ေရေသာက္နည္းလို႔ ခႏၶာကိုယ္မွာျဖစ္လာမယ့္ အခ်က္ျပလကၡဏာ (၇) ခု
Zawgyi ျဖင့္ဖတ္ရန္
ေရေသာက္ပါ၊ ေရေသာက္ပါလို႔ အၿမဲတိုက္တြန္းရတဲ့အေၾကာင္းရင္းက ရွိပါတယ္ေနာ္။ တစ္ရက္မေျပာနဲ႔၊ တစ္မနက္ေလာက္ ေရမေသာက္ဘဲေနလိုက္ရင္ပဲ ေနလို႔မေကာင္းတာ သတိထားမိတယ္မလား။
တစ္ေန႔ကို အနည္းဆုံး ေရ (၈) ခြက္ေတာ့ ေသာက္သုံးသင့္တယ္လို႔ က်န္းမာေရးအႀကံျပဳခ်က္ေတြ ရွိထားၿပီးသားပါ။ ဒါေပမယ့္ အလုပ္မအားလို႔၊ ေမ့ေနလို႔၊ ေရမဟုတ္တဲ့တျခားေသာက္စရာေတြ ေသာက္ေနလို႔(ေရေသာက္စရာမလိုဘူးထင္ေနတာ)ဆိုရင္ ေရဓာတ္လုံေလာက္ႏိုင္မွာမဟုတ္ပါဘူး။
ခႏၶာကိုယ္ က်န္းမာဖို႔ လိုအပ္တဲ့ေရဓါတ္ကိုျပည့္ျပည့္ဝဝမရရွိဘူးဆိုရင္ အခ်ိန္ၾကာလာနဲ႔အမွ် ခ်ိဳ႕ယြင္းမႈေတြျဖစ္လာႏိုင္တယ္၊ ခႏၶာကိုယ္လုပ္ေဆာင္ခ်က္ေတြကို ထိခိုက္ေစၿပီး ေလးဖက္နာ၊ ေခါင္းတစ္ျခမ္းကိုက္၊ ႏွလုံးေသြးေၾကာက်ဥ္း၊ အူမႀကီးအနာေပါက္ေရာဂါ၊ အစာမေၾကျခင္း၊ ေသြးတိုးေရာဂါ၊ အဝလြန္တာ၊ လိပ္ေခါင္း၊ ရင္သားကင္ဆာ၊ တီဘီအဆုတ္ေရာင္၊ ေက်ာက္ကပ္ေက်ာက္တည္ျခင္း၊ ထိပ္ကပ္နာ၊ သားအိမ္ကင္ဆာ စတဲ့ေရာဂါေတြျဖစ္လာႏိုင္တယ္။
ဒီေတာ့ ကိုယ္ေရေသာက္နည္းေနတာကို သတိမထားမိရင္ ျပႆနာရွိတယ္ေလ။ တကယ္လို႔ကိုယ္မွာ ဒီလကၡဏာေတြျဖစ္လာရင္ေတာ့ ေရေသာက္နည္းေနၿပီ၊ ခႏၶာကိုယ္မွာ ေရဓာတ္လိုအပ္ေနၿပီလို႔ သိလိုက္ပါေတာ့…
ဘာေတြျဖစ္လာမလဲ
(၁) အာေခါင္ေတြေျခာက္မယ္
ဒါက သိေတာ့သိသာပါတယ္။ ဒါေပမယ့္ တခါတေလ အာေခါင္ေျခာက္တာ၊ ပါးစပ္ထဲ ေစးကပ္ကပ္ျဖစ္တာမ်ိဳးကို ေရမေသာက္ဘဲ အခ်ိဳရည္ေတြ၊ ေကာ္ဖီေတြေသာက္ပစ္တာ ဆိုးပါတယ္။ ေရဓာတ္လိုအပ္လို႔ ခႏၶာကိုယ္က ျပတဲ့ လကၡဏာျဖစ္ေပမယ့္ တျခားအရာေတြစြက္တဲ့အရည္ဓာတ္ကို ျဖည့္တင္းလိုက္႐ုံနဲ႔မလုံေလာက္ပါဘူး။ အခ်ိဳရည္ေတြ၊ ကဖင္းေတြေၾကာင့္ ပိုၿပီးေတာင္ေရငတ္ရႏိုင္ပါတယ္။
(၂) အသားေျခာက္မယ္
အေရျပားက ခႏၶာကိုယ္ရဲ႕အႀကီးဆုံးအစိတ္အပိုင္းျဖစ္ေနေတာ့ ေရဓာတ္ျပည့္ဝဖို႔ ပိုၿပီးလိုအပ္ပါတယ္။ တကယ္ေတာ့ အသားေျခာက္တယ္ဆိုတာ ေရဓာတ္ခန္းေျခာက္မႈရဲ႕ အေစာဆုံးလကၡဏာတစ္ခုျဖစ္ပါတယ္။ ေရေသာက္နည္းေတာ့ ေခြၽးမထြက္ႏိုင္ဘူး၊ အသားအေရစိုျပည္မႈမရွိေတာ့ဘဲ ဝက္ၿခံေတြလည္းထြက္လာႏိုင္တယ္။
(၃) မ်က္လုံးေျခာက္မယ္
မ်က္လုံးေျခာက္ေသြ႕တာ၊ မ်က္ရည္ခန္းေျခာက္ေနတာက ေရဓာတ္နည္းေနလို႔ပါ။ ခႏၶာကိုယ္ထဲမွာ ေရဓာတ္ မလုံေလာက္မွေတာ့ မ်က္ရည္ႁပြန္လည္း ခန္းေျခာက္လာၿပီေပါ့။ မ်က္လုံးထဲဝင္လာသမွ် အမႈန္၊ ပိုးမႊား စတာေတြကို အလိုအေလ်ာက္ဖယ္ရွားေပးမယ့္ မ်က္ရည္ေတြနည္းေနမွာျဖစ္တဲ့အတြက္ မ်က္လုံးေျခာက္တဲ့အခါ ေနရခက္တာ၊ ၾကည့္မေကာင္းတာ၊ ပိုးဝင္တာေတြ ျဖစ္လြယ္ေစပါတယ္။
(၄) အဆစ္ေတြနာမယ္
အ႐ိုးႏုနဲ႔ ေက်ာ႐ိုးဆစ္ေတြရဲ႕ဖြဲ႕စည္းမႈမွာလည္း ေရဓာတ္ကအေရးပါပါတယ္။ ခႏၶာကိုယ္မွာ ေရဓာတ္မလုံေလာက္တဲ့အခါ လႈပ္ရွားလိုက္တိုင္း အ႐ိုးအဆစ္ေတြတဂြၽတ္ဂြၽတ္ျဖစ္ေနေတာ့မွာပါ။
(၅) ေနမေကာင္းတာရွည္မယ္
ေရေသာက္လိုက္ရင္ ကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားသန႔္စင္ေပးဖို႔ ကူညီတာ သဘာဝလုပ္ေဆာင္ခ်က္ပါ။ ေရဓာတ္မလုံေလာက္ရင္ ဒီလုပ္ေဆာင္ခ်က္ ကေမာက္ကမျဖစ္ၿပီး ကိုယ္ခံအားစနစ္ကိုပါ အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။
(၆) ေမာပန္းေနမယ္၊ ႏုံးေနမယ္
အေပၚမွာေျပာခဲ့သလိုပဲ ခႏၶာကိုယ္က ေရဓာတ္ခန္းေျခာက္တဲ့အခါ ေသြးထဲကေနယူသုံးပါတယ္။ ဒီေတာ့ ေရဓာတ္မလုံေလာက္ေတာ့တဲ့ေသြးေတြက ခႏၶာကိုယ္အႏွံ႔ေပးပို႔ဖို႔ ေအာက္ဆီဂ်င္မရွိေတာ့ပါဘူး။ ေအာက္ဆီဂ်င္နည္းတဲ့အခါ လူက အိပ္ခ်င္တာ၊ ေမာပန္းႏုံးခ်ိေနတာေတြျဖစ္ေစတတ္ပါတယ္။
(၇) အစာေျခစနစ္ျပႆနာေတြျဖစ္လာမယ္
ေရဓာတ္မလုံေလာက္တဲ့အခါ လည္ေခ်ာင္းနဲ႔ခံတြင္းမွာ တံေတြးနဲ႔ခႊၽဲေတြနည္းလာၿပီး အစာအိမ္အက္စစ္ေၾကာင့္ ခႏၶာကိုယ္အတြင္းပိုင္းမွာ ထိခိုက္မႈေတြျဖစ္လာေစႏိုင္ပါတယ္။ အဲဒီအခါ ရင္ပူတာ၊ အစာမေၾကတာေတြလိုမ်ိဳး အျဖစ္မ်ားတဲ့ျပႆနာေတြ ျဖစ္လာတာေပါ့။
ေရးသားသူ Yun Sandi Nan Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win
Credit : hello sayarwon
Unicode ဖြင့်ဖတ်ရန်
ရေသောက်နည်းလို့ ခန္ဓာကိုယ်မှာဖြစ်လာမယ့် အချက်ပြလက္ခဏာ (၇) ခု
ရေသောက်ပါ၊ ရေသောက်ပါလို့ အမြဲတိုက်တွန်းရတဲ့အကြောင်းရင်းက ရှိပါတယ်နော်။ တစ်ရက်မပြောနဲ့၊ တစ်မနက်လောက် ရေမသောက်ဘဲနေလိုက်ရင်ပဲ နေလို့မကောင်းတာ သတိထားမိတယ်မလား။
တစ်နေ့ကို အနည်းဆုံး ရေ (၈) ခွက်တော့ သောက်သုံးသင့်တယ်လို့ ကျန်းမာရေးအကြံပြုချက်တွေ ရှိထားပြီးသားပါ။ ဒါပေမယ့် အလုပ်မအားလို့၊ မေ့နေလို့၊ ရေမဟုတ်တဲ့တခြားသောက်စရာတွေ သောက်နေလို့(ရေသောက်စရာမလိုဘူးထင်နေတာ)ဆိုရင် ရေဓာတ်လုံလောက်နိုင်မှာမဟုတ်ပါဘူး။
ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်တဲ့ရေဓါတ်ကိုပြည့်ပြည့်ဝဝမရရှိဘူးဆိုရင် အချိန်ကြာလာနဲ့အမျှ ချို့ယွင်းမှုတွေဖြစ်လာနိုင်တယ်၊ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေပြီး လေးဖက်နာ၊ ခေါင်းတစ်ခြမ်းကိုက်၊ နှလုံးသွေးကြောကျဉ်း၊ အူမကြီးအနာပေါက်ရောဂါ၊ အစာမကြေခြင်း၊ သွေးတိုးရောဂါ၊ အဝလွန်တာ၊ လိပ်ခေါင်း၊ ရင်သားကင်ဆာ၊ တီဘီအဆုတ်ရောင်၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ထိပ်ကပ်နာ၊ သားအိမ်ကင်ဆာ စတဲ့ရောဂါတွေဖြစ်လာနိုင်တယ်။
ဒီတော့ ကိုယ်ရေသောက်နည်းနေတာကို သတိမထားမိရင် ပြဿနာရှိတယ်လေ။ တကယ်လို့ကိုယ်မှာ ဒီလက္ခဏာတွေဖြစ်လာရင်တော့ ရေသောက်နည်းနေပြီ၊ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေပြီလို့ သိလိုက်ပါတော့…
ဘာတွေဖြစ်လာမလဲ
(၁) အာခေါင်တွေခြောက်မယ်
ဒါက သိတော့သိသာပါတယ်။ ဒါပေမယ့် တခါတလေ အာခေါင်ခြောက်တာ၊ ပါးစပ်ထဲ စေးကပ်ကပ်ဖြစ်တာမျိုးကို ရေမသောက်ဘဲ အချိုရည်တွေ၊ ကော်ဖီတွေသောက်ပစ်တာ ဆိုးပါတယ်။ ရေဓာတ်လိုအပ်လို့ ခန္ဓာကိုယ်က ပြတဲ့ လက္ခဏာဖြစ်ပေမယ့် တခြားအရာတွေစွက်တဲ့အရည်ဓာတ်ကို ဖြည့်တင်းလိုက်ရုံနဲ့မလုံလောက်ပါဘူး။ အချိုရည်တွေ၊ ကဖင်းတွေကြောင့် ပိုပြီးတောင်ရေငတ်ရနိုင်ပါတယ်။
(၂) အသားခြောက်မယ်
အရေပြားက ခန္ဓာကိုယ်ရဲ့အကြီးဆုံးအစိတ်အပိုင်းဖြစ်နေတော့ ရေဓာတ်ပြည့်ဝဖို့ ပိုပြီးလိုအပ်ပါတယ်။ တကယ်တော့ အသားခြောက်တယ်ဆိုတာ ရေဓာတ်ခန်းခြောက်မှုရဲ့ အစောဆုံးလက္ခဏာတစ်ခုဖြစ်ပါတယ်။ ရေသောက်နည်းတော့ ချွေးမထွက်နိုင်ဘူး၊ အသားအရေစိုပြည်မှုမရှိတော့ဘဲ ဝက်ခြံတွေလည်းထွက်လာနိုင်တယ်။
(၃) မျက်လုံးခြောက်မယ်
မျက်လုံးခြောက်သွေ့တာ၊ မျက်ရည်ခန်းခြောက်နေတာက ရေဓာတ်နည်းနေလို့ပါ။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ် မလုံလောက်မှတော့ မျက်ရည်ပြွန်လည်း ခန်းခြောက်လာပြီပေါ့။ မျက်လုံးထဲဝင်လာသမျှ အမှုန်၊ ပိုးမွှား စတာတွေကို အလိုအလျောက်ဖယ်ရှားပေးမယ့် မျက်ရည်တွေနည်းနေမှာဖြစ်တဲ့အတွက် မျက်လုံးခြောက်တဲ့အခါ နေရခက်တာ၊ ကြည့်မကောင်းတာ၊ ပိုးဝင်တာတွေ ဖြစ်လွယ်စေပါတယ်။
(၄) အဆစ်တွေနာမယ်
အရိုးနုနဲ့ ကျောရိုးဆစ်တွေရဲ့ဖွဲ့စည်းမှုမှာလည်း ရေဓာတ်ကအရေးပါပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်မလုံလောက်တဲ့အခါ လှုပ်ရှားလိုက်တိုင်း အရိုးအဆစ်တွေတဂျွတ်ဂျွတ်ဖြစ်နေတော့မှာပါ။
(၅) နေမကောင်းတာရှည်မယ်
ရေသောက်လိုက်ရင် ကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးဖို့ ကူညီတာ သဘာဝလုပ်ဆောင်ချက်ပါ။ ရေဓာတ်မလုံလောက်ရင် ဒီလုပ်ဆောင်ချက် ကမောက်ကမဖြစ်ပြီး ကိုယ်ခံအားစနစ်ကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
(၆) မောပန်းနေမယ်၊ နုံးနေမယ်
အပေါ်မှာပြောခဲ့သလိုပဲ ခန္ဓာကိုယ်က ရေဓာတ်ခန်းခြောက်တဲ့အခါ သွေးထဲကနေယူသုံးပါတယ်။ ဒီတော့ ရေဓာတ်မလုံလောက်တော့တဲ့သွေးတွေက ခန္ဓာကိုယ်အနှံ့ပေးပို့ဖို့ အောက်ဆီဂျင်မရှိတော့ပါဘူး။ အောက်ဆီဂျင်နည်းတဲ့အခါ လူက အိပ်ချင်တာ၊ မောပန်းနုံးချိနေတာတွေဖြစ်စေတတ်ပါတယ်။
(၇) အစာခြေစနစ်ပြဿနာတွေဖြစ်လာမယ်
ရေဓာတ်မလုံလောက်တဲ့အခါ လည်ချောင်းနဲ့ခံတွင်းမှာ တံတွေးနဲ့ခွျှဲတွေနည်းလာပြီး အစာအိမ်အက်စစ်ကြောင့် ခန္ဓာကိုယ်အတွင်းပိုင်းမှာ ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ အဲဒီအခါ ရင်ပူတာ၊ အစာမကြေတာတွေလိုမျိုး အဖြစ်များတဲ့ပြဿနာတွေ ဖြစ်လာတာပေါ့။
ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
Credit : hello sayarwon

မှတ်ချက်များ