ေက်ာင္းမသြားခ်င္လို႔ ဂ်ီက်ေနတဲ႔သားကို မွတ္ေလာက္သားေလာက္ေအာင္ပညာေပးခဲ႔တဲ႔ မိဘ


Zawgyiျဖင့္ဖတ္ရန္

ဘ၀မွာ ပညာတတ္ဖို႔ ၊ ငယ္ရြယ္စဥ္မွာ ပညာသင္ယူဖို႔ အေရးၾကီးတာကို လူၾကီးေတြက နားလည္ေပမယ့္ ကေလးေတြက နားမလည္ၾကေသးပါဘူး။ တခ်ိဳ႕ကေလးေတြဆိုရင္ ေက်ာင္းကိုသြား၊ တစ္ေနကုန္ စာေရး စာဖတ္လုပ္ရတာကိုပဲ သူတို႔အတြက္ ၀ဋ္ၾကီးတစ္ခုလို႔ ထင္ေနၾကသူေတြပါ။ ဒါေပမယ့္ အနာဂတ္ဘ၀ ေကာင္းမြန္ခ်င္ရင္ ပညာတတ္ေအာင္ ၾကိဳးစားၾကရမွာပါပဲ။

ထိုင္းႏိုင္ငံက မိဘႏွစ္ဦးကေတာ့ စာမလုပ္ခ်င္ပဲ ေက်ာင္းသြားပ်င္းတဲ့ သူတို႔ရဲ႕ သားကေလးကို နည္းလမ္းတစ္ခုနဲ႔ ဆံုးမခဲ့ပါတယ္။ သူတို႔နည္းလမ္းကို လက္ခံတဲ့သူလည္း ရွိမွာျဖစ္သလို လက္မခံတဲ့သူလည္း ရွိမွာပါ။ နည္းလမ္းကေတာ့ ထူးထူးဆန္းဆန္း အခုလိုျဖစ္ပါတယ္။

နတ္တာနီခ်ာနဲ႔ အမ်ိဳးသားျဖစ္သူဟာ (၅) ႏွစ္အရြယ္ သူမတို႔ရဲ႕ သားေလးကို ေက်ာင္းသြားပို႔ဖို႔ ျပင္တဲ့အခါတိုင္း စိတ္ညစ္ရပါတယ္။ ကေလးက ေက်ာင္းသြားခါနီးဆို ၀ုန္းဒိုင္းၾကဲၿပီး ဂ်စ္ကန္တာပါ။ ပညာတတ္ဖို႔ အေရးၾကီးတယ္၊ ပညာတတ္မွ ဘ၀မွာ ေကာင္းေကာင္းမြန္မြန္နဲ႔ ေနရမယ္စသျဖင့္ ေျပာျပေပမယ့္ ကေလးက နားမေထာင္ပါဘူး။ ေက်ာင္းမသြားဘူးလို႔ပဲ ျငင္းေနပါတယ္။ ဒီေတာ့ နတ္တာနီခ်ာတို႔ လင္မယားႏွစ္ေယာက္ အၾကံထုတ္ရပါတယ္။

ဒါနဲ႔ပဲ တစ္ရက္မွာေတာ့ သူမတို႔လင္မယားႏွစ္ေယာက္စလံုး အလုပ္ကေန ခြင့္ယူၿပီး ကေလးကို ‘ ေက်ာင္းမသြားခ်င္ဘူး မဟုတ္လား၊ ရတယ္၊ ဒါဆိုရင္ အမႈိက္ေတြ လိုက္ေကာက္ရမယ္။ အမိႈက္ေကာက္ၿပီး အမိႈက္္ေတြ ေရာင္းရင္ ပိုက္ဆံရမယ္။ ပိုက္ဆံရမွ ကိုယ္၀ယ္ခ်င္တာ ၀ယ္ႏိုင္မယ္’ လို႔ ေျပာၿပီး ကေလးကို ေခၚကာ တစ္ေန႔လံုး အမႈိက္ေကာက္ခိုင္းပါတယ္။

ကေလးလည္း ပင္ပင္ပန္းပန္း အမိႈက္ေတြေကာက္ၿပီးတဲ့အခါမွာေတာ့ ေငြ ၂ဘတ္ ရလာပါတယ္။ ေငြရလာေတာ့ ကေလးက သူပင္ပန္းေနၿပီ၊ ကားစီျပန္ၾကမယ္ဆိုၿပီး မိဘေတြကို ေျပာပါတယ္။ နတ္တာနီခ်ာက ‘မင္းမွာ ရွိတာက ၂ ဘတ္ထဲ၊ ဘတ္စ္ကားခက ၁၀ဘတ္ေလ၊ ဘယ္လိုစီးမလဲ..’ လို႔ဆိုေတာ့ ကေလးက ကားမစီးေတာ့ပါဘူး။ ဒါနဲ႔ မိသားစု သံုးေယာက္သား ေျခလ်င္ေလ်ာက္ ၿပီး အိမ္ျပန္လာပါတယ္။ လမ္းမွာလည္း ကေလးက ေရခဲမုန္႔ စားခ်င္တယ္ဆိုၿပီး ထပ္ပူဆာျပန္ပါတယ္။ နတ္တာနီခ်ာက ‘ေရခဲမုန္႔က ၅ဘတ္၊ မင္းမွာ ရွိတာက ၂ ဘတ္ထဲ၊ ဘယ္လို၀ယ္မလဲ..’ လို႔ ဆိုတာေၾကာင့္ ကေလးဟာ ဘာမွမေျပာေတာ့ပဲ ဒီအတိုင္းပဲ ပင္ပင္ပန္းပန္းနဲ႔ အိမ္ျပန္လာရပါေတာ့တယ္။

ထိုေန႔ကစၿပီးေတာ့ သူမတို႔သားေလးဟာ ေက်ာင္းသြားဖို႔ ေျပာရင္ ဘယ္ေတာ့မွ ဂ်ီမတိုက္ေတာ့ေၾကာင္း နတ္တာနီခ်ာက ေျပာျပပါတယ္။ ေကာင္ေလးကလည္း ေတာ္ေတာ္မွတ္သြားပံုရပါတယ္။ ဒီအေၾကာင္းၾကားရတဲ့ အြန္လိုင္းေပၚက လူအခ်ိဳ႕ကေတာ့ သားသမီးအေပၚမွာ ဆံုးမပံု သိပ္ျပင္းလြန္းတယ္လို႔ ဆိုၾကၿပီး အခ်ိဳ႕ကလည္း ဒါမ်ိဳးလုပ္ခိုင္းသင့္တယ္လို႔ အမ်ိဳးစံု ေ၀ဖန္ေနေၾကာင္း သိရပါတယ္။

Ref: rachfeed , Facebook

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

ကျောင်းမသွားချင်လို့ ဂျီကျနေတဲ့သားကို မှတ်လောက်သားလောက်အောင်ပညာပေးခဲ့တဲ့ မိဘ

ဘဝမှာ ပညာတတ်ဖို့ ၊ ငယ်ရွယ်စဉ်မှာ ပညာသင်ယူဖို့ အရေးကြီးတာကို လူကြီးတွေက နားလည်ပေမယ့် ကလေးတွေက နားမလည်ကြသေးပါဘူး။ တချို့ကလေးတွေဆိုရင် ကျောင်းကိုသွား၊ တစ်နေကုန် စာရေး စာဖတ်လုပ်ရတာကိုပဲ သူတို့အတွက် ဝဋ်ကြီးတစ်ခုလို့ ထင်နေကြသူတွေပါ။ ဒါပေမယ့် အနာဂတ်ဘ၀ ကောင်းမွန်ချင်ရင် ပညာတတ်အောင် ကြိုးစားကြရမှာပါပဲ။

ထိုင်းနိုင်ငံက မိဘနှစ်ဦးကတော့ စာမလုပ်ချင်ပဲ ကျောင်းသွားပျင်းတဲ့ သူတို့ရဲ့ သားကလေးကို နည်းလမ်းတစ်ခုနဲ့ ဆုံးမခဲ့ပါတယ်။ သူတို့နည်းလမ်းကို လက်ခံတဲ့သူလည်း ရှိမှာဖြစ်သလို လက်မခံတဲ့သူလည်း ရှိမှာပါ။ နည်းလမ်းကတော့ ထူးထူးဆန်းဆန်း အခုလိုဖြစ်ပါတယ်။

နတ်တာနီချာနဲ့ အမျိုးသားဖြစ်သူဟာ (၅) နှစ်အရွယ် သူမတို့ရဲ့ သားလေးကို ကျောင်းသွားပို့ဖို့ ပြင်တဲ့အခါတိုင်း စိတ်ညစ်ရပါတယ်။ ကလေးက ကျောင်းသွားခါနီးဆို ဝုန်းဒိုင်းကြဲပြီး ဂျစ်ကန်တာပါ။ ပညာတတ်ဖို့ အရေးကြီးတယ်၊ ပညာတတ်မှ ဘဝမှာ ကောင်းကောင်းမွန်မွန်နဲ့ နေရမယ်စသဖြင့် ပြောပြပေမယ့် ကလေးက နားမထောင်ပါဘူး။ ကျောင်းမသွားဘူးလို့ပဲ ငြင်းနေပါတယ်။ ဒီတော့ နတ်တာနီချာတို့ လင်မယားနှစ်ယောက် အကြံထုတ်ရပါတယ်။

ဒါနဲ့ပဲ တစ်ရက်မှာတော့ သူမတို့လင်မယားနှစ်ယောက်စလုံး အလုပ်ကနေ ခွင့်ယူပြီး ကလေးကို ‘ ကျောင်းမသွားချင်ဘူး မဟုတ်လား၊ ရတယ်၊ ဒါဆိုရင် အမှိုက်တွေ လိုက်ကောက်ရမယ်။ အမှိုက်ကောက်ပြီး အမှိုက်တွေ ရောင်းရင် ပိုက်ဆံရမယ်။ ပိုက်ဆံရမှ ကိုယ်ဝယ်ချင်တာ ဝယ်နိုင်မယ်’ လို့ ပြောပြီး ကလေးကို ခေါ်ကာ တစ်နေ့လုံး အမှိုက်ကောက်ခိုင်းပါတယ်။

ကလေးလည်း ပင်ပင်ပန်းပန်း အမှိုက်တွေကောက်ပြီးတဲ့အခါမှာတော့ ငွေ ၂ဘတ် ရလာပါတယ်။ ငွေရလာတော့ ကလေးက သူပင်ပန်းနေပြီ၊ ကားစီပြန်ကြမယ်ဆိုပြီး မိဘတွေကို ပြောပါတယ်။ နတ်တာနီချာက ‘မင်းမှာ ရှိတာက ၂ ဘတ်ထဲ၊ ဘတ်စ်ကားခက ၁၀ဘတ်လေ၊ ဘယ်လိုစီးမလဲ..’ လို့ဆိုတော့ ကလေးက ကားမစီးတော့ပါဘူး။ ဒါနဲ့ မိသားစု သုံးယောက်သား ခြေလျင်လျောက် ပြီး အိမ်ပြန်လာပါတယ်။ လမ်းမှာလည်း ကလေးက ရေခဲမုန့် စားချင်တယ်ဆိုပြီး ထပ်ပူဆာပြန်ပါတယ်။ နတ်တာနီချာက ‘ရေခဲမုန့်က ၅ဘတ်၊ မင်းမှာ ရှိတာက ၂ ဘတ်ထဲ၊ ဘယ်လိုဝယ်မလဲ..’ လို့ ဆိုတာကြောင့် ကလေးဟာ ဘာမှမပြောတော့ပဲ ဒီအတိုင်းပဲ ပင်ပင်ပန်းပန်းနဲ့ အိမ်ပြန်လာရပါတော့တယ်။

ထိုနေ့ကစပြီးတော့ သူမတို့သားလေးဟာ ကျောင်းသွားဖို့ ပြောရင် ဘယ်တော့မှ ဂျီမတိုက်တော့ကြောင်း နတ်တာနီချာက ပြောပြပါတယ်။ ကောင်လေးကလည်း တော်တော်မှတ်သွားပုံရပါတယ်။ ဒီအကြောင်းကြားရတဲ့ အွန်လိုင်းပေါ်က လူအချို့ကတော့ သားသမီးအပေါ်မှာ ဆုံးမပုံ သိပ်ပြင်းလွန်းတယ်လို့ ဆိုကြပြီး အချို့ကလည်း ဒါမျိုးလုပ်ခိုင်းသင့်တယ်လို့ အမျိုးစုံ ဝေဖန်နေကြောင်း သိရပါတယ်။

Ref: rachfeed , Facebook

Credit:Shwemom

မှတ်ချက်များ