လြန္ခဲ့တဲ့ (၁၅)ႏွစ္က ဓာတ္ပုံအတူ ႐ိုက္ခဲ့ဖူးသူႏွစ္ဦးရဲ႕ ထူးဆန္းလြန္းတဲ့ ကံတရား
Zawgyiျဖင့္ဖတ္ရန္
လူေတြရဲ႕ကံၾကမၼာဟာ တစ္ဦးနဲ႔တစ္ဦး မတူႏုိင္ပါဘူး။ ဒါေပမယ့္ တစ္ခါတေလမွာလည္း ထူးဆန္းတဲ့ တုိက္ဆုိင္မႈေတြဆုိတာ လူတစ္စုတစ္ဖြဲ႕တည္းမွာ ၿပိဳင္တူျဖစ္လာတာမ်ိဳး ရွိတတ္ပါတယ္။ ဥပမာအားျဖင့္ တစ္ေလွတည္းေလွာ္၊ တစ္ခရီးတည္းသြားသူေတြ ေဘးဒုကၡသင့္တာမ်ိဳးေပါ့။ ဒီမွာ ကံေကာင္းသူေတြက အသက္ရွင္ၾကတယ္။ ကံဆုိးသူေတြက အသက္ေသၾကတယ္။ မိသားစုဝင္အခ်င္းခ်င္းမွာေတာင္ ကံတရားက တစ္ဦးနဲ႔တစ္ဦး မတူႏုိင္ၾကပါဘူး။
အခုလည္း အသက္(၂၀)အရြယ္ ေကာင္းေလးတစ္ေယာက္ဟာ သူ႕အသက္ (၅)ႏွစ္သားတုန္းက ေလယာဥ္မယ္တစ္ဦးနဲ႔ အမွတ္တရ ဓာတ္ပုံ႐ုိက္ခဲ့တာကို ျပန္လည္မွ်ေဝခဲ့ပါတယ္။ သူ ပထမဆုံး ေလယာဥ္စစီးဖူးစဥ္က ဆုိပါေတာ့။ မိဘေတြက အမွတ္တရ သေဘာနဲ႔ ဓာတ္ပုံ ႐ုိက္ေပးခဲ့တာပါ။
ေနာက္ထပ္(၁၅)ႏွစ္ၾကာေတာ့ ေလယာဥ္မယ္နဲ႔ ေကာင္ေလးတုိ႔ ျပန္ဆုံၾကပါတယ္။ ေကာင္ေလးနာမည္ကေတာ့ Xu Yang Feng ျဖစ္ၿပီး အခုအခ်ိန္ထိ သူ႕ပထမဆုံးေလယာဥ္ခရီးစဳဥ္ကို အမွတ္ရေနပါသတဲ့။ အခု အဲဒီ ေလယာဥ္မယ္နဲ႔ သူ ကံဆုံလုိ႔ ျပန္ဆုံခြင့္ရခဲ့ပါတယ္။ အလြန္ထူးဆန္းတဲ့ တုိက္ဆုိင္မႈပါ။ ပုိၿပီး ထူးဆန္းတာက ဝါရင့္ေလယာဥ္မယ္ႀကီးနဲ႔ သူဟာ လုပ္ေဖာ္ကိုင္ဘက္ေတြ ျဖစ္ေနတာပါဘဲ။
Xu ဟာ တ႐ုတ္ႏုိင္ငံ၊ Civil Aviation Flight Academy မွ တတိယႏွစ္ေက်ာင္းသားျဖစ္ပါတယ္။ သူဟာ လက္ေတြ႕လုပ္ငန္းခြင္ ဝင္ေရာက္မႈအျဖစ္ ယခုႏွစ္ ေအာက္တုိဘာလမွာ China Eastern Airlines ေလေၾကာင္းလိုင္းမွာ စတင္ တာဝန္ထမ္းေဆာင္ရပါတယ္။ အဲဒီမွာ သူ႕ရဲ႕စံျပေလယာဥ္မယ္ႀကီးကို စီနီယာအျဖစ္ ျပန္ဆုံခဲ့ရတာပါ။ ဒီလုိ အျဖစ္မ်ိဳး Xu က ဘယ္လုိမွ မေတြးခဲ့မိပါဘူးတဲ့။
ေလယာဥ္မယ္ရဲ႕အမည္ကေတာ့ Fang လုိ႔ သိရပါတယ္။ သူမကလည္း လြန္ခဲ့တဲ့ (၁၅)ႏွစ္က ဓာတ္ပုံအတူတူ တြဲ႐ုိက္ခဲ့တဲ့ Xu ကုိ ေကာင္းေကာင္းသတိရေနတယ္လုိ႔ ဆုိပါတယ္။ အခုလုိ ထင္မွတ္မထားတဲ့ပုံစံနဲ႔ ျပန္ဆုံၾကေတာ့ Xu နဲ႔ Fang တုိ႔ဟာ ဓာတ္ပုံအသစ္ေတြ ျပန္လည္ဖန္တီးခဲ့ၾကပါတယ္။ ကြာျခားတာက Xu တစ္ေယာက္ သူလည္း လူႀကီး ျဖစ္ေနၿပီဆုိတာပါဘဲ။
ေလေၾကာင္းလိုင္းကလည္း ဒီလုိ ၾကည္ႏူးဖြယ္ရာ တုိက္ဆုိင္မႈကို သိရွိခဲ့တာေၾကာင့္ Xu ရဲ႕ အလုပ္သင္ကာလကို ဒီေလေၾကာင္းမွာပဲ ဆက္လက္ထားရွိဖုိ႔ ဆုံးျဖတ္ခဲ့ေၾကာင္း Beijing Youth Paper Daily ေဖာ္ျပခ်က္အရ သိရပါတယ္။ သူ႔ကို ႀကီးၾကပ္ရမွာေတာ့ ဝါရင့္ေလယာဥ္မယ္ႀကီး Fang သာျဖစ္ၿပီး Xu အေနနဲ႔ ပုိေကာင္းတဲ့ အရည္အခ်င္းေတြ သင္ယူႏုိင္လိမ့္မယ္လုိ႔ ယုံၾကည္ရပါတယ္။
လင္းသူရိန္
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
လွန်ခဲ့တဲ့ (၁၅)နှစ်က ဓာတ်ပုံအတူ ရိုက်ခဲ့ဖူးသူနှစ်ဦးရဲ့ ထူးဆန်းလွန်းတဲ့ ကံတရား
လူတွေရဲ့ကံကြမ္မာဟာ တစ်ဦးနဲ့တစ်ဦး မတူနိုင်ပါဘူး။ ဒါပေမယ့် တစ်ခါတလေမှာလည်း ထူးဆန်းတဲ့ တိုက်ဆိုင်မှုတွေဆိုတာ လူတစ်စုတစ်ဖွဲ့တည်းမှာ ပြိုင်တူဖြစ်လာတာမျိုး ရှိတတ်ပါတယ်။ ဥပမာအားဖြင့် တစ်လှေတည်းလှော်၊ တစ်ခရီးတည်းသွားသူတွေ ဘေးဒုက္ခသင့်တာမျိုးပေါ့။ ဒီမှာ ကံကောင်းသူတွေက အသက်ရှင်ကြတယ်။ ကံဆိုးသူတွေက အသက်သေကြတယ်။ မိသားစုဝင်အချင်းချင်းမှာတောင် ကံတရားက တစ်ဦးနဲ့တစ်ဦး မတူနိုင်ကြပါဘူး။
အခုလည်း အသက်(၂၀)အရွယ် ကောင်းလေးတစ်ယောက်ဟာ သူ့အသက် (၅)နှစ်သားတုန်းက လေယာဉ်မယ်တစ်ဦးနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့တာကို ပြန်လည်မျှဝေခဲ့ပါတယ်။ သူ ပထမဆုံး လေယာဉ်စစီးဖူးစဉ်က ဆိုပါတော့။ မိဘတွေက အမှတ်တရ သဘောနဲ့ ဓာတ်ပုံ ရိုက်ပေးခဲ့တာပါ။
နောက်ထပ်(၁၅)နှစ်ကြာတော့ လေယာဉ်မယ်နဲ့ ကောင်လေးတို့ ပြန်ဆုံကြပါတယ်။ ကောင်လေးနာမည်ကတော့ Xu Yang Feng ဖြစ်ပြီး အခုအချိန်ထိ သူ့ပထမဆုံးလေယာဉ်ခရီးစုဉ်ကို အမှတ်ရနေပါသတဲ့။ အခု အဲဒီ လေယာဉ်မယ်နဲ့ သူ ကံဆုံလို့ ပြန်ဆုံခွင့်ရခဲ့ပါတယ်။ အလွန်ထူးဆန်းတဲ့ တိုက်ဆိုင်မှုပါ။ ပိုပြီး ထူးဆန်းတာက ဝါရင့်လေယာဉ်မယ်ကြီးနဲ့ သူဟာ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်နေတာပါဘဲ။
Xu ဟာ တရုတ်နိုင်ငံ၊ Civil Aviation Flight Academy မှ တတိယနှစ်ကျောင်းသားဖြစ်ပါတယ်။ သူဟာ လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်မှုအဖြစ် ယခုနှစ် အောက်တိုဘာလမှာ China Eastern Airlines လေကြောင်းလိုင်းမှာ စတင် တာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီမှာ သူ့ရဲ့စံပြလေယာဉ်မယ်ကြီးကို စီနီယာအဖြစ် ပြန်ဆုံခဲ့ရတာပါ။ ဒီလို အဖြစ်မျိုး Xu က ဘယ်လိုမှ မတွေးခဲ့မိပါဘူးတဲ့။
လေယာဉ်မယ်ရဲ့အမည်ကတော့ Fang လို့ သိရပါတယ်။ သူမကလည်း လွန်ခဲ့တဲ့ (၁၅)နှစ်က ဓာတ်ပုံအတူတူ တွဲရိုက်ခဲ့တဲ့ Xu ကို ကောင်းကောင်းသတိရနေတယ်လို့ ဆိုပါတယ်။ အခုလို ထင်မှတ်မထားတဲ့ပုံစံနဲ့ ပြန်ဆုံကြတော့ Xu နဲ့ Fang တို့ဟာ ဓာတ်ပုံအသစ်တွေ ပြန်လည်ဖန်တီးခဲ့ကြပါတယ်။ ကွာခြားတာက Xu တစ်ယောက် သူလည်း လူကြီး ဖြစ်နေပြီဆိုတာပါဘဲ။
လေကြောင်းလိုင်းကလည်း ဒီလို ကြည်နူးဖွယ်ရာ တိုက်ဆိုင်မှုကို သိရှိခဲ့တာကြောင့် Xu ရဲ့ အလုပ်သင်ကာလကို ဒီလေကြောင်းမှာပဲ ဆက်လက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ကြောင်း Beijing Youth Paper Daily ဖော်ပြချက်အရ သိရပါတယ်။ သူ့ကို ကြီးကြပ်ရမှာတော့ ဝါရင့်လေယာဉ်မယ်ကြီး Fang သာဖြစ်ပြီး Xu အနေနဲ့ ပိုကောင်းတဲ့ အရည်အချင်းတွေ သင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။
လင်းသူရိန်
Credit:Shwemom



မှတ်ချက်များ