ျမန္မာအမ်ိဳးသမီးမ်ားကို တ႐ုတ္အမ်ိဳးသားႏွင့္လက္ထပ္ရန္ စည္း႐ုံးသည့္ လူငယ္ ၂ ဦးကို ဖမ္းဆီး
Zawgyi ျဖင့္ဖတ္ရန္
ျမန္မာအမ်ိဳးသမီးေတြကို တ႐ုတ္အမ်ိဳးသားနဲ႔ လက္ထပ္အတူေနထိုင္ဖို႔ စည္း႐ုံးေခၚေဆာင္တဲ့ လူငယ္ ၂ ေယာက္ကို မႏၲေလးမွာ ဖမ္းဆီးလိုက္တယ္လို႔ ျပည္ထဲေရးက သတင္းထုတ္ျပန္ပါတယ္။အမ်ိဳးသမီးငယ္ေတြကို တ႐ုတ္ႏိုင္ငံပို႔ဖို႔ စည္း႐ုံးေနတဲ့သတင္းအရ လူကုန္ကူးမႈတားဆီး ႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ဝင္ေတြဟာ မေန႔ မနက္အေစာပိုင္းက မႏၲေလး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ကြၽဲဆည္ကန္ ကားႀကီးကြင္းနားက ေ႐ႊအိမ္စည္တည္းခိုခန္းေရွ႕မွာ ေစာင့္ဆိုင္းေနခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ အသက္ ၂၇ ႏွစ္အ႐ြယ္ ျပည့္ၿဖိဳးေအာင္နဲ႔ ၁၈ ႏွစ္အ႐ြယ္ မသံစဥ္တို႔ဟာ အမ်ိဳးသမီး ၃ ေယာက္ကို တည္းခိုခန္းကိုေခၚလာတာေတြ႕လို႔ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕စု ၁၁ ကို ထိန္းသိမ္းေခၚေဆာင္ စစ္ေဆးခဲ့တယ္လို႔ ဆိုပါတယ္။
တ႐ုတ္ အမ်ိဳးသားေတြနဲ႔ လက္ထပ္ၿပီး ၁ ႏွစ္အတူေနထိုင္ရင္ ေငြက်ပ္ ၂၅ သိန္းေပးမွာျဖစ္ၿပီး စရံေငြအျဖစ္ က်ပ္ ၅ ေသာင္းစီေပးထားတယ္လို႔ ျပည့္ၿဖိဳးေအာင္နဲ႔ မသံစဥ္တို႔က ထြက္ဆိုပါတယ္။က်န္တဲ့ေငြေတြကိုေတာ့ တ႐ုတ္ႏိုင္ငံ၊ ေ႐ႊလီၿမိဳ႕ကိုေရာက္ရင္ေပးမယ္ဆိုၿပီး စည္း႐ုံး ေခၚေဆာင္လာတာေၾကာင့္ သူတို႔ ၂ ေယာက္ကို ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းမွာ လူကုန္တားဥပေဒ ပုဒ္မ ၂၄/၂၃ နဲ႔ အမႈဖြင့္ စစ္ေဆးေနတယ္လို႔ ျပည္ထဲေရးသတင္းမွာ ေဖာ္ျပပါတယ္။
share form : burmese.asia
Unicode ဖြင့်ဖတ်ရန်
မြန်မာအမျိုးသမီးများကို တရုတ်အမျိုးသားနှင့်လက်ထပ်ရန် စည်းရုံးသည့် လူငယ် ၂ ဦးကို ဖမ်းဆီး
မြန်မာအမျိုးသမီးတွေကို တရုတ်အမျိုးသားနဲ့ လက်ထပ်အတူနေထိုင်ဖို့ စည်းရုံးခေါ်ဆောင်တဲ့ လူငယ် ၂ ယောက်ကို မန္တလေးမှာ ဖမ်းဆီးလိုက်တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။အမျိုးသမီးငယ်တွေကို တရုတ်နိုင်ငံပို့ဖို့ စည်းရုံးနေတဲ့သတင်းအရ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့ မနက်အစောပိုင်းက မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန် ကားကြီးကွင်းနားက ရွှေအိမ်စည်တည်းခိုခန်းရှေ့မှာ စောင့်ဆိုင်းနေခဲ့ပါတယ်။ အဲဒီအချိန်မှာ အသက် ၂၇ နှစ်အရွယ် ပြည့်ဖြိုးအောင်နဲ့ ၁၈ နှစ်အရွယ် မသံစဉ်တို့ဟာ အမျိုးသမီး ၃ ယောက်ကို တည်းခိုခန်းကိုခေါ်လာတာတွေ့လို့ ချမ်းအေးသာစံမြို့နယ်၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု ၁၁ ကို ထိန်းသိမ်းခေါ်ဆောင် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
တရုတ် အမျိုးသားတွေနဲ့ လက်ထပ်ပြီး ၁ နှစ်အတူနေထိုင်ရင် ငွေကျပ် ၂၅ သိန်းပေးမှာဖြစ်ပြီး စရံငွေအဖြစ် ကျပ် ၅ သောင်းစီပေးထားတယ်လို့ ပြည့်ဖြိုးအောင်နဲ့ မသံစဉ်တို့က ထွက်ဆိုပါတယ်။ကျန်တဲ့ငွေတွေကိုတော့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ကိုရောက်ရင်ပေးမယ်ဆိုပြီး စည်းရုံး ခေါ်ဆောင်လာတာကြောင့် သူတို့ ၂ ယောက်ကို ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ လူကုန်တားဥပဒေ ပုဒ်မ ၂၄/၂၃ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
share form : burmese.asia


မှတ်ချက်များ