စိတ္မခ်မ္းေျမ႕ဖြယ္ကိစၥေတြ မျဖစ္မေနလုပ္ခဲ႔ရတဲ႔ Game of Thrones သရုပ္ေဆာင္မ်ား
Zawgyiျဖင့္ဖတ္ရန္
HBO ရုပ္ျမင္သံၾကားကြန္ယက္အတြက္ေတာ့ Game of Thrones က အေအာင္ျမင္ဆံုး ပေရာဂ်က္လို႔ ဆိုရမွာပါ။ ဇာတ္လမ္းတြဲတစ္တြဲကို ၾကည့္ရႈသူ သန္း ၂၀ နီးပါေလာက္ ကပ္ပါတယ္။ ဇာတ္လမ္း ဇာတ္အိမ္ လွည့္ကြက္ေတြေၾကာင့္သာ မဟုတ္ဘဲ အဓိက ဇာတ္ေဆာင္ေတြ မေမွ်ာ္လင့္ထားဘဲ ေသဆံုးသြားတတ္ေတြက စီးရီး ေအာင္ျမင္ရျခင္းမွာ တစ္စိတ္တစ္ေဒသ အျဖစ္ပါ၀င္ေနပါတယ္။ ဇာတ္ေဆာင္ေတြရဲ႕ စင္လံုးေခ်ာ သရုပ္ေဆာင္မႈေတြေၾကာင့္လည္း ပါတာေပါ့။ ရိုက္ကြင္းေပၚမွာဆို သရုပ္ေဆာင္ေတြဟာ သူတို႔အေနနဲ႔ အေကာင္းဆံု လုပ္ေဆာင္ၾကသလို စိတ္မခ်မ္းသာဖြယ္ေတြကိုေတာင္မွ လုပ္လိုက္ရတာေတြရွိပါတယ္။
ဇာတ္ေဆာင္ေတြအေနနဲ႔ ရုပ္ရွင္ရဲ႕ လိုအပ္ခ်က္ေတြအတြက္ ဘယ္လို ေပးဆပ္ခဲ့လဲဆိုတာကို နားလည္ေစႏိုင္ဖို႔အတြက္ ရည္ရြယ္ျပီး အေၾကာင္းအခ်က္အခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။
ရဲဖမ္းခံရမွာကို Jon Snow ရဲ႕ ေရွ႕ေရးနဲ႔ ေရွာင္လႊဲခဲ့တဲ့ Kit Harington
Jon Snow ေနရာက သရုပ္ေဆာင္တဲ့ Kit Harington ဟာ အျပင္မွာ ကားကို သတ္မွတ္ထားတဲ့ ႏႈန္းထက္ ပိုေမာင္းမိလို႔ ရဲဖမ္းတာခံရပါတယ္။ ရဲ အရာရွိက Harington ရဲ႕ ကားကို တားျပီး အခု စခန္းကိုလိုက္ခဲ့မလား၊ ဒါမွ မဟုတ္ ေနာက္ စီးရီးမွာ Jon Snow အသက္ရွင္လား ဆိုျပီး ေမးပါသတဲ့။ မင္းသားခမ်ားလည္း “ဟုတ္ကဲ့ ေနာက္အတြဲမွာ ကၽြန္ေတာ္ အသက္ရွင္ပါတယ္” ဆိုျပီး အမွန္တိုင္းေျဖမွ ရဲသားက “သြားလို႔ရပါျပီ Lord Commandar” ဆိုျပီး လႊတ္ေပးလိုက္ေၾကာင္း သိရပါတယ္။
၂ ႏွစ္ေလာက္ ေခါင္းမေလွ်ာ္ရတဲ့ Sophie Turner
Sansa Stark ေနရာက သရုပ္ေဆာင္ခဲ့တဲ့ Sophie Turner ဟာ သူမရဲ႕ ဇာတ္ေကာင္းရဲ႕ စရိုက္နဲ႔ လိုက္ဖက္မႈရွိေအာင္ စြမ္းေဆာင္ခဲ့ပါတယ္။ မင္းသားေတြအမ်ားၾကီးနဲ႔ တြဲသရုပ္ေဆာင္ရေပမယ့္ သူမဟာ ေခါင္းေလွ်ာ္ရည္ သံုးစြဲမႈ ေလွ်ာ့ခဲ့ရပါတယ္။ အေၾကာင္းကေတာ့ သူမဟာ King’s Landing ကေန ထြက္ေျပးလြတ္ေျမာက္လာခဲ့တဲ့ အပိုင္းေတြမွာ သဘာ၀အတိုင္း ဖိုသီဖတ္သီျဖစ္ေနေအာင္လို႔ သိရပါတယ္။
Season 5 လည္း ရိုက္မယ္လုပ္ေရာ သူမကို ေခါင္းမေလွ်ာ္ဖို႔ စျပီး ေတာင္းဆိုခဲ့ၾကပါတယ္။ “တကယ္ကို စိတ္ပ်က္စရာေကာင္းပါတယ္၊ ကၽြန္မ အခု ဆံပင္တု ၀တ္မွသာ စိတ္ၾကိဳက္ ေခါင္းေလွ်ာ္ႏိုင္ေတာ့တယ္” လို႔ဆိုပါတယ္။ သူမဟာ မသတီစရာေကာင္းတဲ့ ဆံပင္ေတြနဲ႔ ၂ ႏွစ္ေလာက္ေနခဲ့ရတယ္လို႔လည္း ေျပာျပထားပါတယ္။
ျမင္းေပၚက ျပဳတ္က်ခဲ့တဲ့ Maisie Williams
Arya Stark အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ ဒီ မင္းသမီးကေတာ့ ပထမ အတြဲရဲ႕ အပိုင္းတစ္ပိုင္းမွာ ျမင္းစီးရင္ ျပဳတ္က်ခဲ့တယ္လို႔ သိရပါတယ္။ သရုပ္ေဆာင္ေတြဟာ အိုက္စလန္ ျမင္းေတြနဲ႔ ေလ့က်င့္ခဲ့ရပါတယ္။
တစ္ၾကိမ္မွာ မင္းသမီးဟာ ျမင္းေပၚက ဆင္းဖို႔ လုပ္တုန္း ျမင္း ဇက္ၾကိဳးနဲ႔ ျငိျပီး မေအာင္ျမင္ျဖစ္ခဲ့ပါတယ္။ အဲ့ဒီမွာ သူမဟာ ျမင္းေပၚကေန လန္က်ခဲ့ျပီး သူမကိုယ္ သူမလည္း တကယ္ ရယ္စရာေကာင္းခဲ့ေၾကာင္း ျပန္လည္ေျပာျပခဲ့ပါတယ္။
ဒီဇယ္ေငြ႔ေတြရႈျပီး အဆိပ္သင့္ခဲ့တဲ့ Jerome Flynn
Bronn ေနရာက သရုပ္ေဆာင္ခဲ့တဲ့ Jerome Flynn ဟာ နဂါးေတြနဲ႔ တိုက္ပြဲျဖစ္တဲ့ အခန္းမွာ ထိခိုက္ ဒဏ္ရာရရွိခဲ့ပါတယ္။ ဓာတ္ပံု ဒါရိုက္တာ (D.O.P) Rober McLachlan ဟာ ဒီဇယ္ဆီကုိ အသံုးျပဳျပီး မီးခိုမဲေတြထြက္တာ သဘာ၀က်ေအာင္ ဖန္တီးခဲ့ပါတယ္။ Jerome Flynn ဟာ မီးကြင္းရဲ႕ အလယ္မွာ အခ်ိန္ၾကာျမင့္စြာေနခဲ့ရျပီး တျခား သရုပ္ေဆာင္ေတြ မီးခိုး အကာအကြယ္ တပ္ေနခ်ိန္မွာ သူအေနနဲ႔ အခြင့္အေရးမရွိခဲ့ပါဘူး။ ၄င္းဟာ ျပင္းထန္းစြာ အဆိပ္သင့္ခဲ့ပါတယ္။
ရယ္စရာေကာင္းတာကေတာ့ သူ႔အေနနဲ႔ Daenerys’s ရဲ႕ နဂါးကို တိုက္ခိုက္မိလို႔ သူရဲ႕ စာပို႔သမားဟာ အခုဆို သူ႔ကို မုန္းေနေၾကာင္း မင္းသားက ေျပာျပပါတယ္။
၀က္၀ံအစစ္နဲ႔ ရိုက္ခဲ့ရတဲ့ Gwendoline Christie
Brienne ၀က္၀ံနဲ႔ ေတြ႔တဲ့အခန္းက ကြန္ပ်ဳတာ ဂရပ္ဖစ္ေတြနဲ႔ ဖန္တီးထားတာမဟုတ္ခဲ့ပါဘူး။ မင္းသမီးရဲ႕အဆိုရ ၀က္၀ံကအစစ္ျဖစ္ျပီး Bart Junior ဆိုတဲ့ နာမည္ေတာင္ရွိပါသတဲ့။ ၄င္း ၀က္၀ံက တျခား ပေရာဂ်က္ေတြမွာလည္း အဲ့ဒီ့မတိုင္ခင္ ပါ၀င္သရုပ္ေဆာင္ဖူးတယ္လို႔ သိရပါတယ္။ ရိုက္ကူးေနခ်ိန္မွာလည္း မင္းသမီးနဲ႔ ၀က္၀ံၾကားမွာ လွ်ပ္စစ္ အကာအရံနဲ႔ ျခားထားခဲ့ေၾကာင္း သိရပါတယ္။
လူမုန္း တအားမ်ားသြားတဲ့ Lena Headey
Cersei Lannister ေနရာမွာ သရုပ္ေဆာင္ခဲ့တဲ့ Headey က်ျပန္ေတာ့လည္း သူမရဲ႕ ဇာတ္ရုပ္ကို ပရိသတ္ေတြက သိပ္မုန္းတာေၾကာင့္ အျပင္မွာလည္း ဆိုးရြားတဲ့ အေျခအေနေတြနဲ႔ ရင္ဆိုင္ရပါတယ္။ သူမရဲ႕ ဒုတိယ ရင္ေသြးကို ႏို႔တိုက္ဖို႔ ကူညီေပးေနတဲ့ သူနာျပဳဆို သူမကို “ရွက္ျပီး လဲေသဖို႔ေကာင္းတယ္” လို႔ ေျပာပါသတဲ့။ ဘယ္လိုပဲ ျဖစ္ျဖစ္ Headey ကေတာ့ သူမ သရုပ္ေဆာင္ပီျပင္တယ္လို႔ပဲ သေဘာထားခဲ့ပါတယ္။
မ်က္ႏွာကို အၾကိမ္ၾကိမ္ ထိုးခံခဲ့ရတဲ့ Iwan Rheon
Kit Harington ရဲ႕ အၾကိမ္မ်ားစြာ ထိုးႏွက္မႈကို Ramsey Snow ရဲ႕ ေနရာမွာ သရုပ္ေဆာင္ခဲ့တဲ့ မင္းသားဟာ ခံစားခဲ့ရပါတယ္။ Harington ရဲ႕ အဆိုအရ Rheon ဟာ ဒီေနရာမွာ တကယ္ကို သဘာက်က် သရုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ လက္သီးနဲ႔ အခ်က္ေပါင္းမ်ားစြား တကယ္ အထိုးခံခဲ့ရတာေတာင္ ၄င္းက အမွန္တကယ္ ေပ်ာ္ရႊင္ေနခဲ့တယ္လို႔ သိရပါတယ္။
အသည္းႏွလံုး စားရတဲ့ အခန္းမွာ မအီမသာ ခံစားခဲ့ရတဲ့ Emilia Clarke
Daenerys Targaryen အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ မင္းသမီးအတြက္ေတာ့ အသည္းႏွလံုးစားျပရတဲ့ အခန္းက တကယ္ ခက္ခဲခဲ့ပါတယ္။ ရိုက္ကူးေရးမွာလည္း သူမအေနနဲ႔ ျမင္း ႏွလံုးေတြကို စားရမွာျဖစ္ျပီး ဘယ္ရီယိုေတြနဲ႔ လုပ္ထားတာေတြကို စားခဲ့ရပါတယ္။ ဒါေၾကာင့္နဲ႔ အနီးမွာ အန္လို႔ရေအာင္ဆိုျပီး အမႈိက္ျခင္းတစ္ခု အဆင္သင့္ ထားထားရေၾကာင္း မင္းသမီးက ေျပာျပပါတယ္။
စက္ဆုပ္ဖြယ္ေကာင္းတဲ့ အနက္ေရာင္ ရဲတိုက္
ရိုက္ကူးေရး ဆက္တင္ ျပင္ဆင္တဲ့သူ Richard Roberts ဟာ Night’s Watch ေတြအတြက္ ေနစရာဖန္တီးတဲ့အခါ အေကာင္းဆံုး ၾကိဳးစားခဲ့ပါတယ္။ သူရဲ႕ အိုင္ဒီယာက ရဲတိုက္အေနနဲ႔ ျမင္လိုက္ရတာနဲ႔ ညစ္ပတ္၊ ေအးစက္၊ ေဟာင္းႏြယ္ျပီး စက္ဆုပ္ဖြယ္ အတိျပီးေနရမွာပါ။ ဒီလိုမ်ိဳး ပတ္၀န္းက်င္ အေငြ႔အသက္ကို ဖန္တီးဖို႔ ၄င္းက အသားၾကမ္းေတြ၊ တကယ္ ၀က္ေတြကို ခ်ိတ္ဆြဲဖို႔ ေတာင္းဆိုခဲ့ပါသတဲ့။ အျပင္မွာလည္း တကယ္ကိုပဲ ရဲတိုက္ၾကီးဟာ မသတီစရာေကာင္းသြားတယ္လို႔ သရုပ္ေဆာင္ေတြက ေျပာပါတယ္။ အနံအသက္က မေကာင္းခဲ့ေပမယ့္ ျဖစ္သင့္အတိုင္း ျဖစ္ခဲ့လို႔ ၀မ္းသာခဲ့ရေၾကာင္း Roberts က ေျပာခဲ့ပါတယ္။
ကိုယ့္ရဲ႕ ေခါင္းနဲ႔ ေဘာလံုးကစားခဲ့တဲ့ Sean Bean
Ned Stark ေနရာက သရုပ္ေဆာင္တဲ့ မင္းသားကေတာ့ ေသတဲ့အခန္းေတြ အလြန္ပိုင္ပါတယ္။ သူဟာ ရိုက္ကြင္းတိုင္းကိုလည္း ဟာသဉာဏ္ရွိရွိနဲ႔ ႏွီးႏႊယ္ေလ့ရွိပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူရဲ႕ ေခါင္းအတုကို အသံုးျပဳျပီး ရိုက္ကူးေရးအဖြဲေတြနဲ႔ ေဘာလံုးကစားခဲ့တယ္လို႔ သိရတယ္။ ဒီ အျပဳအမူက ကိုယ္ ၾကိဳက္တဲ့ သရုပ္ေဆာင္ေတြ ေနာက္ထပ္ ေသမွာနဲ႔ ပတ္သက္ျပီး မစိုးရိမ္ဖို႔ ၾကည့္ရႈသူေတြအတြက္ လႈံေဆာ္မႈေတြျဖစ္ေစပါတယ္။
Lady အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ ေခြးေလးကို ေမြးစားလိုက္တဲ့ Sophie Turner
Zunni လို႔နာမည္ရွိျပီး Lady အျဖစ္သရုပ္ေဆာင္ခဲ့တဲ့ ေခြးေလးကို အျပင္မွာ Sophie Turner က ေမြးစားလိုက္တယ္လို႔ သိရပါတယ္။
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
စိတ်မချမ်းမြေ့ဖွယ်ကိစ္စတွေ မဖြစ်မနေလုပ်ခဲ့ရတဲ့ Game of Thrones သရုပ်ဆောင်များ
HBO ရုပ်မြင်သံကြားကွန်ယက်အတွက်တော့ Game of Thrones က အအောင်မြင်ဆုံး ပရောဂျက်လို့ ဆိုရမှာပါ။ ဇာတ်လမ်းတွဲတစ်တွဲကို ကြည့်ရှုသူ သန်း ၂၀ နီးပါလောက် ကပ်ပါတယ်။ ဇာတ်လမ်း ဇာတ်အိမ် လှည့်ကွက်တွေကြောင့်သာ မဟုတ်ဘဲ အဓိက ဇာတ်ဆောင်တွေ မမျှော်လင့်ထားဘဲ သေဆုံးသွားတတ်တွေက စီးရီး အောင်မြင်ရခြင်းမှာ တစ်စိတ်တစ်ဒေသ အဖြစ်ပါဝင်နေပါတယ်။ ဇာတ်ဆောင်တွေရဲ့ စင်လုံးချော သရုပ်ဆောင်မှုတွေကြောင့်လည်း ပါတာပေါ့။ ရိုက်ကွင်းပေါ်မှာဆို သရုပ်ဆောင်တွေဟာ သူတို့အနေနဲ့ အကောင်းဆုံ လုပ်ဆောင်ကြသလို စိတ်မချမ်းသာဖွယ်တွေကိုတောင်မှ လုပ်လိုက်ရတာတွေရှိပါတယ်။
ဇာတ်ဆောင်တွေအနေနဲ့ ရုပ်ရှင်ရဲ့ လိုအပ်ချက်တွေအတွက် ဘယ်လို ပေးဆပ်ခဲ့လဲဆိုတာကို နားလည်စေနိုင်ဖို့အတွက် ရည်ရွယ်ပြီး အကြောင်းအချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ရဲဖမ်းခံရမှာကို Jon Snow ရဲ့ ရှေ့ရေးနဲ့ ရှောင်လွှဲခဲ့တဲ့ Kit Harington
Jon Snow နေရာက သရုပ်ဆောင်တဲ့ Kit Harington ဟာ အပြင်မှာ ကားကို သတ်မှတ်ထားတဲ့ နှုန်းထက် ပိုမောင်းမိလို့ ရဲဖမ်းတာခံရပါတယ်။ ရဲ အရာရှိက Harington ရဲ့ ကားကို တားပြီး အခု စခန်းကိုလိုက်ခဲ့မလား၊ ဒါမှ မဟုတ် နောက် စီးရီးမှာ Jon Snow အသက်ရှင်လား ဆိုပြီး မေးပါသတဲ့။ မင်းသားခများလည်း “ဟုတ်ကဲ့ နောက်အတွဲမှာ ကျွန်တော် အသက်ရှင်ပါတယ်” ဆိုပြီး အမှန်တိုင်းဖြေမှ ရဲသားက “သွားလို့ရပါပြီ Lord Commandar” ဆိုပြီး လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။
၂ နှစ်လောက် ခေါင်းမလျှော်ရတဲ့ Sophie Turner
Sansa Stark နေရာက သရုပ်ဆောင်ခဲ့တဲ့ Sophie Turner ဟာ သူမရဲ့ ဇာတ်ကောင်းရဲ့ စရိုက်နဲ့ လိုက်ဖက်မှုရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။ မင်းသားတွေအများကြီးနဲ့ တွဲသရုပ်ဆောင်ရပေမယ့် သူမဟာ ခေါင်းလျှော်ရည် သုံးစွဲမှု လျှော့ခဲ့ရပါတယ်။ အကြောင်းကတော့ သူမဟာ King’s Landing ကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ အပိုင်းတွေမှာ သဘာဝအတိုင်း ဖိုသီဖတ်သီဖြစ်နေအောင်လို့ သိရပါတယ်။
Season 5 လည်း ရိုက်မယ်လုပ်ရော သူမကို ခေါင်းမလျှော်ဖို့ စပြီး တောင်းဆိုခဲ့ကြပါတယ်။ “တကယ်ကို စိတ်ပျက်စရာကောင်းပါတယ်၊ ကျွန်မ အခု ဆံပင်တု ဝတ်မှသာ စိတ်ကြိုက် ခေါင်းလျှော်နိုင်တော့တယ်” လို့ဆိုပါတယ်။ သူမဟာ မသတီစရာကောင်းတဲ့ ဆံပင်တွေနဲ့ ၂ နှစ်လောက်နေခဲ့ရတယ်လို့လည်း ပြောပြထားပါတယ်။
မြင်းပေါ်က ပြုတ်ကျခဲ့တဲ့ Maisie Williams
Arya Stark အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဒီ မင်းသမီးကတော့ ပထမ အတွဲရဲ့ အပိုင်းတစ်ပိုင်းမှာ မြင်းစီးရင် ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ သရုပ်ဆောင်တွေဟာ အိုက်စလန် မြင်းတွေနဲ့ လေ့ကျင့်ခဲ့ရပါတယ်။
တစ်ကြိမ်မှာ မင်းသမီးဟာ မြင်းပေါ်က ဆင်းဖို့ လုပ်တုန်း မြင်း ဇက်ကြိုးနဲ့ ငြိပြီး မအောင်မြင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာ သူမဟာ မြင်းပေါ်ကနေ လန်ကျခဲ့ပြီး သူမကိုယ် သူမလည်း တကယ် ရယ်စရာကောင်းခဲ့ကြောင်း ပြန်လည်ပြောပြခဲ့ပါတယ်။
ဒီဇယ်ငွေ့တွေရှုပြီး အဆိပ်သင့်ခဲ့တဲ့ Jerome Flynn
Bronn နေရာက သရုပ်ဆောင်ခဲ့တဲ့ Jerome Flynn ဟာ နဂါးတွေနဲ့ တိုက်ပွဲဖြစ်တဲ့ အခန်းမှာ ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ဓာတ်ပုံ ဒါရိုက်တာ (D.O.P) Rober McLachlan ဟာ ဒီဇယ်ဆီကို အသုံးပြုပြီး မီးခိုမဲတွေထွက်တာ သဘာဝကျအောင် ဖန်တီးခဲ့ပါတယ်။ Jerome Flynn ဟာ မီးကွင်းရဲ့ အလယ်မှာ အချိန်ကြာမြင့်စွာနေခဲ့ရပြီး တခြား သရုပ်ဆောင်တွေ မီးခိုး အကာအကွယ် တပ်နေချိန်မှာ သူအနေနဲ့ အခွင့်အရေးမရှိခဲ့ပါဘူး။ ၎င်းဟာ ပြင်းထန်းစွာ အဆိပ်သင့်ခဲ့ပါတယ်။
ရယ်စရာကောင်းတာကတော့ သူ့အနေနဲ့ Daenerys’s ရဲ့ နဂါးကို တိုက်ခိုက်မိလို့ သူရဲ့ စာပို့သမားဟာ အခုဆို သူ့ကို မုန်းနေကြောင်း မင်းသားက ပြောပြပါတယ်။
ဝက်ဝံအစစ်နဲ့ ရိုက်ခဲ့ရတဲ့ Gwendoline Christie
Brienne ဝက်ဝံနဲ့ တွေ့တဲ့အခန်းက ကွန်ပျုတာ ဂရပ်ဖစ်တွေနဲ့ ဖန်တီးထားတာမဟုတ်ခဲ့ပါဘူး။ မင်းသမီးရဲ့အဆိုရ ဝက်ဝံကအစစ်ဖြစ်ပြီး Bart Junior ဆိုတဲ့ နာမည်တောင်ရှိပါသတဲ့။ ၎င်း ဝက်ဝံက တခြား ပရောဂျက်တွေမှာလည်း အဲ့ဒီ့မတိုင်ခင် ပါဝင်သရုပ်ဆောင်ဖူးတယ်လို့ သိရပါတယ်။ ရိုက်ကူးနေချိန်မှာလည်း မင်းသမီးနဲ့ ဝက်ဝံကြားမှာ လျှပ်စစ် အကာအရံနဲ့ ခြားထားခဲ့ကြောင်း သိရပါတယ်။
လူမုန်း တအားများသွားတဲ့ Lena Headey
Cersei Lannister နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Headey ကျပြန်တော့လည်း သူမရဲ့ ဇာတ်ရုပ်ကို ပရိသတ်တွေက သိပ်မုန်းတာကြောင့် အပြင်မှာလည်း ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရပါတယ်။ သူမရဲ့ ဒုတိယ ရင်သွေးကို နို့တိုက်ဖို့ ကူညီပေးနေတဲ့ သူနာပြုဆို သူမကို “ရှက်ပြီး လဲသေဖို့ကောင်းတယ်” လို့ ပြောပါသတဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် Headey ကတော့ သူမ သရုပ်ဆောင်ပီပြင်တယ်လို့ပဲ သဘောထားခဲ့ပါတယ်။
မျက်နှာကို အကြိမ်ကြိမ် ထိုးခံခဲ့ရတဲ့ Iwan Rheon
Kit Harington ရဲ့ အကြိမ်များစွာ ထိုးနှက်မှုကို Ramsey Snow ရဲ့ နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားဟာ ခံစားခဲ့ရပါတယ်။ Harington ရဲ့ အဆိုအရ Rheon ဟာ ဒီနေရာမှာ တကယ်ကို သဘာကျကျ သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ လက်သီးနဲ့ အချက်ပေါင်းများစွား တကယ် အထိုးခံခဲ့ရတာတောင် ၎င်းက အမှန်တကယ် ပျော်ရွှင်နေခဲ့တယ်လို့ သိရပါတယ်။
အသည်းနှလုံး စားရတဲ့ အခန်းမှာ မအီမသာ ခံစားခဲ့ရတဲ့ Emilia Clarke
Daenerys Targaryen အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးအတွက်တော့ အသည်းနှလုံးစားပြရတဲ့ အခန်းက တကယ် ခက်ခဲခဲ့ပါတယ်။ ရိုက်ကူးရေးမှာလည်း သူမအနေနဲ့ မြင်း နှလုံးတွေကို စားရမှာဖြစ်ပြီး ဘယ်ရီယိုတွေနဲ့ လုပ်ထားတာတွေကို စားခဲ့ရပါတယ်။ ဒါကြောင့်နဲ့ အနီးမှာ အန်လို့ရအောင်ဆိုပြီး အမှိုက်ခြင်းတစ်ခု အဆင်သင့် ထားထားရကြောင်း မင်းသမီးက ပြောပြပါတယ်။
စက်ဆုပ်ဖွယ်ကောင်းတဲ့ အနက်ရောင် ရဲတိုက်
ရိုက်ကူးရေး ဆက်တင် ပြင်ဆင်တဲ့သူ Richard Roberts ဟာ Night’s Watch တွေအတွက် နေစရာဖန်တီးတဲ့အခါ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ သူရဲ့ အိုင်ဒီယာက ရဲတိုက်အနေနဲ့ မြင်လိုက်ရတာနဲ့ ညစ်ပတ်၊ အေးစက်၊ ဟောင်းနွယ်ပြီး စက်ဆုပ်ဖွယ် အတိပြီးနေရမှာပါ။ ဒီလိုမျိုး ပတ်ဝန်းကျင် အငွေ့အသက်ကို ဖန်တီးဖို့ ၎င်းက အသားကြမ်းတွေ၊ တကယ် ဝက်တွေကို ချိတ်ဆွဲဖို့ တောင်းဆိုခဲ့ပါသတဲ့။ အပြင်မှာလည်း တကယ်ကိုပဲ ရဲတိုက်ကြီးဟာ မသတီစရာကောင်းသွားတယ်လို့ သရုပ်ဆောင်တွေက ပြောပါတယ်။ အနံအသက်က မကောင်းခဲ့ပေမယ့် ဖြစ်သင့်အတိုင်း ဖြစ်ခဲ့လို့ ဝမ်းသာခဲ့ရကြောင်း Roberts က ပြောခဲ့ပါတယ်။
ကိုယ့်ရဲ့ ခေါင်းနဲ့ ဘောလုံးကစားခဲ့တဲ့ Sean Bean
Ned Stark နေရာက သရုပ်ဆောင်တဲ့ မင်းသားကတော့ သေတဲ့အခန်းတွေ အလွန်ပိုင်ပါတယ်။ သူဟာ ရိုက်ကွင်းတိုင်းကိုလည်း ဟာသဉာဏ်ရှိရှိနဲ့ နှီးနွှယ်လေ့ရှိပါတယ်။ အဲ့ဒါကြောင့်ပဲ သူရဲ့ ခေါင်းအတုကို အသုံးပြုပြီး ရိုက်ကူးရေးအဖွဲတွေနဲ့ ဘောလုံးကစားခဲ့တယ်လို့ သိရတယ်။ ဒီ အပြုအမူက ကိုယ် ကြိုက်တဲ့ သရုပ်ဆောင်တွေ နောက်ထပ် သေမှာနဲ့ ပတ်သက်ပြီး မစိုးရိမ်ဖို့ ကြည့်ရှုသူတွေအတွက် လှုံဆော်မှုတွေဖြစ်စေပါတယ်။
Lady အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ခွေးလေးကို မွေးစားလိုက်တဲ့ Sophie Turner
Zunni လို့နာမည်ရှိပြီး Lady အဖြစ်သရုပ်ဆောင်ခဲ့တဲ့ ခွေးလေးကို အပြင်မှာ Sophie Turner က မွေးစားလိုက်တယ်လို့ သိရပါတယ်။
MatthewCredit:Shwemom












မှတ်ချက်များ