တစ္ညကို ျမန္မာေငြ (၁,၈၀၀) ေလာက္သာက်သင့္မယ့္ ဂ်ပန္က ေစ်းအခ်ိဳဆံုးဟိုတယ္


Zawgyiျဖင့္ဖတ္ရန္

ဂ်ပန္ႏိုင္ငံ ဖူကူအိုကာၿမိဳ႕မွာရွိတဲ့ Business Ryokan Asahi အမည္ရတဲ့ ဟိုတယ္ဟာ တစ္ညတာတည္းခိုခအတြက္ ယန္း၁၃၀ (အေမရိကန္ေဒၚလာ ၁.၂၀) ရွိေၾကာင္း soranews24 သတင္းဌာနအရ သိရပါတယ္။ ဒါေပမယ့္ ထူးဆန္းတာက ၄င္းအခန္းမွာ တည္းမယ္ဆိုရင္ေတာ့ မိမိရဲ႕ အခန္းတြင္းေနထုိင္ပံုကို Livestream လႊင့္ၿပီး YouTube channel မွာ ျပသဖို႔ သေဘာတူေပးရမွာ ျဖစ္ပါတယ္။

တစ္နည္းအားျဖင့္ ေျပာရရင္ အခန္းထဲမွာ ကင္မရာတပ္ထားတဲ့အတြက္ ပုဂိၢဳလ္ေရးရာ လံုျခံဳမႈေတာ့ ရွိမွာမဟုတ္ပါဘူး။ အခန္းရဲ႕ အေျခအေနကို သိရွိႏိုင္ေအာင္လို႔ ဆိုၿပီး သတင္းေထာက္တစ္ဦးျဖစ္တဲ့ မာဆာႏူကီကေတာ့ ကိုယ္တိုင္ကိုယ္က်သြားေရာက္ေလ့လာခဲ့ပါတယ္။ ဟို္တယ္ေရာက္ေတာ့ ၀န္ထမ္းက မာဆာႏူကီကုိ သတိေပးပါတယ္။ အခန္းထဲမွာ ကင္မရာတပ္ထားတဲ့အတြက္ ဘာလုပ္လုပ္ဘာကိုင္ကိုင္ ျမင္ေနရမွာျဖစ္တဲ့အေၾကာင္းနဲ႔ အ၀တ္အစားခြ်တ္ေနတာမ်ိဳးေတြ မလုပ္ဖို႔ သတိေပးခဲ့တာပါ။

အခန္းကေတာ့ သာမန္ဂ်ပန္စတိုင္ တည္းခိုခန္းတစ္ခန္းပါပဲ။ သန္႔ရွင္းသပ္ရပ္ပါတယ္။ ၾကည့္လိုက္ရင္ တည္းခိုခန္းနဲ႔ေတာင္ မတူပဲ ေက်ာင္းသားေနတဲ့ အေဆာင္လိုလို ဘာလိုလုိနဲ႔ပါ။ အခန္းထဲမွာေတာ့ အဲကြန္းရွိပါတယ္။ အဲကြန္းသံုးမယ္ဆိုရင္ေတာ့ အခ်ိန္ (၂) နာရီစာအတြက္ ယန္း(၁၀၀) ကို ေငြအေၾကြထည့္ၿပီး သံုးႏိုင္ပါတယ္။

အခန္းထဲမွာေတာ့ အိမ္သာနဲ႔ေရခ်ိဳးခန္း မပါတဲ့အတြက္ သံုးခ်င္ရင္ အမ်ားသံုး ေရခ်ိဳးခန္း၊ အိမ္သာကို အသံုးျပဳရမွာျဖစ္ပါတယ္။ ေနာက္တစ္ခုကေတာ့ livestream ဟာ ဗီဒီယုိသီးသန္႔သာျဖစ္ၿပီး အသံမပါဘူးလို႔ ဆိုပါတယ္။ အေၾကာင္းရင္းကေတာ့ အခန္းထဲမွာရွိတဲ့ တီဗီကေနထုတ္လႊင့္ျပသတဲ့ သီခ်င္းေတြရဲ႕ copyright ျပႆနာေတြကို ေရွာင္ရွားလုိတဲ့အတြက္ ျဖစ္ပါတယ္။

သီခ်င္းပဲဆိုဆို၊ တစ္ေယာက္တည္းပဲ စကားေျပာေျပာ အသံကေတာ့ ၾကားရမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ကင္မရာက ေရွ႕တည့္တည့္မွာ တပ္ထားတဲ့အျပင္ ပုန္းစရာေနရာလည္း မရွိတဲ့အတြက္ ကိုယ္ဘာပဲလုပ္လုပ္ ကင္မရာမွ ေတြ႔ျမင္ရမွာ ျဖစ္ပါတယ္။ Business Ryokan Asahi  ဟုိတယ္ကေတာ့ ဧည့္သည္ အခန္းထဲ ရွိေနစဥ္အတြင္း ကင္မရာကိို ေတာင္ေလွ်ာက္ဖြင့္ထားမွာျဖစ္ေၾကာင္း ေျပာထားေပမယ့္လည္း ညအခ်ိန္မွာေတာ့ ခဏတာ ကင္မရာပိတ္ထားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

တစ်ညကို မြန်မာငွေ (၁,၈၀၀) လောက်သာကျသင့်မယ့် ဂျပန်က ဈေးအချိုဆုံးဟိုတယ်

ဂျပန်နိုင်ငံ ဖူကူအိုကာမြို့မှာရှိတဲ့ Business Ryokan Asahi အမည်ရတဲ့ ဟိုတယ်ဟာ တစ်ညတာတည်းခိုခအတွက် ယန်း၁၃၀ (အမေရိကန်ဒေါ်လာ ၁.၂၀) ရှိကြောင်း soranews24 သတင်းဌာနအရ သိရပါတယ်။ ဒါပေမယ့် ထူးဆန်းတာက ၎င်းအခန်းမှာ တည်းမယ်ဆိုရင်တော့ မိမိရဲ့ အခန်းတွင်းနေထိုင်ပုံကို Livestream လွှင့်ပြီး YouTube channel မှာ ပြသဖို့ သဘောတူပေးရမှာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ပြောရရင် အခန်းထဲမှာ ကင်မရာတပ်ထားတဲ့အတွက် ပုဂ္ဂိုလ်ရေးရာ လုံခြုံမှုတော့ ရှိမှာမဟုတ်ပါဘူး။ အခန်းရဲ့ အခြေအနေကို သိရှိနိုင်အောင်လို့ ဆိုပြီး သတင်းထောက်တစ်ဦးဖြစ်တဲ့ မာဆာနူကီကတော့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လေ့လာခဲ့ပါတယ်။ ဟိုတယ်ရောက်တော့ ဝန်ထမ်းက မာဆာနူကီကို သတိပေးပါတယ်။ အခန်းထဲမှာ ကင်မရာတပ်ထားတဲ့အတွက် ဘာလုပ်လုပ်ဘာကိုင်ကိုင် မြင်နေရမှာဖြစ်တဲ့အကြောင်းနဲ့ အဝတ်အစားချွတ်နေတာမျိုးတွေ မလုပ်ဖို့ သတိပေးခဲ့တာပါ။

အခန်းကတော့ သာမန်ဂျပန်စတိုင် တည်းခိုခန်းတစ်ခန်းပါပဲ။ သန့်ရှင်းသပ်ရပ်ပါတယ်။ ကြည့်လိုက်ရင် တည်းခိုခန်းနဲ့တောင် မတူပဲ ကျောင်းသားနေတဲ့ အဆောင်လိုလို ဘာလိုလိုနဲ့ပါ။ အခန်းထဲမှာတော့ အဲကွန်းရှိပါတယ်။ အဲကွန်းသုံးမယ်ဆိုရင်တော့ အချိန် (၂) နာရီစာအတွက် ယန်း(၁၀၀) ကို ငွေအကြွေထည့်ပြီး သုံးနိုင်ပါတယ်။

အခန်းထဲမှာတော့ အိမ်သာနဲ့ရေချိုးခန်း မပါတဲ့အတွက် သုံးချင်ရင် အများသုံး ရေချိုးခန်း၊ အိမ်သာကို အသုံးပြုရမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ livestream ဟာ ဗီဒီယိုသီးသန့်သာဖြစ်ပြီး အသံမပါဘူးလို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ အခန်းထဲမှာရှိတဲ့ တီဗီကနေထုတ်လွှင့်ပြသတဲ့ သီချင်းတွေရဲ့ copyright ပြဿနာတွေကို ရှောင်ရှားလိုတဲ့အတွက် ဖြစ်ပါတယ်။

သီချင်းပဲဆိုဆို၊ တစ်ယောက်တည်းပဲ စကားပြောပြော အသံကတော့ ကြားရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကင်မရာက ရှေ့တည့်တည့်မှာ တပ်ထားတဲ့အပြင် ပုန်းစရာနေရာလည်း မရှိတဲ့အတွက် ကိုယ်ဘာပဲလုပ်လုပ် ကင်မရာမှ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Business Ryokan Asahi  ဟိုတယ်ကတော့ ဧည့်သည် အခန်းထဲ ရှိနေစဉ်အတွင်း ကင်မရာကို တောင်လျှောက်ဖွင့်ထားမှာဖြစ်ကြောင်း ပြောထားပေမယ့်လည်း ညအချိန်မှာတော့ ခဏတာ ကင်မရာပိတ်ထားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Credit:Shwemom

မှတ်ချက်များ