Zawgyi ျဖင့္ဖတ္ရန္
ကမာၻႀကီးမွာ ဘာသာစကားမတူ ၊ လူမ်ိဳးမတူၾကေပမယ့္ လူသားအားလုံးရဲ႕ တူညီတဲ့ စိတ္ကေတာ့ မိဘေတြကိုခ်စ္ခင္ျမတ္ႏိုးတာပဲျဖစ္ပါတယ္။ ဘဘဦးသုခေျပာသလိုဘာပဲျဖစ္ေနျဖစ္ေန အေမဟာ အေမပါပဲေနာ္။ မိဘေတြဟာ သားသမီးေတြအေပၚသူတို႔ရဲ႕ ႏုပ်ိဳမႈေတြနဲ႔ရင္းႏွီးၿပီး ျပဳစုပ်ိဳးေထာင္ေပးခဲ့ၾကသူေတြမႈ လုံးဝမေမ့အပ္တဲ့အရာပါ။ မိဘကိုသိတတ္တဲ့သူေတြဟာလည္း ဘယ္ေတာ့မွ မတိမ္ေကာပါဘူးလို႔လဲအဆိုရွိပါတယ္။
အခုလည္း ဖိလစ္ပိုင္ႏိုင္ငံက ေက်ာင္းသားေလးတစ္ဦးျဖစ္တဲ့ Paulo John တစ္ေယာက္ဟာ ဘြဲ႕ယူခ်ိန္မွာ မိခင္မရွိတာေၾကာင့္ သူ႔ရဲ႕ေဘးမွာ အေမ့ပုံတူ စကၠဴ႐ုပ္ပုံေလးနဲ႔ ဓာတ္ပုံ႐ိုက္ၿပီး တြစ္တာမွာ တင္ခဲ့ရာမွာ ျပန္လည္မွ်ေဝသူ ၅ ေသာင္းခန႔္ရွိခဲ့ပါတယ္။ ဓာတ္ပုံနဲ႔ အေမဟာ ကြၽန္ေတာ္ကို႔ ဘြဲ႕ရေအာင္ျမင္ခ်င္ခဲ့တာ အခုေတာ့အေမေပ်ာ္ႏိုင္မွာပါဆိုတဲ့ စာသားေလးဟာ ဖတ္မိသူတို႔အဖို႔ေတာ့ အေတာ္ေလးကို စိတ္မခ်မ့္ေျမ့ေစမွာ အမွန္ျဖစ္သလို ၊ မိဘကိုခ်စ္ခဲ့တဲ့သားမို႔ ဂ႐ုဏာသက္မိမွာလည္းအမွန္ပါပဲေနာ္။
Paulo John ရဲ႕အေမကေတာ့ ၂၀၁၆ ခုႏွစ္က နမိုးနီးယား ေရာဂါနဲ႔ ေသဆုံးခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။ မေသဆံးုခင္မွာ အေမျဖစ္သူဟာ သားအတြက္ ႐ုန္းကန္ခဲ့ရသလို ၊ အလုပ္ကိုႀကိဳစားလုပ္ခဲ့တာေတြကို အမွတ္ရမိတယ္လို႔ သူကဆိုပါတယ္။အခုလို သားေလးဘြဲ႕ယူတာဟာ အေမရဲ႕ အျဖစ္ခ်င္ဆုံးဆႏၵျဖစ္တာေၾကာင့္ အခုလိုဘြဲ႕ရရွိခ်ိန္မွာ ဘြဲ႕ႏွင္းသဘင္ကို အေမအ႐ြယ္တူ စကၠဴ႐ုပ္ႀကီးယူသြားခဲ့တာလို႔ ဆိုပါတယ္။
သူဟာ ဒီလိုယူေဆာင္သြားခဲ့တာဟာ ေဘးမွာ အေမရွိေနသလို ခံစားရတယ္လို႔ ဆိုပါတယ္။
Writer- SMT(Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
အမေ့ ပုံတူ ကဒ်ပြားရုပ်ကြီး ကိုင်ပြီး ဘွဲ့လာယူတဲ့ ကောင်းလေး ရဲ့ နောက်ကွယ်က ဝမ်းနည်းစရာ အမှန်တရား
ကမ္ဘာကြီးမှာ ဘာသာစကားမတူ ၊ လူမျိုးမတူကြပေမယ့် လူသားအားလုံးရဲ့ တူညီတဲ့ စိတ်ကတော့ မိဘတွေကိုချစ်ခင်မြတ်နိုးတာပဲဖြစ်ပါတယ်။ ဘဘဦးသုခပြောသလိုဘာပဲဖြစ်နေဖြစ်နေ အမေဟာ အမေပါပဲနော်။ မိဘတွေဟာ သားသမီးတွေအပေါ်သူတို့ရဲ့ နုပျိုမှုတွေနဲ့ရင်းနှီးပြီး ပြုစုပျိုးထောင်ပေးခဲ့ကြသူတွေမှု လုံးဝမမေ့အပ်တဲ့အရာပါ။ မိဘကိုသိတတ်တဲ့သူတွေဟာလည်း ဘယ်တော့မှ မတိမ်ကောပါဘူးလို့လဲအဆိုရှိပါတယ်။
အခုလည်း ဖိလစ်ပိုင်နိုင်ငံက ကျောင်းသားလေးတစ်ဦးဖြစ်တဲ့ Paulo John တစ်ယောက်ဟာ ဘွဲ့ယူချိန်မှာ မိခင်မရှိတာကြောင့် သူ့ရဲ့ဘေးမှာ အမေ့ပုံတူ စက္ကူရုပ်ပုံလေးနဲ့ ဓာတ်ပုံရိုက်ပြီး တွစ်တာမှာ တင်ခဲ့ရာမှာ ပြန်လည်မျှဝေသူ ၅ သောင်းခန့်ရှိခဲ့ပါတယ်။ ဓာတ်ပုံနဲ့ အမေဟာ ကျွန်တော်ကို့ ဘွဲ့ရအောင်မြင်ချင်ခဲ့တာ အခုတော့အမေပျော်နိုင်မှာပါဆိုတဲ့ စာသားလေးဟာ ဖတ်မိသူတို့အဖို့တော့ အတော်လေးကို စိတ်မချမ့်မြေ့စေမှာ အမှန်ဖြစ်သလို ၊ မိဘကိုချစ်ခဲ့တဲ့သားမို့ ဂရုဏာသက်မိမှာလည်းအမှန်ပါပဲနော်။
Paulo John ရဲ့အမေကတော့ ၂၀၁၆ ခုနှစ်က နမိုးနီးယား ရောဂါနဲ့ သေဆုံးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ မသေဆံးုခင်မှာ အမေဖြစ်သူဟာ သားအတွက် ရုန်းကန်ခဲ့ရသလို ၊ အလုပ်ကိုကြိုစားလုပ်ခဲ့တာတွေကို အမှတ်ရမိတယ်လို့ သူကဆိုပါတယ်။အခုလို သားလေးဘွဲ့ယူတာဟာ အမေရဲ့ အဖြစ်ချင်ဆုံးဆန္ဒဖြစ်တာကြောင့် အခုလိုဘွဲ့ရရှိချိန်မှာ ဘွဲ့နှင်းသဘင်ကို အမေအရွယ်တူ စက္ကူရုပ်ကြီးယူသွားခဲ့တာလို့ ဆိုပါတယ်။
သူဟာ ဒီလိုယူဆောင်သွားခဲ့တာဟာ ဘေးမှာ အမေရှိနေသလို ခံစားရတယ်လို့ ဆိုပါတယ်။
Writer- SMT(Shwe Yaung Lan)


မှတ်ချက်များ