ခ်စ္သူသက္တမ္း(၈)ႏွစ္၊(၈)လ၊(၈) ရက္ ျပည့္သြားတဲ့ နန္းသူဇာနဲ႔ ေက်ာ္ထြဋ္ေဆြ


Zawgyiျဖင့္ဖတ္ရန္

ဒီႏွစ္ (၂၀၁၉)ခုႏွစ္ထဲမွာေတာ့ ႏိုင္ငံတကာမွာေရာ၊ျမန္မာ အႏုပညာေလာကထဲမွာပါ ဆယ္လီစံုတြဲ ေတြ ေတာ္ေတာ္ေလး ကြဲၾက ၊လမ္းခြဲ ၾကတာကိုေတြ႔ရပါတယ္။အကြဲအျပဲေတြ အရမ္းကိုမ်ားေနတဲ့ အခ်စ္နဲ႔ အိမ္ေထာင္ေရး နယ္ပယ္ထဲမွာ  နားလည္မႈေတြ၊အခ်စ္ေမတၱာတရားေတြ နဲ႔ အခုထိ ေရႊလက္တြဲ ၿမဲ ေနၾကတဲ့ သူေတြလည္း ရွိပါတယ္။  ခ်စ္သက္တမ္းၾကာရွည္ေပမယ့္ တည္ၿမဲေနတဲ့ စံုတြဲေတြထဲမွာေတာ့ ကိုေက်ာ္ႀကီး ဆိုၿပီး ပရိသတ္ေတြက ေခၚၾကတဲ့ ေက်ာ္ထြဋ္ေဆြ နဲ႔ နန္းသူ ဇာတုိ႔ စံုတြဲ ကလည္း တစ္တြဲ အပါအ၀င္ပါ။

ကိုေက်ာ္ႀကီးနဲ႔ နန္းသူဇာတို႔ကေတာ့ အရမ္းကို ခ်စ္စရာေကာင္းတဲ့ စံုတြဲေလးပါ။အႏုပညာေလာကထဲ စ၀င္တည္းက အခုခ်ိန္ထိ အခ်စ္ေတြ မျပယ္ၾကတဲ့ အတြဲ ေလးပါ။Surprise ေတြ ခဏခဏလုပ္ၿပီး အရမ္း Ro တတ္တဲ့ စံုတြဲ မ်ိဳးေတာ့ မဟုတ္ေပမယ့္ တစ္ေယာက္နဲ႔ တစ္ေယာက္ ခ်စ္သူလိုေရာ၊သူငယ္ခ်င္း ေမာင္ႏွမ ေတြလိုပဲ နားလည္မႈ အျပည့္ နဲ႔ လက္တြဲ ေနၾကတဲ့ စံုတြဲ ေလး ဆိုတာကိုေတာ့ သူတုိ႔ႏွစ္ေယာက္တစ္ေယာက္နဲ႔ တစ္ေယာက္ ေျပာဆို ဆက္ဆံ ပံုေလးေတြကို ၾကည့္ရင္သိႏိုင္ပါတယ္။တြဲလာတဲ့ ခ်စ္သူသက္တမ္းကေတာ့ (၉)ႏွစ္နီးပါးေလာက္ကို ရွိပါၿပီ။

နန္းသူဇာ ကေတာ့ သူမရဲ႕ Fb မွာ ခ်စ္သူနဲ႔  တြဲလာတဲ့ ခ်စ္သက္တမ္း ကို ေဖာ္ျပ ခဲ့ပါတယ္။(၈)ႏွစ္၊(၈)လ (၈) ရက္ ရွိၿပီ ဆုိၿပီး  ကိုေက်ာ္ႀကီးကို With လုပ္ၿပီး တင္ထားပါတယ္။

“8 years 8 months 8 days 💚
ရစ်နည်းပေါင်းချုပ်ဆရာကြီး 👽 ဂြိုလ်သား က.ထ.ဆ နဲ့ တူတူ ရစ်ပေါင်းများစွာ ဆက်ရစ်သွားကြမယ်နော် 😂

Lub youuuu Kyaw Htut Swe 👽…” ဆုိၿပီး ခ်စ္သူနဲ႔ စံုတြဲ ပံုေလးကို တင္ရင္း ေျပာထားပါတယ္။

ျမန္မာဆယ္လီ ေလာကထဲမွာဆုိရင္ နန္းသူဇာနဲ႔ ကိုေက်ာ္ႀကီးတို႔ စံုတြဲ အျပင္ တြဲလာတာၾကာေနတဲ့ ေနာက္ထပ္ စံုတြဲ တစ္တြဲ ကေတာ့ လႊမ္းပိုင္နဲ႔ Bobby Soxer တုိ႔ အတြဲပါ။အႏုပညာရွင္အသိုင္းအ၀ိုင္းကေရာ၊ပရိသတ္ေတြ ကပါ ႀကံဳ ရင္ ႀကံဳ သလို အျမန္ဆံုး လက္ထပ္ၾကဖုိ႔ တိုက္တြန္းခံေနရတဲ့ အတြဲေလးေတြပါ။

Source:နန္းသူဇာရဲ႕ Fb

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ချစ်သူသက်တမ်း(၈)နှစ်၊(၈)လ၊(၈) ရက် ပြည့်သွားတဲ့ နန်းသူဇာနဲ့ ကျော်ထွဋ်ဆွေ

ဒီနှစ် (၂၀၁၉)ခုနှစ်ထဲမှာတော့ နိုင်ငံတကာမှာရော၊မြန်မာ အနုပညာလောကထဲမှာပါ ဆယ်လီစုံတွဲ တွေ တော်တော်လေး ကွဲကြ ၊လမ်းခွဲ ကြတာကိုတွေ့ရပါတယ်။အကွဲအပြဲတွေ အရမ်းကိုများနေတဲ့ အချစ်နဲ့ အိမ်ထောင်ရေး နယ်ပယ်ထဲမှာ  နားလည်မှုတွေ၊အချစ်မေတ္တာတရားတွေ နဲ့ အခုထိ ရွှေလက်တွဲ မြဲ နေကြတဲ့ သူတွေလည်း ရှိပါတယ်။  ချစ်သက်တမ်းကြာရှည်ပေမယ့် တည်မြဲနေတဲ့ စုံတွဲတွေထဲမှာတော့ ကိုကျော်ကြီး ဆိုပြီး ပရိသတ်တွေက ခေါ်ကြတဲ့ ကျော်ထွဋ်ဆွေ နဲ့ နန်းသူ ဇာတို့ စုံတွဲ ကလည်း တစ်တွဲ အပါအဝင်ပါ။

ကိုကျော်ကြီးနဲ့ နန်းသူဇာတို့ကတော့ အရမ်းကို ချစ်စရာကောင်းတဲ့ စုံတွဲလေးပါ။အနုပညာလောကထဲ စဝင်တည်းက အခုချိန်ထိ အချစ်တွေ မပြယ်ကြတဲ့ အတွဲ လေးပါ။Surprise တွေ ခဏခဏလုပ်ပြီး အရမ်း Ro တတ်တဲ့ စုံတွဲ မျိုးတော့ မဟုတ်ပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ချစ်သူလိုရော၊သူငယ်ချင်း မောင်နှမ တွေလိုပဲ နားလည်မှု အပြည့် နဲ့ လက်တွဲ နေကြတဲ့ စုံတွဲ လေး ဆိုတာကိုတော့ သူတို့နှစ်ယောက်တစ်ယောက်နဲ့ တစ်ယောက် ပြောဆို ဆက်ဆံ ပုံလေးတွေကို ကြည့်ရင်သိနိုင်ပါတယ်။တွဲလာတဲ့ ချစ်သူသက်တမ်းကတော့ (၉)နှစ်နီးပါးလောက်ကို ရှိပါပြီ။

နန်းသူဇာ ကတော့ သူမရဲ့ Fb မှာ ချစ်သူနဲ့  တွဲလာတဲ့ ချစ်သက်တမ်း ကို ဖော်ပြ ခဲ့ပါတယ်။(၈)နှစ်၊(၈)လ (၈) ရက် ရှိပြီ ဆိုပြီး  ကိုကျော်ကြီးကို With လုပ်ပြီး တင်ထားပါတယ်။

“8 years 8 months 8 days 💚
ရဈနညျးပေါငျးခြုပျဆရာကွီး 👽 ဂွိုလျသား က.ထ.ဆ နဲ့ တူတူ ရဈပေါငျးမြားစှာ ဆကျရဈသှားကွမယျနောျ 😂

Lub youuuu Kyaw Htut Swe 👽…” ဆိုပြီး ချစ်သူနဲ့ စုံတွဲ ပုံလေးကို တင်ရင်း ပြောထားပါတယ်။

မြန်မာဆယ်လီ လောကထဲမှာဆိုရင် နန်းသူဇာနဲ့ ကိုကျော်ကြီးတို့ စုံတွဲ အပြင် တွဲလာတာကြာနေတဲ့ နောက်ထပ် စုံတွဲ တစ်တွဲ ကတော့ လွှမ်းပိုင်နဲ့ Bobby Soxer တို့ အတွဲပါ။အနုပညာရှင်အသိုင်းအဝိုင်းကရော၊ပရိသတ်တွေ ကပါ ကြုံ ရင် ကြုံ သလို အမြန်ဆုံး လက်ထပ်ကြဖို့ တိုက်တွန်းခံနေရတဲ့ အတွဲလေးတွေပါ။

Source:နန်းသူဇာရဲ့ Fb

Credit:Shwemom

မှတ်ချက်များ