Zawgyi ဖြင့်ဖတ်ရန်
Unicode ဖြင့်ဖတ်ရန်
အဲကွန်းထဲက မြွေတွေ ထွက်လာလို့ ထိန်လန့်စရာ အဖြစ်အပျက်ကို သတိထားဖို့ မျှဝလောတဲ့ အမျိုးသား
ကမ္ဘာကြီး ပူနွေးလာတာကြောင့် သတ္တဝါတွေရဲ့ နေထိုင်ကျက်စားရာ နေရာဒေသတွေဟာလည်း တစ်ဖြေးဖြေးနဲ့ကျုံ့လာသလို ၊ သစ်တောပြုန်းမှု ရေကြီးမှုတွေကြောင့်လည်း
မြွေကဲ့သို့အစရှိတဲ့သတ္တဝါတွေဟာ လူတွေရဲ့အနီးကိုပင် ရွေ့ပြောင်းနေထိုင်လာကြတာကိုတွေ့ရပါတယ်။ အထူးသဖြင့် ကားထဲ ၊ အိမ်ထဲတွေမှာအပြင် မဖြစ်နိုင်ဘူးလို့ထင်
ထားတဲ့ အဲ့ကွန်းထဲမှာတောင် ဝင်ရောက်နေထိုင်မှုတွေဖြစ်လာတာကိုတွေ့ရပါတယ်။
ဒီအကြောင်းကို ထိုင်းနိုင်ငံက ဆိုတဲ့ Somkiet Pawarasook အမျိုးသားတစ် ယောက်ဟာအခန်းထဲမှာ အသံဗလံတွေ ကြားနေလို့ လိုက်ရှာရင်းကနေ နောက်ဆုံးတော့ အဲကွန်းထဲ
က မြွေတွေကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ မြွေတွေဟာ အအေးဓာတ်ရှိတဲ့ အဲကွန်းဆီမှာဘယ်လို ရောက်လာမှန်းမသိပေမယ့် သူတို့ကို ဖယ်ထုတ်ပြီးရေတွက်ကြည့်ရာမှာတော့စုစုပေါင်း (၅) ကောင်တိတိ ရှိနေတာကိုတွေ့ခဲ့ရပါတယ်။
တစ်ကောင်ကတော့ ခိုက်မိထားပုံရပြီးသွေးတွေထွက်နေပါတယ်။ ထိုအမျိုးသားကတော့သူတို့ကို ဒုက္ခပေးလိုတာကြောင့်မဟုတ်ပေမယ့် သူ့မှာလည်းကလေးငယ်တွေရှိနေတာမို့ မိသားစုအတွက်စဉ်းစားရတာကြောင့် ဖယ်ထုတ်ရမှာဖြစ်တယ်လို့ ပြောဆိုမှုအပေါ်တိချစ်သူများရဲ့ ဝေဖန်မှုတွေကို ကြုံနေရပါတယ်။
ဒါကြောင့် ပရိသတ်ကြီးတို့ အနေနဲ့လည်း အဲကွန်းက မအေးတော့ဘူးလို့ ထင်တာဖြစ်ဖြစ် ၊ အသံတွေကြားလို့ဖြစ်ဖြစ် အရမ်းကာရော မဖွင့်မိကြစေဖို့အတွက် သတိပေးတင်ပြလိုက်ပါတယ်နော်။
Writer- SMT(Shwe Yaung Lan)


မှတ်ချက်များ