Zawgyiျဖင့္ဖတ္ရန္
တက္တူးထိုးရတာကို ႀကိဳက္ႏွစ္သက္သူမ်ား အထူးသတိထားရမည့္ သတင္းတစ္ပုဒ္ျဖစ္ပါတယ္။ အသက္ ၃၁ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦးမွာ တက္တူးအသစ္စက္စက္ ထိုးထားခဲ့ၿပီး တက္တူးဆရာ၏ ေျပာစကားကို နားမေထာင္ပဲ ေရးကူးမိတဲ့အတြက္ အသက္ဆုံးရႈံးခဲ့ရပါတယ္။
အမည္မေဖာ္ျပထားတဲ့ အသက္ ၃၁ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕ ညာဘက္လက္ဖ်ံေပၚမွာ တက္တူးအသစ္တစ္ခုေရးထိုးခဲ့သည္မွာ ၅ ရက္ခန႔္ပင္ရွိေသးသည္။ တက္တူးအသစ္ထိုးထားတဲ့အတြက္ ေရကူးမယ္ဆိုရင္ အနည္းဆုံး ႏွစ္ပတ္ေလာက္ေစာင့္ၿပီးမွ ေရကူးဖို႔ တက္တူးထိုးဆရာက အႀကံေပးခဲ့ေပမယ့္ အေလးမထားပဲ မကၠစီကိုပင္လယ္ေကြ႕ ေနရာတြင္ ေရကူးခဲ့ျခင္းျဖစ္သည္။
ေရကူးခဲ့ၿပီးေနာက္ တစ္ရက္အၾကာတြင္ သူ၏ တက္တူးအသစ္ေနရာက နာက်င္စုတ္ၿပဲလာၿပီး ေရာဂါပိုးဝင္ခဲ့သည္။ ကိုယ္ခံအားမ်ားက်လာၿပီး အဖ်ားဝင္လာခဲ့သလို တက္တူးအသစ္ေနရာမ်ားတြင္လည္း အနာမ်ားမေပ်ာက္ပဲ အသားနီလန္သည္အထိ အေျခအေန ဆိုးခဲ့ရသည့္အတြက္ ေဆး႐ုံသို႔တင္ပို႔ခဲ့ရသည္။
တစ္ရက္ကို ၃၄၀မီလီ ဘီယာဗူး ၆ ဗူး ေန႔စဥ္ေသာက္ခဲ့သူမို႔ အသည္းေရာဂါလည္း ရွိထားသူျဖစ္သည့္အတြက္ အနာမွေယာင္ရမ္း ေရာဂါပိုးဝင္ခဲ့တာၾကာင့္ သူ၏ အတြင္းကလီစာမ်ား ေကာင္းေကာင္းအလုပ္မလုပ္ႏိုင္ေတာ့ပဲ ၂၄ နာရီအတြင္းမွာ စိုးရိမ္ရတဲ့ အေျခအေနကို ေရာက္လာပါတယ္။ ဆရာဝန္မ်ားက အသက္ကယ္ႏိုင္မည့္နည္းမ်ိဳးစုံကို အသုံးျပဳခဲ့ၿပီး အေျခေနဆိုးမွ ျပန္လည္ ကယ္တင္ႏိုင္ေသာ္လည္း ေဆး႐ုံေပၚတြင္ ႏွစ္လတာမွ် ေဆးကုသမႈခံေနစဥ္အတြင္း ေက်ာက္ကပ္ႏွင့္ အတြင္းကလီစာမ်ား ဆုပ္ယုတ္လာၿပီး ေသဆုံးသြားခဲ့သည္။
“ေက်ာက္ကပ္ေရာဂါနဲ႔ အတြင္းကလီစာ ေရာဂါတစ္ခုခုရွိေနသူအတြက္ ခႏၶာကိုယ္အတြင္း ပိုးဝင္ႏိုင္မယ့္ ကိစၥေတြကို ေရွာင္ရွားသင့္ပါတယ္၊ ၿပီးေတာ့ တက္တူးဆရာေတြအေနနဲ႔လည္း တက္တူးအသစ္လာထိုးတဲ့သူေတြကို အနည္းဆုံးႏွစ္ပတ္အတြင္း ေရမကူးၾကဖို႔ သတိေပးသင့္ေၾကာင္း” ဆရာဝန္မ်ားက တိုက္တြန္းခဲ့ပါတယ္။
Credit:Popolay
Unicodeဖြင့်ဖတ်ရန်
တက်တူးအသစ်စက်စက်နဲ့ ရေသွားကူးမိလို့ သေဆုံး
တက်တူးထိုးရတာကို ကြိုက်နှစ်သက်သူများ အထူးသတိထားရမည့် သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ်အမျိုးသားတစ်ဦးမှာ တက်တူးအသစ်စက်စက် ထိုးထားခဲ့ပြီး တက်တူးဆရာ၏ ပြောစကားကို နားမထောင်ပဲ ရေးကူးမိတဲ့အတွက် အသက်ဆုံးရှုံးခဲ့ရပါတယ်။
အမည်မဖော်ပြထားတဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ညာဘက်လက်ဖျံပေါ်မှာ တက်တူးအသစ်တစ်ခုရေးထိုးခဲ့သည်မှာ ၅ ရက်ခန့်ပင်ရှိသေးသည်။ တက်တူးအသစ်ထိုးထားတဲ့အတွက် ရေကူးမယ်ဆိုရင် အနည်းဆုံး နှစ်ပတ်လောက်စောင့်ပြီးမှ ရေကူးဖို့ တက်တူးထိုးဆရာက အကြံပေးခဲ့ပေမယ့် အလေးမထားပဲ မက္ကစီကိုပင်လယ်ကွေ့ နေရာတွင် ရေကူးခဲ့ခြင်းဖြစ်သည်။
ရေကူးခဲ့ပြီးနောက် တစ်ရက်အကြာတွင် သူ၏ တက်တူးအသစ်နေရာက နာကျင်စုတ်ပြဲလာပြီး ရောဂါပိုးဝင်ခဲ့သည်။ ကိုယ်ခံအားများကျလာပြီး အဖျားဝင်လာခဲ့သလို တက်တူးအသစ်နေရာများတွင်လည်း အနာများမပျောက်ပဲ အသားနီလန်သည်အထိ အခြေအနေ ဆိုးခဲ့ရသည့်အတွက် ဆေးရုံသို့တင်ပို့ခဲ့ရသည်။
တစ်ရက်ကို ၃၄၀မီလီ ဘီယာဗူး ၆ ဗူး နေ့စဉ်သောက်ခဲ့သူမို့ အသည်းရောဂါလည်း ရှိထားသူဖြစ်သည့်အတွက် အနာမှယောင်ရမ်း ရောဂါပိုးဝင်ခဲ့တာကြာင့် သူ၏ အတွင်းကလီစာများ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပဲ ၂၄ နာရီအတွင်းမှာ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်လာပါတယ်။ ဆရာဝန်များက အသက်ကယ်နိုင်မည့်နည်းမျိုးစုံကို အသုံးပြုခဲ့ပြီး အခြေနေဆိုးမှ ပြန်လည် ကယ်တင်နိုင်သော်လည်း ဆေးရုံပေါ်တွင် နှစ်လတာမျှ ဆေးကုသမှုခံနေစဉ်အတွင်း ကျောက်ကပ်နှင့် အတွင်းကလီစာများ ဆုပ်ယုတ်လာပြီး သေဆုံးသွားခဲ့သည်။
“ကျောက်ကပ်ရောဂါနဲ့ အတွင်းကလီစာ ရောဂါတစ်ခုခုရှိနေသူအတွက် ခန္ဓာကိုယ်အတွင်း ပိုးဝင်နိုင်မယ့် ကိစ္စတွေကို ရှောင်ရှားသင့်ပါတယ်၊ ပြီးတော့ တက်တူးဆရာတွေအနေနဲ့လည်း တက်တူးအသစ်လာထိုးတဲ့သူတွေကို အနည်းဆုံးနှစ်ပတ်အတွင်း ရေမကူးကြဖို့ သတိပေးသင့်ကြောင်း” ဆရာဝန်များက တိုက်တွန်းခဲ့ပါတယ်။
Credit:Popolay


မှတ်ချက်များ