Marlboro စီးကရက္ရဲ႕ မူလေၾကာ္ျငာမင္းသားႀကီး အသက္(၉၀)မွာ ကြယ္လြန္
Zawgyiျဖင့္ဖတ္ရန္
ကမာၻေက်ာ္စီးကရက္တံဆိပ္ျဖစ္တဲ့ Marlboro ဟာ ယေန႔ထက္တုိင္ ေဆးလိပ္ႀကိဳက္သူ လူငယ္လူလတ္ပုိင္းၾကားမွာ ေရပန္းစားေနဆဲပါ။ Marlboro ကို (၁၉၂၀)မွာ စတင္ေရာင္းခ်ခဲ့တာျဖစ္ၿပီး၊ ယေန႔ဆုိရင္ (၉၉)ႏွစ္တုိင္ ၾကာျမင့္ခဲ့ပါၿပီ။ လက္ရွိအခ်ိန္ထိ Marlboro ဟာ သူရဲ႕အရည္အေသြးနဲ႔ အနံ႔အသက္ အရသာကို ဆက္လက္ထိန္းသိန္းထားဆဲပါဘဲ။
Marlboro ရဲ႕ မူလဘူတ ေၾကာ္ျငာမင္းသားႀကီး ေရာဘတ္ေနာရစ္(Robert Norris )ကေတာ့ အသက္(၉၀)အရြယ္မွာပဲ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ေနာရစ္ကုိ Original Marlboro Man လုိ႔ သတင္းမီဒီယာေတြက တင္စားခဲ့ရပါတယ္။ တင္စားခဲ့တဲ့အတုိင္းပဲ စတုိင္လန္းလန္းနဲ႔ ေဆးလိပ္ေသာက္ေနတဲ့ပုံစံဟာ ေခတ္ကာလအတုိင္းအတာထိ အလြန္ေပါက္ေျမာက္ခဲ့တဲ့ အမွတ္တံဆိပ္ထဲမွာ ပါဝင္ခဲ့ပါတယ္။
(၁၉၂၀)ဝန္းက်င္မွာ ေနာ္ရစ္ဟာ ေၾကာ္ျငာ Icon ျဖစ္လာခဲ့တာပါ။ ဒီအခ်ိန္မွာ သူဟာ အသက္(၃၁)ႏွစ္သာရွိေသးၿပီး သူရဲ႕ ေကာင္းဘြိဳင္းစတုိင္ဟာ မုိက္လြန္းလုိ႔ ေဆးလိပ္ေၾကာ္ျငာကုိ ပုိၿပီး ၾကြရြေစခဲ့တာဆုိရင္ မမွားပါဘူုး။ အဲဒီအခ်ိန္မွာ မဂၢဇင္းေတြ၊ ဂ်ာနယ္ေတြ၊ သတင္းစာေတြ အားေကာင္းခ်ိန္ျဖစ္လုိ႔ သူဟာ လူတုိင္းသိတဲ့ မင္းသားႀကီးျဖစ္ပါတယ္။
ဒါေပမယ့္ ထူးျခားခ်က္ကေတာ့ ေနာ္ရစ္ဟာ ျပင္ပလူေနမႈဘဝမွာေတာ့ ေဆးလိပ္ တကယ္ေသာက္သူ မဟုတ္ပါဘူးတဲ့။ သူဟာ Marlboro ရဲ႕ ေၾကာ္ျငာမင္းသားႀကီး ျဖစ္ေနခဲ့တာေတာင္မွ တစ္ျခားေဆးလိပ္မေျပာနဲ႔ Marlboro ေဆးလိပ္ကုိေတာင္ ေသာက္ခဲ့ဖူးသူမဟုတ္ဘူးလုိ႔ သိရပါတယ္။ သူ႔ပုံစံအလန္းစားေၾကာင့္ ေဆးလိပ္ေသာက္သူေတြ ရွိခဲ့ေပမယ့္၊ သူက ေဆးလိပ္ ေသာက္တဲ့သူမဟုတ္တာ အေတာ္ေလး အံ့ၾသစရာပါ။
မင္းသား John Wayne နဲ႔အတူ႐ုိက္ထားတဲ့ ဓာတ္ပုံ သတင္းမီဒီယားေတြမွာ ေဖာ္ျပခံခဲ့ရာက ေနာရစ္တစ္ေယာက္ ေၾကာျငာမင္းသားျဖစ္ဖုိ႔ လမ္းစပါလာခဲ့ပါတယ္။ အဲဒီဓာတ္ပုံကို ေၾကာ္ျငာကၽြမ္းက်င္သူေတြက ျမင္ၿပီး ေနာရစ္ရဲ႕ တည္ၾကည္ခန္႔ညားမႈကို ျမင္တာနဲ႔ ေပါက္မယ့္႐ုပ္ဆုိတာ ခ်က္ခ်င္းဆုံးျဖတ္ခဲ့တာပါ။ မင္းသား John ဟာ ေနာရစ္နဲ႔ ငယ္သူငယ္ခ်င္းေတြပါ။
ဒီဓာတ္ပုံေၾကာင့္ ေၾကာ္ျငာကၽြမ္းက်င္သူေတြက ေနာရစ္ေနတဲ့ဆီအထိ ကိုယ္တုိင္ေရာက္လာခဲ့ပါတယ္။ ေနာရစ္ဟာ ကိုယ္တုိင္က ေငြေၾကးခ်မ္းသာသူျဖစ္ၿပီး၊ သူေနထုိင္တဲ့ ဧက (၆၃၀၀၀)ရွိတဲ့ စုိက္ပ်ိဳးေမြးျမဴေရးၿခံထိ ေၾကာ္ျငာသမားေတြ ေရာက္လာခဲ့တာပါ။ အဲဒီၿခံကေတာ့ အေမရိကန္ ကိုလုိရာဒုိမွာ တည္ရွိပါတယ္။
သူတုိ႔ ေနာရစ္ကိုေတြ႕ေတာ့ အက်ိဳးသင့္အေၾကာင္းသင့္ ရွင္းျပၿပီး၊ ေဆးလိပ္ေၾကာ္ျငာအတြက္ ကမ္းလွမ္းမႈ လုိက္ခဲ့ပါတယ္။ ေနာရစ္ကလည္း အမ်ားႀကီး ရွင္းျပေနစရာမလုိဘဲ ေၾကာ္ျငာဓာတ္ပုံေတြအတြက္ လက္ခံလုိက္ပါတယ္။ သူ႕ကို နာမည္ႀကီးေအာင္လုပ္ေပးႏုိင္တာ ဒီတစ္ခုပဲ ရွိတယ္လုိ႔ သူက စဥ္းစားခဲ့တာပါ။ သုိ႔ေသာ္လည္း သူထင္တဲ့အတုိင္း နာမည္ႀကီးခဲ့ေပမယ့္ (၁၂)ႏွစ္အၾကာမွာ သူရဲ႕ ပုံရိပ္အသုံးျပဳခြင့္ကုိ ရပ္ဆုိင္းလုိက္ပါတယ္။
အေၾကာင္းကေတာ့ သူဟာ ကေလးေတြကို စီးကရက္ေသာက္ေအာင္ လႈံ႕ေဆာ္ေနတဲ့ သေဘာသက္ေရာက္လုိ႔၊ သူ႕အေနနဲ႔ ဒီထက္ပုိၿပီး ေၾကာ္ျငာက႑မွာ ပါဝင္ပတ္သက္လုိျခင္းမရွိေတာ့ဘူးလုိ႔ ဆုံးျဖတ္လုိက္တာပါ။ ကုမၸဏီကလည္း သူရဲ႕ဆုံးျဖတ္ခ်က္အတြက္ စိတ္မေကာင္းေပမယ့္ ေလးေလးစားစား လက္ခံခဲ့ပါတယ္။
ေနာရစ္ဟာ သူပုိင္ဆုိင္တဲ့ ခ်မ္းသာၾကြယ္ဝမႈေတြက အေမရိကန္ ထိပ္သီးသူေဌးစားရင္း ဝင္သူပါ။ သူဟာ ပရဟိတလုပ္ငန္းေတြမွာလည္း ေဒၚလာသန္းေပါင္းမ်ားစြာ လွဴဒါန္းခဲ့သူ ျဖစ္ပါတယ္။ ေအာင္ျမင္တဲ့စီးပြားေရးလုပ္ငန္းေတြကိုလည္း ဦးေဆာင္ခဲ့ၿပီး၊ အထူးသျဖင့္ စုိက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းက သူ႕ရဲ႕ အဓိက ဝင္ေငြျဖစ္ခဲ့ပါတယ္။
သူုဟာ ျမင္းစီးအားကစားပြဲတုိင္း လုိက္ႏႊဲေလ့ရွိသူျဖစ္ၿပီး၊ အလြန္ျမင္စီးကၽြမ္းက်င္သူလည္း ျဖစ္ပါတယ္။ အားကစားက႑ ျမႇင့္တင္ေရးအတြက္လည္း အဖြဲ႕အစည္းေပါင္းမ်ားစြာနဲ႔ ပတ္သက္ခဲ့သူျဖစ္ၿပီး၊ သူ အသက္ရွင္ေနသမွ် ကာလပတ္လုံးမွာေတာ့ သူဟာ မိမိႀကိဳက္ႏွစ္သက္ရာ ဝါသနာေတြကို လုိက္လံပုံေဖာ္ရင္းနဲ႔ လြတ္လပ္ေပ်ာ္ရႊင္စြာ ေနခဲ့သူပါ။
ေနာရစ္ရဲ႕ဇနီး (၂၀၁၆)ခုႏွစ္ အသက္(၈၈)မွာ ေသဆုံးသြားခဲ့တာျဖစ္ၿပီး၊ သူတို႔ လင္မယားႏွစ္ေယာက္မွာ သား(၂)ဦး သမီး(၂)ဦး က်န္ရစ္ခဲ့ပါတယ္။ အသက္(၉၀)မွာ မေသခင္အခ်ိန္ထိ သားေတြ သမီးေတြက တာဝန္ေက်ပြန္စြာ ေစာင့္ေရွာက္ခဲ့ၾကၿပီး၊ သူခ်စ္တဲ့ ကုိလုိရာဒုိက စုိက္ပ်ိဳးေမြးျမဴေရးၿခံထဲမွာပဲ ေနာက္ဆုံးထြက္သက္နဲ႔ ကမာၻႀကီးကို အၿပီးတုိင္ ႏႈတ္ဆက္သြားခဲ့ပါတယ္။
လင္းသုတ
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
Marlboro စီးကရက်ရဲ့ မူလကြော်ငြာမင်းသားကြီး အသက်(၉၀)မှာ ကွယ်လွန်
ကမ္ဘာကျော်စီးကရက်တံဆိပ်ဖြစ်တဲ့ Marlboro ဟာ ယနေ့ထက်တိုင် ဆေးလိပ်ကြိုက်သူ လူငယ်လူလတ်ပိုင်းကြားမှာ ရေပန်းစားနေဆဲပါ။ Marlboro ကို (၁၉၂၀)မှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး၊ ယနေ့ဆိုရင် (၉၉)နှစ်တိုင် ကြာမြင့်ခဲ့ပါပြီ။ လက်ရှိအချိန်ထိ Marlboro ဟာ သူရဲ့အရည်အသွေးနဲ့ အနံ့အသက် အရသာကို ဆက်လက်ထိန်းသိန်းထားဆဲပါဘဲ။
Marlboro ရဲ့ မူလဘူတ ကြော်ငြာမင်းသားကြီး ရောဘတ်နောရစ်(Robert Norris )ကတော့ အသက်(၉၀)အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ နောရစ်ကို Original Marlboro Man လို့ သတင်းမီဒီယာတွေက တင်စားခဲ့ရပါတယ်။ တင်စားခဲ့တဲ့အတိုင်းပဲ စတိုင်လန်းလန်းနဲ့ ဆေးလိပ်သောက်နေတဲ့ပုံစံဟာ ခေတ်ကာလအတိုင်းအတာထိ အလွန်ပေါက်မြောက်ခဲ့တဲ့ အမှတ်တံဆိပ်ထဲမှာ ပါဝင်ခဲ့ပါတယ်။
(၁၉၂၀)ဝန်းကျင်မှာ နော်ရစ်ဟာ ကြော်ငြာ Icon ဖြစ်လာခဲ့တာပါ။ ဒီအချိန်မှာ သူဟာ အသက်(၃၁)နှစ်သာရှိသေးပြီး သူရဲ့ ကောင်းဘွိုင်းစတိုင်ဟာ မိုက်လွန်းလို့ ဆေးလိပ်ကြော်ငြာကို ပိုပြီး ကြွရွစေခဲ့တာဆိုရင် မမှားပါဘူုး။ အဲဒီအချိန်မှာ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ၊ သတင်းစာတွေ အားကောင်းချိန်ဖြစ်လို့ သူဟာ လူတိုင်းသိတဲ့ မင်းသားကြီးဖြစ်ပါတယ်။
ဒါပေမယ့် ထူးခြားချက်ကတော့ နော်ရစ်ဟာ ပြင်ပလူနေမှုဘဝမှာတော့ ဆေးလိပ် တကယ်သောက်သူ မဟုတ်ပါဘူးတဲ့။ သူဟာ Marlboro ရဲ့ ကြော်ငြာမင်းသားကြီး ဖြစ်နေခဲ့တာတောင်မှ တစ်ခြားဆေးလိပ်မပြောနဲ့ Marlboro ဆေးလိပ်ကိုတောင် သောက်ခဲ့ဖူးသူမဟုတ်ဘူးလို့ သိရပါတယ်။ သူ့ပုံစံအလန်းစားကြောင့် ဆေးလိပ်သောက်သူတွေ ရှိခဲ့ပေမယ့်၊ သူက ဆေးလိပ် သောက်တဲ့သူမဟုတ်တာ အတော်လေး အံ့သြစရာပါ။
မင်းသား John Wayne နဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံ သတင်းမီဒီယားတွေမှာ ဖော်ပြခံခဲ့ရာက နောရစ်တစ်ယောက် ကြောငြာမင်းသားဖြစ်ဖို့ လမ်းစပါလာခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို ကြော်ငြာကျွမ်းကျင်သူတွေက မြင်ပြီး နောရစ်ရဲ့ တည်ကြည်ခန့်ညားမှုကို မြင်တာနဲ့ ပေါက်မယ့်ရုပ်ဆိုတာ ချက်ချင်းဆုံးဖြတ်ခဲ့တာပါ။ မင်းသား John ဟာ နောရစ်နဲ့ ငယ်သူငယ်ချင်းတွေပါ။
ဒီဓာတ်ပုံကြောင့် ကြော်ငြာကျွမ်းကျင်သူတွေက နောရစ်နေတဲ့ဆီအထိ ကိုယ်တိုင်ရောက်လာခဲ့ပါတယ်။ နောရစ်ဟာ ကိုယ်တိုင်က ငွေကြေးချမ်းသာသူဖြစ်ပြီး၊ သူနေထိုင်တဲ့ ဧက (၆၃၀၀၀)ရှိတဲ့ စိုက်ပျိုးမွေးမြူရေးခြံထိ ကြော်ငြာသမားတွေ ရောက်လာခဲ့တာပါ။ အဲဒီခြံကတော့ အမေရိကန် ကိုလိုရာဒိုမှာ တည်ရှိပါတယ်။
သူတို့ နောရစ်ကိုတွေ့တော့ အကျိုးသင့်အကြောင်းသင့် ရှင်းပြပြီး၊ ဆေးလိပ်ကြော်ငြာအတွက် ကမ်းလှမ်းမှု လိုက်ခဲ့ပါတယ်။ နောရစ်ကလည်း အများကြီး ရှင်းပြနေစရာမလိုဘဲ ကြော်ငြာဓာတ်ပုံတွေအတွက် လက်ခံလိုက်ပါတယ်။ သူ့ကို နာမည်ကြီးအောင်လုပ်ပေးနိုင်တာ ဒီတစ်ခုပဲ ရှိတယ်လို့ သူက စဉ်းစားခဲ့တာပါ။ သို့သော်လည်း သူထင်တဲ့အတိုင်း နာမည်ကြီးခဲ့ပေမယ့် (၁၂)နှစ်အကြာမှာ သူရဲ့ ပုံရိပ်အသုံးပြုခွင့်ကို ရပ်ဆိုင်းလိုက်ပါတယ်။
အကြောင်းကတော့ သူဟာ ကလေးတွေကို စီးကရက်သောက်အောင် လှုံ့ဆော်နေတဲ့ သဘောသက်ရောက်လို့၊ သူ့အနေနဲ့ ဒီထက်ပိုပြီး ကြော်ငြာကဏ္ဍမှာ ပါဝင်ပတ်သက်လိုခြင်းမရှိတော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ။ ကုမ္ပဏီကလည်း သူရဲ့ဆုံးဖြတ်ချက်အတွက် စိတ်မကောင်းပေမယ့် လေးလေးစားစား လက်ခံခဲ့ပါတယ်။
နောရစ်ဟာ သူပိုင်ဆိုင်တဲ့ ချမ်းသာကြွယ်ဝမှုတွေက အမေရိကန် ထိပ်သီးသူဌေးစားရင်း ဝင်သူပါ။ သူဟာ ပရဟိတလုပ်ငန်းတွေမှာလည်း ဒေါ်လာသန်းပေါင်းများစွာ လှူဒါန်းခဲ့သူ ဖြစ်ပါတယ်။ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးဆောင်ခဲ့ပြီး၊ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းက သူ့ရဲ့ အဓိက ဝင်ငွေဖြစ်ခဲ့ပါတယ်။
သူုဟာ မြင်းစီးအားကစားပွဲတိုင်း လိုက်နွှဲလေ့ရှိသူဖြစ်ပြီး၊ အလွန်မြင်စီးကျွမ်းကျင်သူလည်း ဖြစ်ပါတယ်။ အားကစားကဏ္ဍ မြှင့်တင်ရေးအတွက်လည်း အဖွဲ့အစည်းပေါင်းများစွာနဲ့ ပတ်သက်ခဲ့သူဖြစ်ပြီး၊ သူ အသက်ရှင်နေသမျှ ကာလပတ်လုံးမှာတော့ သူဟာ မိမိကြိုက်နှစ်သက်ရာ ဝါသနာတွေကို လိုက်လံပုံဖော်ရင်းနဲ့ လွတ်လပ်ပျော်ရွှင်စွာ နေခဲ့သူပါ။
နောရစ်ရဲ့ဇနီး (၂၀၁၆)ခုနှစ် အသက်(၈၈)မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး၊ သူတို့ လင်မယားနှစ်ယောက်မှာ သား(၂)ဦး သမီး(၂)ဦး ကျန်ရစ်ခဲ့ပါတယ်။ အသက်(၉၀)မှာ မသေခင်အချိန်ထိ သားတွေ သမီးတွေက တာဝန်ကျေပွန်စွာ စောင့်ရှောက်ခဲ့ကြပြီး၊ သူချစ်တဲ့ ကိုလိုရာဒိုက စိုက်ပျိုးမွေးမြူရေးခြံထဲမှာပဲ နောက်ဆုံးထွက်သက်နဲ့ ကမ္ဘာကြီးကို အပြီးတိုင် နှုတ်ဆက်သွားခဲ့ပါတယ်။
လင်းသုတ
Credit:Shwemom


မှတ်ချက်များ