ေပါင္(၂၀)ေက်ာ္ကို ၁၂ ပတ္အတြင္းခ်ခဲ့တဲ့နည္းလမ္းကိုေျပာျပခဲ႔တဲ႔ အမ်ိဳးသား


Zawgyiျဖင့္ဖတ္ရန္

အိုကလာဟိုးမားျပည္နယ္က ဟန္တာေဟာ့ဘ္ အမည္ရိွ အမ်ိဳးသားဟာ (၁၂)ပတ္အတြင္း ခႏၶာကိုယ္ ေျပာင္းလဲႏုိင္ခဲ့မႈကို အဆင့္ဆင့္႐ိုက္ျပထားတဲ့ ဗီဒီယိုကို ေဝမွ်ခဲ့ျပီး (၄၂)ေပါင္က်ေအာင္ လုပ္ခဲ့တဲ့ နည္းလမ္းေျပာျပခဲ့ပါတယ္။

(၃)လအတြင္း ဟန္တာဟာ ဝိတ္မျခင္းနဲ႔ ကာဒီယုိေလ့က်င့္ခန္းေတြ ပံုမွန္လုပ္ျပီး (၂၀၂)ေပါင္မွ ေပါင္ (၁၆၀)သို႔ က်သြားခဲ့တာပါ။ ျပဳျပင္ေျပာင္းလဲတဲ့ကာလအတြင္းမွာ ဟန္တာက သူ႔ခႏၶာကိုယ္ တိုးတက္လာမႈအဆင့္ဆင့္ကို ေန႔တုိင္းဓာတ္ပံု႐ိုက္ထားခဲ့ပါတယ္။ ေနာက္ဆံုးမွာ ပံုအကုန္လံုးကို ေပါင္းျပီး (၅၅)စကၠန္႔စာ ဗီဒီယုိနဲ႔ျပခဲ့ပါတယ္။ ရက္ေတြၾကာလာတာနဲ႔အမွ် သူ႔ဗုိက္က ခ်ပ္လာခဲ့ျပီး (၉၁)ၾကာျပီးေနာက္မွာေတာ့ ဝမ္းဗိုက္ၾကြက္သားေတြပါ ေပၚလာခဲ့ပါတယ္။

အဲ့လိုျဖစ္လာဖို႔ သူျပဳလုပ္ခဲ့တဲ့ေလ့က်င့္ခန္းနဲ႔ စားေသာက္ပံုေတြကို ေျပာျပခဲ့ပါတယ္။ တစ္ပတ္မွာ (၆)ရက္ gym ကစားခဲ့ျပီး အေလးမျခင္းကို အဓိကလုပ္ခဲ့ပါတယ္။ ရက္ေတြၾကာလာတာနဲ႔အမွ် ပိုေလးတဲ့အေလးတံုးေတြကို ေျပာင္းမခဲ့ျပီး သံုးလျပည့္ခါနီးမွာေတာ့ ေပါ့တဲ့အေလးေတြကို ေျပာင္းလိုက္ကာ အျမန္ႏႈန္းကို တိုးလိုက္ပါတယ္။ သူ႔အလုပ္က ႐ံုးထိုင္အလုပ္ျဖစ္တာေၾကာင့္ ေန႔ဘက္ေတြမွာ လႈပ္ရွားမႈနည္းတဲ့အတြက္ တစ္ေန႔ကို ကာဒီယုိေလ့က်င့္ခန္း မိနစ္ (၂၀)မွ (၃၀)အထိလည္း ျပဳလုပ္ပါတယ္။

ဟန္တာဟာ သူ႔အတြက္အခက္ခဲခဲ့ဆံုးကေတာ့ စားေသာက္မႈပံုစံျဖစ္ေၾကာင္း ဆိုပါတယ္။ သူဟာ ၾကက္သား၊ ကန္စြန္းဥ၊ အုတ္ဂ်ံဳအစားအစာ၊ အသီးအရြက္၊ အေစ့အဆံနဲ႔ ပ႐ုိတင္းဓာတ္ပါတဲ့ ေဖ်ာ္ရည္တို႔ကိုသာ ေသာက္သံုးခဲ့ပါတယ္။ ေရကို တစ္ေန႔ တစ္ဂါလံနီးပါးေသာက္ျပီး ဆိုဒါလို သၾကားဓာတ္ပါတဲ့အခ်ိဳရည္နဲ႔ အယ္ကိုေဟာေသာက္သံုးမႈတို႔ကို ေရွာင္ပါတယ္။ အစပိုင္းမွာေတာ့ ဟန္တာဟာ အရမ္းပင္ပန္းခဲ့ျပီး အျမဲဗိုက္ဆာေနခဲ့ေပမယ့္ ေနာက္ပိုင္းခႏၶာကိုယ္ေျပာင္းလဲလာမႈေၾကာင့္ ျပန္အားတက္လာခဲ့ပါတယ္။

(၉၁)ရက္ျပည့္သြားေပမယ့္ ဟန္တာဟာ သူ႔ရဲ႕ ယခုေနထိုင္စားေသာက္မႈပံုစံကို ဆက္ထိန္းထားမွာျဖစ္ျပီး gym ကိုလည္း တစ္ပတ္ကို (၅)ႀကိမ္မွ (၆)ႀကိမ္သြားကာ သင့္တင့္မွ်တစြာ စားေသာက္မွာျဖစ္တယ္လို႔ ဟန္တာက ေျပာခဲ့ပါတယ္။ က်န္းမာစြာ ဝိတ္အျမန္က်ခ်င္တဲ့ အမ်ိဳးသားေတြလည္း ဟန္တာရဲ႕နည္းလမ္းေလးကို လိုက္ႀကိဳးစားၾကည့္ၾကသင့္တယ္ေနာ္..။

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ပေါင်(၂၀)ကျော်ကို ၁၂ ပတ်အတွင်းချခဲ့တဲ့နည်းလမ်းကိုပြောပြခဲ့တဲ့ အမျိုးသား

အိုကလာဟိုးမားပြည်နယ်က ဟန်တာဟော့ဘ် အမည်ရှိ အမျိုးသားဟာ (၁၂)ပတ်အတွင်း ခန္ဓာကိုယ် ပြောင်းလဲနိုင်ခဲ့မှုကို အဆင့်ဆင့်ရိုက်ပြထားတဲ့ ဗီဒီယိုကို ဝေမျှခဲ့ပြီး (၄၂)ပေါင်ကျအောင် လုပ်ခဲ့တဲ့ နည်းလမ်းပြောပြခဲ့ပါတယ်။

(၃)လအတွင်း ဟန်တာဟာ ဝိတ်မခြင်းနဲ့ ကာဒီယိုလေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ပြီး (၂၀၂)ပေါင်မှ ပေါင် (၁၆၀)သို့ ကျသွားခဲ့တာပါ။ ပြုပြင်ပြောင်းလဲတဲ့ကာလအတွင်းမှာ ဟန်တာက သူ့ခန္ဓာကိုယ် တိုးတက်လာမှုအဆင့်ဆင့်ကို နေ့တိုင်းဓာတ်ပုံရိုက်ထားခဲ့ပါတယ်။ နောက်ဆုံးမှာ ပုံအကုန်လုံးကို ပေါင်းပြီး (၅၅)စက္ကန့်စာ ဗီဒီယိုနဲ့ပြခဲ့ပါတယ်။ ရက်တွေကြာလာတာနဲ့အမျှ သူ့ဗိုက်က ချပ်လာခဲ့ပြီး (၉၁)ကြာပြီးနောက်မှာတော့ ဝမ်းဗိုက်ကြွက်သားတွေပါ ပေါ်လာခဲ့ပါတယ်။

အဲ့လိုဖြစ်လာဖို့ သူပြုလုပ်ခဲ့တဲ့လေ့ကျင့်ခန်းနဲ့ စားသောက်ပုံတွေကို ပြောပြခဲ့ပါတယ်။ တစ်ပတ်မှာ (၆)ရက် gym ကစားခဲ့ပြီး အလေးမခြင်းကို အဓိကလုပ်ခဲ့ပါတယ်။ ရက်တွေကြာလာတာနဲ့အမျှ ပိုလေးတဲ့အလေးတုံးတွေကို ပြောင်းမခဲ့ပြီး သုံးလပြည့်ခါနီးမှာတော့ ပေါ့တဲ့အလေးတွေကို ပြောင်းလိုက်ကာ အမြန်နှုန်းကို တိုးလိုက်ပါတယ်။ သူ့အလုပ်က ရုံးထိုင်အလုပ်ဖြစ်တာကြောင့် နေ့ဘက်တွေမှာ လှုပ်ရှားမှုနည်းတဲ့အတွက် တစ်နေ့ကို ကာဒီယိုလေ့ကျင့်ခန်း မိနစ် (၂၀)မှ (၃၀)အထိလည်း ပြုလုပ်ပါတယ်။

ဟန်တာဟာ သူ့အတွက်အခက်ခဲခဲ့ဆုံးကတော့ စားသောက်မှုပုံစံဖြစ်ကြောင်း ဆိုပါတယ်။ သူဟာ ကြက်သား၊ ကန်စွန်းဥ၊ အုတ်ဂျုံအစားအစာ၊ အသီးအရွက်၊ အစေ့အဆံနဲ့ ပရိုတင်းဓာတ်ပါတဲ့ ဖျော်ရည်တို့ကိုသာ သောက်သုံးခဲ့ပါတယ်။ ရေကို တစ်နေ့ တစ်ဂါလံနီးပါးသောက်ပြီး ဆိုဒါလို သကြားဓာတ်ပါတဲ့အချိုရည်နဲ့ အယ်ကိုဟောသောက်သုံးမှုတို့ကို ရှောင်ပါတယ်။ အစပိုင်းမှာတော့ ဟန်တာဟာ အရမ်းပင်ပန်းခဲ့ပြီး အမြဲဗိုက်ဆာနေခဲ့ပေမယ့် နောက်ပိုင်းခန္ဓာကိုယ်ပြောင်းလဲလာမှုကြောင့် ပြန်အားတက်လာခဲ့ပါတယ်။

(၉၁)ရက်ပြည့်သွားပေမယ့် ဟန်တာဟာ သူ့ရဲ့ ယခုနေထိုင်စားသောက်မှုပုံစံကို ဆက်ထိန်းထားမှာဖြစ်ပြီး gym ကိုလည်း တစ်ပတ်ကို (၅)ကြိမ်မှ (၆)ကြိမ်သွားကာ သင့်တင့်မျှတစွာ စားသောက်မှာဖြစ်တယ်လို့ ဟန်တာက ပြောခဲ့ပါတယ်။ ကျန်းမာစွာ ဝိတ်အမြန်ကျချင်တဲ့ အမျိုးသားတွေလည်း ဟန်တာရဲ့နည်းလမ်းလေးကို လိုက်ကြိုးစားကြည့်ကြသင့်တယ်နော်..။

Credit:Shwemom

မှတ်ချက်များ