ေခြးေတြကို ေအာ္ဟစ္ႀကိမ္းေမာင္းျခင္းက သူတို႔စိတ္ထဲ အသဲကြဲတဲ့ ခံစားခ်က္ဝင္ေစႏိုင္
Zawgyiျဖင့္ဖတ္ရန္
ေခြးေလးေတြဟာ ခင္းဗ်ားတို႔ရဲ႕ မ်က္လံုးထဲမွာ ခ်စ္စရာေလးလို႔ ေတာ္ေတာ္မ်ားမ်ားျမင္ၾကပါတယ္။ ေခြးေလးေတြကို လူေတာ္ေတ္မ်ားမ်ားက အျမဲတမ္းခ်စ္ၾကတယ္၊ပြတ္သပ္က်ီစယ္ၾကမယ္။ ဒါေပမယ့္ ရိုးရိုးသားသားေျပာရရင္ သူတို႔က တိရိစၧာပဲ။ဒါေၾကာင့္ လူေတြ ေလာက္ ဥာဏ္မေကာင္းၾကပါဘူး။
တစ္ခါတစ္ေလ လူေတြရဲ႕စိတ္နဲ႔ ဆန္႔က်င္ဘက္ေတြလုပ္ရင္ သူတို႔ေလးေတြကို ေအာ္ဟစ္တယ္၊ ႀကိမ္းေမာင္းတယ္၊ ရိုက္ႏွက္တယ္။ဒါေတြက ဘာမွမျဖစ္ေစဘူးလို႔ မထင္ပါနဲ႔။ အဲဒီလိုအျပဳအမူေတြက သူတို႔စိတ္ထဲမွာ စိတ္ဒဏ္ရာရသြားေစႏိုင္ပါတယ္။ လူေတြသူတို႔ခ်စ္တဲ့သူနဲ႔ ေဝးကြာသြားတဲ့ ခံစားခ်က္၊အရွင္းဆံုးေျပာရရင္ အသည္းကြဲတဲ့ ခံစားခ်က္ပံုစံမ်ိဳးက ေခြးကေလးဆီမွာ ျဖစ္ႏိုင္ေၾကာင္း ေလ့လာေတြ႕ရွိခဲ့ရပါတယ္။
BioRxivက သုေတသနပညာရွင္တစ္ဦးက အခုလိုေျပာၾကားခဲ့ပါတယ္။“ကၽြန္ေတာ္တို႔ ေခြးေတြအေပၚ စမ္းသပ္မႈတစ္ခုျပဳလုပ္ခဲ့ၾကပါတယ္။ ေခြးေတြကို အဖြဲ႕ႏွစ္ဖြဲ႕ခြဲခဲ့ပါတယ္။ တစ္ဖြဲ႕ကို သူတို႔ဘာလုပ္လုပ္ အျမဲဆူပူပါတယ္။ ဥပမာ-အဲဒီအဖြဲ႕ကို တစ္ခုခုလုပ္ခိုင္းတယ္။ လုပ္ႏိုင္လဲ ဆူတယ္။ မလုပ္ႏိုင္လဲဆူတယ္။ ေနာက္တစ္ဖြဲ႕ကိုက်ေတာ့ တစ္ခုခုလုပ္ခိုင္းၿပီးတိုင္း အျမဲဆုခ်တယ္။ပြတ္သပ္တယ္။ ခ်ီးက်ဴးတယ္။
ေရရွည္အဲဒီႏွစ္ဖြဲ႕ကို ယွဥ္ၾကည့္လိုက္ရင္ ပထမအဖြဲ႕က ေခြးေတြက အျမဲတမ္းမႈိင္ေတြေနၾကတယ္။ တစ္ခ်ိဳ႕ဆို အခ်ိန္ျပည့္ မ်က္ရည္ေတာင္ဝဲေနၾကတယ္။ ဒါေပမယ့္ ဒုတိယအဖြဲ႕က ေခြးေတြက ေတာ့ ၾကည့္လိုက္တိုင္း လန္းဆန္းတက္ႂကြေနတာခ်ည္းပဲ”လို႔ ေျပာၾကားခဲ့တာပါ။
ဒါေၾကာင့္ ဒီစမ္းသပ္မႈကို နမူနာယူၿပီး ေခြးကေလးေတြကို တစ္ခုခုဆို ေအာ္ဟစ္ႀကိမ္းေမာင္းတာေတြ၊ ရိုက္ႏွက္တာေတြ မလုပ္ပါနဲ႔။ အသိဥာဏ္ရွိတဲ့ လူသားေတြေတာင္ ဒီလိုမ်ိဳးေတြလုပ္ရင္မႀကိဳက္ၾကတာ။ သူတို႔လို႔ တိရိစၧာန္ေတြေကာ ႀကိဳက္ႏိုင္ပါ့မလား။
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်
ခွေးတွေကို အော်ဟစ်ကြိမ်းမောင်းခြင်းက သူတို့စိတ်ထဲ အသဲကွဲတဲ့ ခံစားချက်ဝင်စေနိုင်
ခွေးလေးတွေဟာ ခင်းဗျားတို့ရဲ့ မျက်လုံးထဲမှာ ချစ်စရာလေးလို့ တော်တော်များများမြင်ကြပါတယ်။ ခွေးလေးတွေကို လူတော်တေ်များများက အမြဲတမ်းချစ်ကြတယ်၊ပွတ်သပ်ကျီစယ်ကြမယ်။ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် သူတို့က တိရိစ္ဆာပဲ။ဒါကြောင့် လူတွေ လောက် ဉာဏ်မကောင်းကြပါဘူး။
တစ်ခါတစ်လေ လူတွေရဲ့စိတ်နဲ့ ဆန့်ကျင်ဘက်တွေလုပ်ရင် သူတို့လေးတွေကို အော်ဟစ်တယ်၊ ကြိမ်းမောင်းတယ်၊ ရိုက်နှက်တယ်။ဒါတွေက ဘာမှမဖြစ်စေဘူးလို့ မထင်ပါနဲ့။ အဲဒီလိုအပြုအမူတွေက သူတို့စိတ်ထဲမှာ စိတ်ဒဏ်ရာရသွားစေနိုင်ပါတယ်။ လူတွေသူတို့ချစ်တဲ့သူနဲ့ ဝေးကွာသွားတဲ့ ခံစားချက်၊အရှင်းဆုံးပြောရရင် အသည်းကွဲတဲ့ ခံစားချက်ပုံစံမျိုးက ခွေးကလေးဆီမှာ ဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။
BioRxivက သုတေသနပညာရှင်တစ်ဦးက အခုလိုပြောကြားခဲ့ပါတယ်။“ကျွန်တော်တို့ ခွေးတွေအပေါ် စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ကြပါတယ်။ ခွေးတွေကို အဖွဲ့နှစ်ဖွဲ့ခွဲခဲ့ပါတယ်။ တစ်ဖွဲ့ကို သူတို့ဘာလုပ်လုပ် အမြဲဆူပူပါတယ်။ ဥပမာ-အဲဒီအဖွဲ့ကို တစ်ခုခုလုပ်ခိုင်းတယ်။ လုပ်နိုင်လဲ ဆူတယ်။ မလုပ်နိုင်လဲဆူတယ်။ နောက်တစ်ဖွဲ့ကိုကျတော့ တစ်ခုခုလုပ်ခိုင်းပြီးတိုင်း အမြဲဆုချတယ်။ပွတ်သပ်တယ်။ ချီးကျူးတယ်။
ရေရှည်အဲဒီနှစ်ဖွဲ့ကို ယှဉ်ကြည့်လိုက်ရင် ပထမအဖွဲ့က ခွေးတွေက အမြဲတမ်းမှိုင်တွေနေကြတယ်။ တစ်ချို့ဆို အချိန်ပြည့် မျက်ရည်တောင်ဝဲနေကြတယ်။ ဒါပေမယ့် ဒုတိယအဖွဲ့က ခွေးတွေက တော့ ကြည့်လိုက်တိုင်း လန်းဆန်းတက်ကြွနေတာချည်းပဲ”လို့ ပြောကြားခဲ့တာပါ။
ဒါကြောင့် ဒီစမ်းသပ်မှုကို နမူနာယူပြီး ခွေးကလေးတွေကို တစ်ခုခုဆို အော်ဟစ်ကြိမ်းမောင်းတာတွေ၊ ရိုက်နှက်တာတွေ မလုပ်ပါနဲ့။ အသိဉာဏ်ရှိတဲ့ လူသားတွေတောင် ဒီလိုမျိုးတွေလုပ်ရင်မကြိုက်ကြတာ။ သူတို့လို့ တိရိစ္ဆာန်တွေကော ကြိုက်နိုင်ပါ့မလား။
Credit:Shwemom


မှတ်ချက်များ