၁၇ နာရီၾကာ လက္လွည့္ဂြထဲမွာ လိင္တံညပ္ေနခဲ့သည့္ အမ်ိဳးသားကို သြားဆရာဝန္ ကယ္တင္ခဲ့


Zawgyiျဖင့္ဖတ္ရန္

လြန္ခဲ့သည့္ ရက္သတၱပတ္ ညခ်ိန္တြင္ လက္လွည့္ဂြတံထဲတြင္ လိင္တံညပ္ေနေသာ အမ်ိဳးသားတစ္ဦး ေဆး႐ုံသို႔ အေရးေပၚ အေျခအေနနဲ႔ ေရာက္ရွိလာခဲ့သည္။ ဆရာဝန္မ်ားႏွင့္ အေရးေပၚကယ္ဆယ္ေရး မီးသတ္အဖြဲ႕မ်ား ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိျဖစ္ေနခ်ိန္တြင္ သြားဆရာဝန္မ်ား၏ ေျဖရွင္းေပးမႈေၾကာင့္ ေအာင္ျမင္စြာ ေျဖရွင္းႏိုင္ခဲ့ေၾကာင္း သိရွိရသည္။

ဇြန္လ ၂ ရက္ေန႔ ည ၉ နာရီ ၃၀ အခ်ိန္ခန႔္တြင္  တ႐ုပ္ႏိုင္ငံ လင္ဟီးၿမိဳ႕ေဆး႐ုံသို႔ အသက္ ၃၇ ႏွစ္အ႐ြယ္အမ်ိဳးသားတစ္ဦး သူ၏ ေယာက်္ားအဂၤါ(လိင္တံ)က လက္လွည့္ဂြတံထဲတြင္ ၁၅ နာရီၾကာမွ်ညပ္ေနခဲ့ေသာေၾကာင့္ လိင္တံတစ္ေခ်ာင္းလုံး ေသြးမ်ားစုကာ သေျပသီးေရာင္ထကာ ေရာင္ကိုင္းေနေသာ အေျခအေနနဲ႔ ေရာက္ရွိလာခဲ့သည္။


ေဆး႐ုံမွ ဆရာဝန္မ်ားက အေရးေပၚအစည္းအေဝးတစ္ခု ခ်က္ခ်င္းျပဳလုပ္ကာ ဂြတံထဲမွ လိင္တံ လြတ္ေျမာက္ေအာင္ ျပဳလုပ္ရမည့္နည္းလမ္းကို အေျဖရွာခဲ့ၾကသည္။ ထို႔ေနာက္ ဆုံးျဖတ္ခ်က္ခ်ခဲ့သည့္အတိုင္း လိင္တံမွ ေသြးေၾကာမႀကီးကို ေဖာက္ထုတ္ကာ ေသြးမ်ားကို ထုတ္ပစ္မည္၊ ေသြးေလ်ာ့သြားပါက လိင္တံသည္ ဂြတံထဲမွ လြတ္ေျမာက္သြားႏိုင္မည့္ နည္းလမ္းကို လုပ္ေဆာင္ရန္ ျပင္ဆင္ၾကသည္။ သို႔ေသာ္ ထိုကဲ့သို႔ျပဳလုပ္ႏိုင္ရန္ မိသားစုဝင္၏ သေဘာတူညီခ်က္လက္မွတ္ရရွိရန္ လိုအပ္သည္။ ထို႔ေၾကာင့္ လူနာ၏ မိဘမ်ားထံ ဖုန္းဆက္ကာ အေၾကာင္းၾကားခဲ့ရာ ေဆး႐ုံသို႔ လာေရာက္မည္ဟု ျပန္လည္ေျဖၾကားခဲ့ၿပီး လက္ေတြ႕တြင္မူ ေရာက္မလာခဲ့ၾကေပ။

ထို႔ေၾကာင့္ အဆိုပါနည္းလမ္းကို မသုံးႏိုင္ေတာ့သည့္အတြက္ ယင္းကိစၥမ်ားတြင္ ေအတြ႕အႀကဳံရွိေသာ အေရးေပၚကယ္ဆယ္ေရး မိးသတ္သမားမ်ားထံ ဆက္သြယ္ခဲ့ၾကသည္။ မီးသတ္သမားမ်ား ေရာက္လာခဲ့ၿပီး အနီးကပ္ေသခ်ာ ေလ့လာခဲ့ၿပီးေနာက္ သူတို႔လဲ မလုပ္နိင္ေၾကာင္း လက္ေလွ်ာ့ခဲ့ၾကသည္။

ကံေကာင္းေထာက္မစြာျဖင့္ ဆရာဝန္တစ္ဦးက သြားဆရာဝန္ကို အကူညီေတာင္လွ်င္ ျဖစ္ႏိုင္ေၾကာင္း အႀကံေပးခဲ့သျဖင့္ သြားဆရာဝန္မ်ားကို ကူညီရန္ ေခၚယူခဲ့ၾကသည္။ သြားေရာဝန္မ်ားက သူတို႔၏ လြန္သြားအေသးစားေလးကို သုံးကာ ဂြကို ျဖည္းျဖည္းခ်င္း ျဖတ္ထုတ္ခဲ့ၾကရသည္။ ျဖတ္ထုတ္ရာတြင္ လြန္သြားအရွိန္ေၾကာင့္ ဂြတံမွာ ပူက်က္လာႏိုင္သျဖင့္ ေရစိမ္ထားၿပီးမွ မိနစ္ ၃၀ ၾကာေအာင္ ျဖတ္ထုတ္ခဲ့ရာ ေအာင္ျမင္သြားခဲ့သည္။

သတင္းထုတ္ျပန္ခ်က္တြင္ ဂြအတြင္းသို႔ လိင္တံ မည္သို႔မည္ပုံ ဝင္သြားသည္ကို မေဖာ္ျပျပပဲ ခ်န္လွပ္ထားခဲ့ၿပီး အဆိုပါ အမ်ိဳးသားမွာ လူပ်ိဳတစ္ဦးျဖစ္ေၾကာင္း သိရွိရသည္။

Credit:Popolay

Unicodeဖြင့်ဖတ်ရန်

၁၇ နာရီကြာ လက်လှည့်ဂွထဲမှာ လိင်တံညပ်နေခဲ့သည့် အမျိုးသားကို သွားဆရာဝန် ကယ်တင်ခဲ့

လွန်ခဲ့သည့် ရက်သတ္တပတ် ညချိန်တွင် လက်လှည့်ဂွတံထဲတွင် လိင်တံညပ်နေသော အမျိုးသားတစ်ဦး ဆေးရုံသို့ အရေးပေါ် အခြေအနေနဲ့ ရောက်ရှိလာခဲ့သည်။ ဆရာဝန်များနှင့် အရေးပေါ်ကယ်ဆယ်ရေး မီးသတ်အဖွဲ့များ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေချိန်တွင် သွားဆရာဝန်များ၏ ဖြေရှင်းပေးမှုကြောင့် အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၂ ရက်နေ့ ည ၉ နာရီ ၃၀ အချိန်ခန့်တွင်  တရုပ်နိုင်ငံ လင်ဟီးမြို့ဆေးရုံသို့ အသက် ၃၇ နှစ်အရွယ်အမျိုးသားတစ်ဦး သူ၏ ယောကျ်ားအင်္ဂါ(လိင်တံ)က လက်လှည့်ဂွတံထဲတွင် ၁၅ နာရီကြာမျှညပ်နေခဲ့သောကြောင့် လိင်တံတစ်ချောင်းလုံး သွေးများစုကာ သပြေသီးရောင်ထကာ ရောင်ကိုင်းနေသော အခြေအနေနဲ့ ရောက်ရှိလာခဲ့သည်။

ဆေးရုံမှ ဆရာဝန်များက အရေးပေါ်အစည်းအဝေးတစ်ခု ချက်ချင်းပြုလုပ်ကာ ဂွတံထဲမှ လိင်တံ လွတ်မြောက်အောင် ပြုလုပ်ရမည့်နည်းလမ်းကို အဖြေရှာခဲ့ကြသည်။ ထို့နောက် ဆုံးဖြတ်ချက်ချခဲ့သည့်အတိုင်း လိင်တံမှ သွေးကြောမကြီးကို ဖောက်ထုတ်ကာ သွေးများကို ထုတ်ပစ်မည်၊ သွေးလျော့သွားပါက လိင်တံသည် ဂွတံထဲမှ လွတ်မြောက်သွားနိုင်မည့် နည်းလမ်းကို လုပ်ဆောင်ရန် ပြင်ဆင်ကြသည်။ သို့သော် ထိုကဲ့သို့ပြုလုပ်နိုင်ရန် မိသားစုဝင်၏ သဘောတူညီချက်လက်မှတ်ရရှိရန် လိုအပ်သည်။ ထို့ကြောင့် လူနာ၏ မိဘများထံ ဖုန်းဆက်ကာ အကြောင်းကြားခဲ့ရာ ဆေးရုံသို့ လာရောက်မည်ဟု ပြန်လည်ဖြေကြားခဲ့ပြီး လက်တွေ့တွင်မူ ရောက်မလာခဲ့ကြပေ။

ထို့ကြောင့် အဆိုပါနည်းလမ်းကို မသုံးနိုင်တော့သည့်အတွက် ယင်းကိစ္စများတွင် အေတွ့အကြုံရှိသော အရေးပေါ်ကယ်ဆယ်ရေး မိးသတ်သမားများထံ ဆက်သွယ်ခဲ့ကြသည်။ မီးသတ်သမားများ ရောက်လာခဲ့ပြီး အနီးကပ်သေချာ လေ့လာခဲ့ပြီးနောက် သူတို့လဲ မလုပ်နိင်ကြောင်း လက်လျှော့ခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် ဆရာဝန်တစ်ဦးက သွားဆရာဝန်ကို အကူညီတောင်လျှင် ဖြစ်နိုင်ကြောင်း အကြံပေးခဲ့သဖြင့် သွားဆရာဝန်များကို ကူညီရန် ခေါ်ယူခဲ့ကြသည်။ သွားရောဝန်များက သူတို့၏ လွန်သွားအသေးစားလေးကို သုံးကာ ဂွကို ဖြည်းဖြည်းချင်း ဖြတ်ထုတ်ခဲ့ကြရသည်။ ဖြတ်ထုတ်ရာတွင် လွန်သွားအရှိန်ကြောင့် ဂွတံမှာ ပူကျက်လာနိုင်သဖြင့် ရေစိမ်ထားပြီးမှ မိနစ် ၃၀ ကြာအောင် ဖြတ်ထုတ်ခဲ့ရာ အောင်မြင်သွားခဲ့သည်။

သတင်းထုတ်ပြန်ချက်တွင် ဂွအတွင်းသို့ လိင်တံ မည်သို့မည်ပုံ ဝင်သွားသည်ကို မဖော်ပြပြပဲ ချန်လှပ်ထားခဲ့ပြီး အဆိုပါ အမျိုးသားမှာ လူပျိုတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

Credit:Popolay

မှတ်ချက်များ