ဗိုက္ထဲကကေလးေရမြန္းေနတာေတာင္ ဆရာဝန္ကအမ်ိဳးသားျဖစ္ေနလို႔ ျငင္းဆန္ခဲ့သူ


Zawgyiျဖင့္ဖတ္ရန္

မိခင္ေတြရဲ႕မေသးတဲ့ဒုကၡထဲ သားဖြားမီးယပ္အထူးကုနဲ႔ျပရတာလည္း တစ္ခုအပါအဝင္ပါပဲ။ အမ်ိဳးသမီးေတြဟာ နဂိုကတည္းကမွ အရွက္ေၾကာက္ႀကီးတတ္ၾကတဲ့အတြက္ ျမန္မာအမ်ိဳးသမီးေတြဆိုပိုဆိုးေပါ့။ ဗိုက္ထဲကရင္ေသြးေလးေၾကာင့္သာ သားဖြားမီးယပ္ဆရာဝန္နဲ႔ျပေနရေပမယ့္ အမ်ိဳးသားအထူးကုသာျဖစ္ခဲ့မယ္ဆိုရင္ စိတ္ထဲကသိကေအာက္ျဖစ္မိမွာေတာ့အမွန္ပါပဲ။

ဒီကိစၥနဲ႔ပတ္သက္ၿပီး World of Buzz မွာ သတင္းတစ္ပုဒ္ဖတ္ခဲ့ရပါတယ္။ အဲဒါကေတာ့ ကိုယ္ဝန္သည္တစ္ေယာက္ဟာ ဗိုက္ခြဲေမြးဖို႔အတြက္ တာဝန္ယူမယ့္ဆရာဝန္က အမ်ိဳးသားျဖစ္ေနခဲ့တာေၾကာင့္ အေၾကာက္အကန္ျငင္းဆန္ခဲ့တဲ့သတင္းပါ။

ဒီအေၾကာင္းကိုေတာ့ အဲဒီဆရာဝန္ကိုယ္တုိင္ပဲ သူ႕ရဲ႕ Twitter account မွာ ႏိုဝင္ဘာ ၉ ရက္ေန႔တုန္းက ဝမ္းနည္းစြာနဲ႔တင္ထားခဲ့တာပါ။ ဆရာဝန္ရဲ႕ tweet အရဆိုရင္ အဲဒီေန႔ညတုန္းက အေရးေပၚဌာနကို ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ေယာက္ေရာက္လာခဲ့ပါတယ္တဲ့။ ေဆးဝန္ထမ္းေတြစမ္းသပ္ၾကည့္လိုက္တဲ့အခ်ိန္မွာေတာ့ ဗိုက္ထဲကကေလးဟာ ေရေတာင္မြန္းေနပါၿပီတဲ့။

ဒါနဲ႔ကၽြမ္းက်င္တဲ့ဆရာဝန္ကိုအေျပးေခၚရပါေတာ့တယ္။ ကေလးကို ဗိုက္ခြဲၿပီးခ်က္ခ်င္းမထုတ္ဘူးဆိုရင္ အဲဒီေနရာမွတင္ ေရမြန္းၿပီး ေသဆံုးသြားမယ့္အေနအထားေရာက္ေနလို႔ပါပဲ။ ဒါေပမဲ့ ညမွာ တာဝန္က်တဲ့ဆရာဝန္ဆိုလို႔ အမ်ိဳးသားဆရာဝန္ ၃ ေယာက္သာ ရွိေနခဲ့တာပါ။ ေနာက္ၿပီး အမ်ိဳးသမီးကလည္း ကေလးေမြးဖို႔ သီးသန္႔ဆရာဝန္နဲ႔ အပ္ထားတာမ်ိဳးမရွိတဲ့အတြက္ေၾကာင့္ ဘယ္ဆရာဝန္ခြဲခြဲ ခြဲခြင့္ရွိေနခဲ့တာေၾကာင့္ တာဝန္က်တဲ့ သံုးေယာက္ထဲကမွ အခု tweet ပိုင္ရွင္ဆရာဝန္က ခြဲေမြးေပးဖို႔ျဖစ္လာခဲ့ပါတယ္။

ဒါေပမဲ့ သူေရာက္သြားတဲ့အခါ ကိုယ္ဝန္သည္က အမ်ိဳးသားဆရာဝန္ျဖစ္တာေၾကာင့္မခြဲဘူးဆိုၿပီးပဲေျပာကာ အေၾကာက္အကန္ျငင္းေနခဲ့ပါတယ္တဲ့ေလ။ ကေလးကေရမြန္းေနၿပီ၊ စကၠန္႔မေရြးေသဆံုးႏုိင္တဲ့အေျခအေနပါဆိုတာေတာင္မွပဲ ဆရာဝန္မကိုပဲ ေခၚေပးပါဆိုၿပီး ေျပာေနခဲ့တာပါတဲ့။ ဒါေၾကာင့္ ေဆးဝန္ထမ္းေတြခင္ဗ်ာ တာဝန္ခ်ိန္မဟုတ္တဲ့ သားဖြားမီးယပ္ဆရာဝန္မတစ္ေယာက္ကို ဖုန္းဆက္ေခၚေပးခဲ့ရပါတယ္တဲ့ေလ။

ျပန္ေကာက္ႏုတ္ရမယ္ဆိုရင္ေတာ့ အမ်ိဳးသမီးေတြမွာ ေနထုိင္ရာလူ႕အဖြဲ႕အစည္းရဲ႕ ေရွးရိုးစြဲအယူအဆေတြ၊ ကိုးကြယ္တဲ့ဘာသာေတြေၾကာင့္ အရွက္နဲ႔သိကၡ၊ စည္းေဘာင္ေတြကို ေတာ္ေတာ္ေလး တန္ဖိုးထားတတ္ၾကပါတယ္။ ဒါေပမဲ့ အရွက္တရားရွိတယ္ဆိုတာ ျဖစ္သင့္တဲ့ကိုယ့္က်င့္တရားတစ္ခုျဖစ္ေပမယ့္လို႔ အရွက္ကိုအျမဲတမ္းႀကီးေရွ႕တမ္းတင္ထားတဲ့အခါက်ရင္ေတာ့ သိပ္အဆင္ေျပလွမယ္လို႔မထင္မိပါဘူး။ ဒီျပႆနာကိုပဲၾကည့္ပါေလ။ မရွက္သင့္ဘဲ ရွက္ေနတဲ့အတြက္ အခန္႔မသင့္ရင္ ဗိုက္ထဲကကေလးေရာ သူမကုိယ္တုိင္ပါ အသက္ဆံုးရံႈးသြားႏုိင္တဲ့အေနအထားတစ္ခုပါ။

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ဗိုက်ထဲကကလေးရေမွန်းနေတာတောင် ဆရာဝန်ကအမျိုးသားဖြစ်နေလို့ ငြင်းဆန်ခဲ့သူ

မိခင်တွေရဲ့မသေးတဲ့ဒုက္ခထဲ သားဖွားမီးယပ်အထူးကုနဲ့ပြရတာလည်း တစ်ခုအပါအဝင်ပါပဲ။ အမျိုးသမီးတွေဟာ နဂိုကတည်းကမှ အရှက်ကြောက်ကြီးတတ်ကြတဲ့အတွက် မြန်မာအမျိုးသမီးတွေဆိုပိုဆိုးပေါ့။ ဗိုက်ထဲကရင်သွေးလေးကြောင့်သာ သားဖွားမီးယပ်ဆရာဝန်နဲ့ပြနေရပေမယ့် အမျိုးသားအထူးကုသာဖြစ်ခဲ့မယ်ဆိုရင် စိတ်ထဲကသိကအောက်ဖြစ်မိမှာတော့အမှန်ပါပဲ။

ဒီကိစ္စနဲ့ပတ်သက်ပြီး World of Buzz မှာ သတင်းတစ်ပုဒ်ဖတ်ခဲ့ရပါတယ်။ အဲဒါကတော့ ကိုယ်ဝန်သည်တစ်ယောက်ဟာ ဗိုက်ခွဲမွေးဖို့အတွက် တာဝန်ယူမယ့်ဆရာဝန်က အမျိုးသားဖြစ်နေခဲ့တာကြောင့် အကြောက်အကန်ငြင်းဆန်ခဲ့တဲ့သတင်းပါ။

ဒီအကြောင်းကိုတော့ အဲဒီဆရာဝန်ကိုယ်တိုင်ပဲ သူ့ရဲ့ Twitter account မှာ နိုဝင်ဘာ ၉ ရက်နေ့တုန်းက ဝမ်းနည်းစွာနဲ့တင်ထားခဲ့တာပါ။ ဆရာဝန်ရဲ့ tweet အရဆိုရင် အဲဒီနေ့ညတုန်းက အရေးပေါ်ဌာနကို ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ရောက်လာခဲ့ပါတယ်တဲ့။ ဆေးဝန်ထမ်းတွေစမ်းသပ်ကြည့်လိုက်တဲ့အချိန်မှာတော့ ဗိုက်ထဲကကလေးဟာ ရေတောင်မွန်းနေပါပြီတဲ့။

ဒါနဲ့ကျွမ်းကျင်တဲ့ဆရာဝန်ကိုအပြေးခေါ်ရပါတော့တယ်။ ကလေးကို ဗိုက်ခွဲပြီးချက်ချင်းမထုတ်ဘူးဆိုရင် အဲဒီနေရာမှတင် ရေမွန်းပြီး သေဆုံးသွားမယ့်အနေအထားရောက်နေလို့ပါပဲ။ ဒါပေမဲ့ ညမှာ တာဝန်ကျတဲ့ဆရာဝန်ဆိုလို့ အမျိုးသားဆရာဝန် ၃ ယောက်သာ ရှိနေခဲ့တာပါ။ နောက်ပြီး အမျိုးသမီးကလည်း ကလေးမွေးဖို့ သီးသန့်ဆရာဝန်နဲ့ အပ်ထားတာမျိုးမရှိတဲ့အတွက်ကြောင့် ဘယ်ဆရာဝန်ခွဲခွဲ ခွဲခွင့်ရှိနေခဲ့တာကြောင့် တာဝန်ကျတဲ့ သုံးယောက်ထဲကမှ အခု tweet ပိုင်ရှင်ဆရာဝန်က ခွဲမွေးပေးဖို့ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ သူရောက်သွားတဲ့အခါ ကိုယ်ဝန်သည်က အမျိုးသားဆရာဝန်ဖြစ်တာကြောင့်မခွဲဘူးဆိုပြီးပဲပြောကာ အကြောက်အကန်ငြင်းနေခဲ့ပါတယ်တဲ့လေ။ ကလေးကရေမွန်းနေပြီ၊ စက္ကန့်မရွေးသေဆုံးနိုင်တဲ့အခြေအနေပါဆိုတာတောင်မှပဲ ဆရာဝန်မကိုပဲ ခေါ်ပေးပါဆိုပြီး ပြောနေခဲ့တာပါတဲ့။ ဒါကြောင့် ဆေးဝန်ထမ်းတွေခင်ဗျာ တာဝန်ချိန်မဟုတ်တဲ့ သားဖွားမီးယပ်ဆရာဝန်မတစ်ယောက်ကို ဖုန်းဆက်ခေါ်ပေးခဲ့ရပါတယ်တဲ့လေ။

ပြန်ကောက်နုတ်ရမယ်ဆိုရင်တော့ အမျိုးသမီးတွေမှာ နေထိုင်ရာလူ့အဖွဲ့အစည်းရဲ့ ရှေးရိုးစွဲအယူအဆတွေ၊ ကိုးကွယ်တဲ့ဘာသာတွေကြောင့် အရှက်နဲ့သိက္ခ၊ စည်းဘောင်တွေကို တော်တော်လေး တန်ဖိုးထားတတ်ကြပါတယ်။ ဒါပေမဲ့ အရှက်တရားရှိတယ်ဆိုတာ ဖြစ်သင့်တဲ့ကိုယ့်ကျင့်တရားတစ်ခုဖြစ်ပေမယ့်လို့ အရှက်ကိုအမြဲတမ်းကြီးရှေ့တမ်းတင်ထားတဲ့အခါကျရင်တော့ သိပ်အဆင်ပြေလှမယ်လို့မထင်မိပါဘူး။ ဒီပြဿနာကိုပဲကြည့်ပါလေ။ မရှက်သင့်ဘဲ ရှက်နေတဲ့အတွက် အခန့်မသင့်ရင် ဗိုက်ထဲကကလေးရော သူမကိုယ်တိုင်ပါ အသက်ဆုံးရှုံးသွားနိုင်တဲ့အနေအထားတစ်ခုပါ။

Credit:Shwemom

မှတ်ချက်များ