကလေးတွေကော ဘယ်လိုကျန်းမာတဲ့ အစားအစာတွေကို စားသင့်တယ်၊ ဘယ်လို အစားအစာတွေကိုတော့ မစားသင့်ဘူးဆိုတဲ့ အသိပညာမျိုးကို ငယ်ငယ်ကတည်းက၊ စောစောကတည်းက တိတိကျကျ သိထားရင် ကလေးတွေ အဝလွန်နိုင်ခြေကို လျှော့ချနိုင်မှာဖြစ်ကြောင်း အကြံပေးခဲ့ပါတယ်။
လင်းဇော်ကို
Credit:Shwemom


မှတ်ချက်များ