Zawgyi ျဖင့္ဖတ္ရန္
Jessica Smithအမည္ရွိတဲ့ အမ်ိဳးသမီးတစ္ဦးဟာ ကင္ဆာေဝဒနာသည္ဟန္ေဆာင္ကာ အလႉေငြေတြေကာက္ခံခဲ့တယ္လို႔ Pennsylvania ရဲတပ္ဖြဲ႕မွတစ္ဆင့္ သိရပါတယ္။ထိုအမ်ိဳးသမီးဟာ ကင္ဆာေဝဒနာသည္ဟန္ေဆာင္ကာ ေဖ့ဘြက္လူမႈကြန္ယက္စာမ်က္ႏွာႏွင့္ Go Fund Me တို႔မွတစ္ဆင့္ ေဒၚလာတစ္ေသာင္းေက်ာ္အလႉေငြမ်ား ေကာက္ခံကာ ခိုးယူသြားခဲ့ပါတယ္။
ခ်ယ္စ္တာႏိုင္ငံမွာ ေနထိုင္သူ အသက္၃၂ႏွစ္အ႐ြယ္Jessica Smithဟာ ဆိုရွယ္မီဒီယာမွတစ္ဆင့္ သူမဟာ မ်ိဳး႐ိုးစဥ္ဆက္ျဖစ္ႏိုင္တဲ့ (HNPCC)အမည္ရွိကင္ဆာေဝဒနာေၾကာင့္ ေဆးဖိုးေတြ အလြန္အမင္းကုန္က်ေနကာ အလုပ္မလုပ္ႏိုင္ျခင္းေၾကာင့္ ကေလးေတြအတြက္ ပိုက္ဆံနဲ႔ကုန္က်စရိတ္ေတြ လိုအပ္ေနေၾကာင္းေျပာကာ အလႉေငြေတာင္းခံခဲ့တာပဲျဖစ္ပါတယ္။
သူမဟာ Penn Medicine မွာ ကင္ဆာကုထုံးခံယူေနရတာျဖစ္တယ္လို႔လည္း ဆိုခဲ့ပါတယ္။
သူမအတြက္လႉဒါန္းေငြေတြကိုေတာ့ သူမခင္ပြန္း Smith နဲ႔တြဲဖြင့္ထားတဲ့ ဘဏ္အေကာင့္ထဲကို ေငြသြင္းေပးထားခဲ့ၿပီး အလႉခံရရွိေငြ ေဒၚလာ၁ေသာင္းေက်ာ္တယ္လို႔သိရပါတယ္။
အခုလက္ရွိမွာေတာ့ ရဲေတြက ထိုအမ်ိဳးသမီးကို စစ္ေဆးေနၾကၿပီး သတင္းေထာက္ေတြကလည္း သူမမွာ ကင္ဆာေရာဂါကုသေနေၾကာင္း အေထာက္အထားမျပႏိုင္ဘူးလို႔ ဆိုၾကပါတယ္။
Writer -LLA ( Shwe Yaung Lan )
Unicode ဖြင့်ဖတ်ရန်
ကင်ဆာရှိချင်ယောင်ဆောင်ပြီး အလှူငွေကောက်ခံရာမှ ကျပ်သိန်းပေါင်း ၁၀၀ ကျော်ရရှိခဲ့တဲ့ အမျိုးသမီး
Jessica Smithအမည်ရှိတဲ့ အမျိုးသမီးတစ်ဦးဟာ ကင်ဆာဝေဒနာသည်ဟန်ဆောင်ကာ အလှူငွေတွေကောက်ခံခဲ့တယ်လို့ Pennsylvania ရဲတပ်ဖွဲ့မှတစ်ဆင့် သိရပါတယ်။ထိုအမျိုးသမီးဟာ ကင်ဆာဝေဒနာသည်ဟန်ဆောင်ကာ ဖေ့ဘွက်လူမှုကွန်ယက်စာမျက်နှာနှင့် Go Fund Me တို့မှတစ်ဆင့် ဒေါ်လာတစ်သောင်းကျော်အလှူငွေများ ကောက်ခံကာ ခိုးယူသွားခဲ့ပါတယ်။
ချယ်စ်တာနိုင်ငံမှာ နေထိုင်သူ အသက်၃၂နှစ်အရွယ်Jessica Smithဟာ ဆိုရှယ်မီဒီယာမှတစ်ဆင့် သူမဟာ မျိုးရိုးစဉ်ဆက်ဖြစ်နိုင်တဲ့ (HNPCC)အမည်ရှိကင်ဆာဝေဒနာကြောင့် ဆေးဖိုးတွေ အလွန်အမင်းကုန်ကျနေကာ အလုပ်မလုပ်နိုင်ခြင်းကြောင့် ကလေးတွေအတွက် ပိုက်ဆံနဲ့ကုန်ကျစရိတ်တွေ လိုအပ်နေကြောင်းပြောကာ အလှူငွေတောင်းခံခဲ့တာပဲဖြစ်ပါတယ်။
သူမဟာ Penn Medicine မှာ ကင်ဆာကုထုံးခံယူနေရတာဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။
သူမအတွက်လှူဒါန်းငွေတွေကိုတော့ သူမခင်ပွန်း Smith နဲ့တွဲဖွင့်ထားတဲ့ ဘဏ်အကောင့်ထဲကို ငွေသွင်းပေးထားခဲ့ပြီး အလှူခံရရှိငွေ ဒေါ်လာ၁သောင်းကျော်တယ်လို့သိရပါတယ်။
အခုလက်ရှိမှာတော့ ရဲတွေက ထိုအမျိုးသမီးကို စစ်ဆေးနေကြပြီး သတင်းထောက်တွေကလည်း သူမမှာ ကင်ဆာရောဂါကုသနေကြောင်း အထောက်အထားမပြနိုင်ဘူးလို့ ဆိုကြပါတယ်။
Writer -LLA ( Shwe Yaung Lan )

မှတ်ချက်များ