

Zawgyiဖြင့်ဖတ်ရန်



(၁)သန္တာလှိုင်


(၂)ရွှေအိမ်စည်


(၃)သင်ဇာဝင့်ကျော်


(၄)အွန်ဆိုင်း


(၅)ရွှေမှုံရတီ


(၆)ယွန်းမီမီကျော်


(၇)ဇွန်သံဇဉ်



Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ဘီကီနီနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပြသခဲ့တဲ့ မြန်မာဆယ်လီမမများ

ဘီကီနီဆိုတာကိုတော့ အရိုးရှင်းဆုံးပြောရရင် two-piece Swimsuitပါ။ အပေါ်ပိုင်းမှာတော့ ဘရာပုံမျိုး ဖြစ်ပြီး အောက် ပိုင်းမှာတော့ တြိဂံ Shape ပုံစံမျိုးပါ။ ဘီကီနီပေါ်လာတဲ့ သမိုင်းကြောင်းကို အနည်းငယ် ဖော်ပြပေးချင်ပါတယ်။ ပဲရစ်က ဖက်ရှင်ဒီဇိုင်နာ Jacques Heim ဆိုသူက (၁၉၄၆) ခုနှစ်တုန်းက two-piece swimsuit ဒီဇိုင်းကို ဖန်တီးခဲ့တာပါ။ အဲ့ဒီတုန်းကတော့ သူဖန်တီးထားတဲ့ swimsuit ဒီဇိုင်းဟာ ချက်အထိ ဖုံးတဲ့ ဒီဖိုင်မျိုးဖြစ်ပြီး လုံခြုံမှုရှိတဲ့ပုံစံ ဒီဇိုင်းဖြစ်တာကြောင့် Sexy ကျမှုနဲ့ ဆွဲဆောင်မှုပိုင်းမှာတော့ အတော်လေး အားနည်းခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Louis Réard ဆိုတဲ့ အင်ဂျင်နီယာ ဒီဇိုင်နာက နောက်ထပ် ဘီကီနီ ဒီဇိုင်းတစ်မျိုးကို ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့ ဒီဇိုင်းကတော့ ချက်ကို ဖော်ပြထားပြီး နောက်ပိုင်း တင်ပါးကို အတော်လေး ဖော်ပြထားတဲ့ ဒီဇိုင်းမျိုးပါ။

ဒီလို ဒီဇိုင်းကို ဝတ်မယ့် Runway မော်ဒယ်မရှိလို့ အပြာအကမယ်တွေကို ငှားရမ်းပြီး မော်ဒယ်လုပ်ခိုင်းခဲ့ရပါတယ်။ အစပိုင်းမှာတော့ ဒါဟာ Body ကို အရမ်းလှစ်ဟာ ပြလွန်းတယ်ဆိုပြီး ဝေဖန်မှုတွေ ကန့်ကွက်မှုတွေနဲ့ ကြုံရပေမယ့် နောက်ပိုင်း မှာတော့ ဘီကီနီဆိုတဲ့ အရာကို လူတွေက ဖြည်းဖြည်းချင်း လက်ခံပေးလာခဲ့ပါတယ်။ Brigitte Bardot, Raquel Welch နဲ့  Ursula Andress ဆိုတဲ့ မင်းသမီးတွေက ကမ်းခြေမှာ ဝတ်ပြီး ဓါတ်ပုံရိုက်တာ၊ ရုပ်ရှင်ကားတွေထဲမှာ ဝတ်ပြီး သရုပ်ဆောင်ပြခဲ့ရာကနေမှ လူတွေက ပိုပြီး လက်ခံပေးလာကြတာပါ။ အနောက်နိုင်ငံတွေမှာတော့ ဘီကီနီကို လက်ခံပေးကြပေမယ့် အရှေ့တိုင်းနိုင်ငံတစ်ချို့နဲ့ အရှေ့တိုင်းရဲ့ ယဉ်ကျေးမှုတွေမှာတော့ ဘီကီနီကို ကန့်ကွက် ဆန့်ကျင်မှုတွေ ရှိနေကြဆဲပါ။ ဒါတွေကတော့ ဘီကီနီနဲ့ပတ်သက်တဲ့ သမိုင်းတစ်ချို့ပါ။ ဘီကီနီကိုဝတ်ပြီး ကောက်ကြောင်းလှလှတွေကို ထုတ်ပြခဲ့တဲ့ ဆယ်လီမမတွေ ရှိပါတယ်။ ဘီကီနီနဲ့ အရမ်းကို မိုက်တဲ့ ဆယ်လီ မမ တွေကတော့………..

(၁)သန္တာလှိုင်

စူပါမော်ဒယ် တစ်ယောက်ဖြစ်သလို Body ကျန်းမာလှပဖို့ အရေးနဲ့ပတ်သက်ပြီး သူမရဲ့ ပညာတွေကို ဝေမျှ ပေးနေသူ တစ်ယောက်ပါ။အသက် (၄၀) ကို ကျော်လွန်ခဲ့ပေမယ့် အရမ်း အရမ်းကို မိုက်တဲ့ အမျိုးသမီးတိုင်း ဖြစ်ချင်တဲ့ အိမ် မက် တစ်ခု လို့ ပြောလို့ရတဲ့ ကျစ်လစ်လှပတဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားသူပါ။ သန္တာလှိုင်ကတော့ ဘီကီနီနဲ့ အရမ်း ကို မိုက်တဲ့ ဆယ်လီ မမ တွေထဲက တစ်ယောက် အပါဝင်ပါ။

(၂)ရွှေအိမ်စည်

နောက်ထပ် ဘီကီနီနဲ့ အရမ်းကို လိုက်ဖက်တဲ့ ဆယ်လီ တစ်ယောက်ကတော့ ရွှေအိမ်စည်ပါ။အသက်လဲ ငယ်သေး သလို အနုပညာလောကထဲမှာ နေရာတစ်နေရာ အခိုင်အမာ ရပြီး ရပ်တည်နေသူပါ။Miss Grand Myanmar 2017 အလှမယ်ဟောင်းဖြစ်ခဲ့ဖူးသူမို့ Body အချိုးအစားကတော့ လုံး၀ ပြောစရာ မလိုအောင် လှပသူလေးပါ။

(၃)သင်ဇာဝင့်ကျော်

မကြာခဏဆိုသလို သူမရဲ့ Fb မှာ အမိုက်စား ဘီကီနီနဲ့ ပုံတွေကို တင်လေ့ရှိသူပါ။အရမ်းကို မိုက်တဲ့ Body အချိုး အစားကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်ယောက် အဖြစ် ပရိသတ်တွေရဲ့လက်ခံ အသိအမှတ်ပြု ခြင်းကို ရထားသူပါ။ ဘီကီနီနဲ့ အရမ်းမိုက်တဲ့ ဆယ်လီ မမ ဆိုတာ အထူးညွှန်းနေစရာတောင် မလိုတဲ့ မင်းသမီးတစ်ယောက်ပါ။

(၄)အွန်ဆိုင်း

စူပါမော်ဒယ် အွန်ဆိုင်းကတော့ ကျစ်လစ်ပြီး လှပတဲ့ ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားသူပါ။

(၅)ရွှေမှုံရတီ

ဘီကီနီနဲ့ ပုံတွေ တစ်ခါတစ်ရံမှာ တင်လေ့ရှိတဲ့ မင်းသမီးချော ရွှေမှုံရတီ

(၆)ယွန်းမီမီကျော်

ယွန်းမှီမှီကျော် ကတော့ Miss People 2013  ဆုရှင်တစ်ယောက်ဖြစ်သလို (၂၀၁၄) ခုနှစ်ရဲ့ Miss Myanmar Universe 2014 1 st  runner up ဆုရှင်တစ်ယောက်ပါ။

(၇)ဇွန်သံဇဉ်

Miss Universe Myanmar 2017 အလှမယ်လေးဖြစ်တာကြောင့် အမိုက်စား Body အချိုးအစားကို ပိုင်ဆိုင် ထားသူလေး ဆိုတာ အထူးပြောနေဖို့ တောင် မလိုပါဘူး။

from အနုပညာရှင်များရဲ့ fb

 Credit:Shwemom

မှတ်ချက်များ