Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
လက်ရှိအချိန်မှာကျန်ရှိနေတဲ့ The Model Academy ပြိုင်ပွဲရဲ့ Top-3 ထဲက ဘယ်သူက Winner ဖြစ်လာမယ်လို့ထင်ပါသလဲ
The Model Academy ပြိုင်ပွဲဟာ ပရိသတ်တွေစိတ်ဝင်တစားစောင့်ကြည့်ခံရတဲ့ တီဗီရှိုးတစ်ခုလည်းဖြစ်ပါတယ်။ဝေဖန်မှုခံခဲ့ရတဲ့အခါတွေရျိသလို ငြင်းခုံစရာဖြစ်လောက်အောင်စိတ်ဝင်စားစရာကောင်းတဲ့အစီအစ်လည်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အလားအလာရှိမော်ဒယ်လ်အသစ်တွေကိုမွေးထုတ်ပေတဲ့ အစီအစဉ်တစ်ခူဆိုလည်းမမှားပါဘူး။
အခုအချိန်မှာဆိုရင် The Model Academy ပြိုင်ပွဲကျင်းပလာခဲ့တာ season -3 အထိရောက်နေခဲ့ပါပြီ။ ဒီပွဲမှာပါဝင်ဖို့ရာလူပေါင်းများစွာထဲကမှ ပြိုင်ပွဲဝင်(၁၂)ယောက်ကို ရွေးထုတ်ပြီး Challenge အဆင့်ဆင့်ကိုဖြတ်သန်းစေကာ နောက်ဆုံးမှာ အရည်အချင်းပြည့်ဝတဲ့ Winner ဖြစ်သင့်သူတစ်ယောက်ကို ရွေးချယ်မှာပါ။ဒီပွဲဟာမော်ဒယ်လ်လောက်မှာ ကျင်လည်ချင်တဲ့ တက်သစ်စတွေအတွက်မဟာအခွင့်အရေးကြီးလို့လည်းဆိုရမှာဖြစ်ပါတယ်။
အဆင့်တိုင်းမှာ အမှတ်အနည်းဆုံးရသူတွေကို ထုတ်ပယ်လာခဲ့တာ အခုဆိုရင် နောက်ဆုံး Top-3 သုံးဦးသာကျန်ပါတော့တယ်။အဲ့ဒီလူတွေကတော့ ဒီး၊ငြိမ်းချမ်းနဲ့ ဗညားဘုန်းပြည့်တို့ဖြစ်ပါတယ်။အဆင့်တိုင်းကိုလှလှပပဖြတ်ကျော်လာခဲ့တဲ့သူတို့(၃)ဦးဟာ အရည်အချင်းမသေးကြသူတွေပါ။နောက်ဆုံးမှာဘယ်သူက အနိုင်ရရှိမလဲဆိုတာ အရမ်းကိုစိတ်ဝင်စားစရာကောင်းနေပါပြီ။ဖိုင်နယ်ပွဲမှာ အောင်မြင်မှုသရဖူဆောင်းနိုင်မယ့်သူဟာ ဘယ်သူလို့ထင်ပါသလဲနော်။
share from: burmese.asia


မှတ်ချက်များ