ေၾကာင္ေဂဟာထဲက ေၾကာင္ေတြကို လူလစ္တိုင္း အျမဲလႊတ္ေပးတတ္တဲ့ ေၾကာင္ေလး


Zawgyiျဖင့္ဖတ္ရန္

အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္ ဟူစတန္ၿမိဳ႕က ေၾကာင္ေလးတစ္ေကာင္ဟာ Friends for Life တိရစာၦန္ေဂဟာမွာ ရွိေနပါတယ္။ သူ႔နာမည္ကေတာ့ ကြစ္တီပါ။ အစပိုင္းတုန္းကေတာ့ ကြစ္တီကို တျခားေၾကာင္ေတြနဲ႔ အတူတူ ထားထားပါတယ္။ ဒါေပမယ့္ သူက ေဂဟာထဲက ေၾကာင္ေတြကို တစ္ေန႔အၾကိမ္ေပါင္းမ်ားစြာ အခန္းထဲကလြတ္ေအာင္ လုပ္လုပ္ေပးေနေတာ့ သူ႔ကို အခုေတာ့ သတ္သတ္ခြဲထားရပါတယ္။

ကြစ္တီက အကင္းပါးတဲ့ေၾကာင္ေလးလည္း ျဖစ္ပါတယ္။ ၀န္ထမ္းေတြ လစ္ၿပီဆိုတာနဲ႔ သူ႔ကို ပိတ္ထားတဲ့ အခန္းတံခါးေတြကေန အျပင္ကို မေရာက္ေရာက္ေအာင္ ထြက္လာတတ္ပါေသးတယ္။ ဒါေပမယ့္ ကံေကာင္းေထာက္မလို႔ ၀န္ထမ္းေတြက ကြစ္တီကို အျမဲတမ္း ျပန္ဖမ္းမိခဲ့ပါတယ္။ ကြစ္တီကေတာ့ အျပင္ထြက္ဖို႔ လြတ္ခါနီးမွ လူအဖမ္းခံရတာကို စိတ္ညစ္ေနပံုပါပဲ။

ဒါကေတာ့ လက္ကိုင္တံခါးကိို ဖြင့္ဖို႔ ၾကိဳးစားေနတဲ့ ကြစ္တီေလးရဲ႕ဗီဒီယိုဖိုင္ေလးပါ။ ဒီဗီဒီယိုဖိုင္ေလး တစ္ခုတည္းနဲ႔တင္ ကြစ္တီဟာ ဘယ္ေလာက္ဥာဏ္ေကာင္းသလဲဆိုတာကို ေတြ႔ရမွာ ျဖစ္ပါတယ္။ ေဂဟာကေန အျပင္ကို ေရာက္ဖို႔အေရး အျမဲတမ္းေခ်ာင္းေျမာင္းေနတတ္တဲ့ ေၾကာင္ေလးလည္း ျဖစ္ပါတယ္။

ကြစ္တီရဲ႕အေၾကာင္းကို Friends for Life ေဂဟာက ေဖ့စ္ဘုတ္မွာ ရွဲၿပီးေနာက္ပိုင္း ကြတ္တီဟာ ေန႔ခ်င္းညခ်င္း ဆယ္လီျဖစ္လာတာပါ။ လက္ရွိမွာေတာ့ ကြစ္တီဟာ ၄င္းကို ေမြးစားမယ္လို႔ ယူဆရသူေတြဆီမွာ ပထမဆံုးအၾကိမ္အေနနဲ႔ ေဂဟာကထြက္ၿပီး ညအိပ္ညေန သြားေရာက္ဖို႔ ရွိေနေၾကာင္းလည္း buzzfeed သတင္းအရ သိရပါတယ္။

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ကြောင်ဂေဟာထဲက ကြောင်တွေကို လူလစ်တိုင်း အမြဲလွှတ်ပေးတတ်တဲ့ ကြောင်လေး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့က ကြောင်လေးတစ်ကောင်ဟာ Friends for Life တိရစ္ဆာန်ဂေဟာမှာ ရှိနေပါတယ်။ သူ့နာမည်ကတော့ ကွစ်တီပါ။ အစပိုင်းတုန်းကတော့ ကွစ်တီကို တခြားကြောင်တွေနဲ့ အတူတူ ထားထားပါတယ်။ ဒါပေမယ့် သူက ဂေဟာထဲက ကြောင်တွေကို တစ်နေ့အကြိမ်ပေါင်းများစွာ အခန်းထဲကလွတ်အောင် လုပ်လုပ်ပေးနေတော့ သူ့ကို အခုတော့ သတ်သတ်ခွဲထားရပါတယ်။

ကွစ်တီက အကင်းပါးတဲ့ကြောင်လေးလည်း ဖြစ်ပါတယ်။ ဝန်ထမ်းတွေ လစ်ပြီဆိုတာနဲ့ သူ့ကို ပိတ်ထားတဲ့ အခန်းတံခါးတွေကနေ အပြင်ကို မရောက်ရောက်အောင် ထွက်လာတတ်ပါသေးတယ်။ ဒါပေမယ့် ကံကောင်းထောက်မလို့ ဝန်ထမ်းတွေက ကွစ်တီကို အမြဲတမ်း ပြန်ဖမ်းမိခဲ့ပါတယ်။ ကွစ်တီကတော့ အပြင်ထွက်ဖို့ လွတ်ခါနီးမှ လူအဖမ်းခံရတာကို စိတ်ညစ်နေပုံပါပဲ။

ဒါကတော့ လက်ကိုင်တံခါးကို ဖွင့်ဖို့ ကြိုးစားနေတဲ့ ကွစ်တီလေးရဲ့ဗီဒီယိုဖိုင်လေးပါ။ ဒီဗီဒီယိုဖိုင်လေး တစ်ခုတည်းနဲ့တင် ကွစ်တီဟာ ဘယ်လောက်ဉာဏ်ကောင်းသလဲဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဂေဟာကနေ အပြင်ကို ရောက်ဖို့အရေး အမြဲတမ်းချောင်းမြောင်းနေတတ်တဲ့ ကြောင်လေးလည်း ဖြစ်ပါတယ်။

ကွစ်တီရဲ့အကြောင်းကို Friends for Life ဂေဟာက ဖေ့စ်ဘုတ်မှာ ရှဲပြီးနောက်ပိုင်း ကွတ်တီဟာ နေ့ချင်းညချင်း ဆယ်လီဖြစ်လာတာပါ။ လက်ရှိမှာတော့ ကွစ်တီဟာ ၎င်းကို မွေးစားမယ်လို့ ယူဆရသူတွေဆီမှာ ပထမဆုံးအကြိမ်အနေနဲ့ ဂေဟာကထွက်ပြီး ညအိပ်ညနေ သွားရောက်ဖို့ ရှိနေကြောင်းလည်း buzzfeed သတင်းအရ သိရပါတယ်။

Credit:Shwemom

မှတ်ချက်များ