ကိုယ္တန္ဖိုး ထားသလို ကိုယ့္ေပၚမွာ တုန္႔ျပန္မႈမရိွတ႔ဲ လူေတြအတြတ္ အခ်ိန္ကုန္မခံပါနဲ႔

Zawgyiျဖင့္ဖတ္ရန္
သူတို႔ေၾကာင့္……အခ်ိန္ကုန္မခံပါနဲ႔..
ကိုယ္တန္ဖိုး ထားသလို ကိုယ့္ေပၚမွာ တုန္႔ျပန္မႈမရိွတ႔ဲ လူေတြအတြတ္ အခ်ိန္ကုန္မခံပါနဲ႔..
ကိုယ့္ဘက္က ခ်စ္ခင္တြယ္တာသေလာက္ ကိုယ့္ေပၚကို တစ္စက္ကေလးမွ င့ဲမၾကည့္တတ္သူေတြအတြတ္ အခ်ိန္ကုန္မခံပါန႔ဲ..
ကိုယ့္ဘက္က နားလည္မႈေပးသေလာက္ ကုိယ့္ေပၚမွာ အနိုင္ယူတတ္သူေတြအတြတ္ အခ်ိန္ကုန္မခံပါနဲ႔..
ကုိယ့္ဘက္က အရာရာသူ႔အတြတ္ ဦးစားေပခ့ဲေပမ့ဲ သူ႔ဘက္ကို တစ္ျခားတစ္ေယာက္ကိုသာ အေလးထားတတ္တ့ဲသူေတြအတြတ္ အခ်ိန္ကုန္မခံပါန႔ဲေတာ့..
ကိုယ့္ေပၚကို တစ္ခ်က္ကေလးမွင႔ဲမၾကည့္တတ္သူေတြအတြတ္ တန္ဖိုးရ္ွိတ့ဲ အခ်ိန္ေတြကို မစေတးလို္က္ပါန႔ဲ..
စာနာစိတ္မရိွတ႔ဲ လူေတြက ၾကင္နာတရားဆိုတာ နားမလည္ၾကဘူး..။
တစ္ခ်ိဳ႕လူေတြက ဂရုစိုက္တာကိုပဲ ခံခ်င္ၾကတာ။ သူတို႔က ျပန္ၿပီး ဂရုစိုက္ေပးဖို႔ဆို နည္းနည္းေလးမွ တုန္႔ျပန္မႈမရွိၾကဘူး..။
အယူသာရိွၿပီး အေပးမရွိတ့ဲလူေတြမွာ အတၲဆိုတ႔ဲ စိတ္ဆႏၵသာကိန္းေအာင္းေနတတ္တယ္..။
ဘယ္ေတာ့မွ တစ္ဖက္လူရ႕ဲ ခံစားခ်က္ကို ဖြင့္မဖတ္ၾကဘူး..။
တစ္ခါတစ္ေလ ကိုယ္န႔ဲ မေတာ္န႔ဲ ဖိနပ္ကို စီးၿပီးလမ္းေလ်ာက္ေနရတာန႔ဲစာရင္ ဖိနပ္မပါပဲ လမ္းေလ်ာက္လိုက္တာ ပိုၿပီး ခရီးေပါက္ပါတယ္..။
ေရွ႕ကိုဆက္တိုးလို႔ မရေတာ့တ့ဲခါ ေနာက္ကို ျပန္လွည့္ၾကည့္လိုက္ပါ..။
သင့္ကို စာနာစိတ္အျပည့္န႔ဲ ေစာင့္ႀကိဳေနသူေတြေတြ႕ရပါလိ္မ့္မယ္..။
တစ္ခ်ိဳ႕လူေတြက ကို္ယ့္လက္ထဲကို အတင္းထိုးထည့္ေနခ်ိန္သာမူေနၾကတာ။ သူမ်ားလက္ထဲေရာက္ခါနီးမွ တန္ဖိုးႀကီးစြာ ေနာင္တရာလာတတ္ၾကလို႔ ကိုယ့္ေပၚမွာ ကိုယ္ေကာင္းသလိုမေကာင္းတ့ဲသူေတြ..၊
ကိုယ္ဂရုစိုက္ အေလးထားသလို တန္ျပန္မႈမရိွတ႔ဲလူေတြအတြတ္ အခ်ိန္ကုန္မခံပါနဲ႔..
မင္းကို တန္ဖိုးထားတ့ဲလူေတြနဲ႔ လက္တြဲရမဲ႔ အခ်ိန္ေတြနည္းသြားလိမ့္မယ္..။
Credit-Thi Ha
Unicodeဖြင့်ဖတ်ရန်

ကိုယ်တန်ဖိုး ထားသလို ကိုယ့်ပေါ်မှာ တုန့်ပြန်မှုမရှိတဲ့ လူတွေအတွတ် အချိန်ကုန်မခံပါနဲ့

သူတို့ကြောင့်……အချိန်ကုန်မခံပါနဲ့..
ကိုယ်တန်ဖိုး ထားသလို ကိုယ့်ပေါ်မှာ တုန့်ပြန်မှုမရှိတဲ့ လူတွေအတွတ် အချိန်ကုန်မခံပါနဲ့..
ကိုယ့်ဘက်က ချစ်ခင်တွယ်တာသလောက် ကိုယ့်ပေါ်ကို တစ်စက်ကလေးမှ ငဲ့မကြည့်တတ်သူတွေအတွတ် အချိန်ကုန်မခံပါနဲ့..
ကိုယ့်ဘက်က နားလည်မှုပေးသလောက် ကိုယ့်ပေါ်မှာ အနိုင်ယူတတ်သူတွေအတွတ် အချိန်ကုန်မခံပါနဲ့..
ကိုယ့်ဘက်က အရာရာသူ့အတွတ် ဦးစားပေခဲ့ပေမဲ့ သူ့ဘက်ကို တစ်ခြားတစ်ယောက်ကိုသာ အလေးထားတတ်တဲ့သူတွေအတွတ် အချိန်ကုန်မခံပါနဲ့တော့..
ကိုယ့်ပေါ်ကို တစ်ချက်ကလေးမှငဲ့မကြည့်တတ်သူတွေအတွတ် တန်ဖိုးရ်ှိတဲ့ အချိန်တွေကို မစတေးလိုက်ပါနဲ့..
စာနာစိတ်မရှိတဲ့ လူတွေက ကြင်နာတရားဆိုတာ နားမလည်ကြဘူး..။
တစ်ချို့လူတွေက ဂရုစိုက်တာကိုပဲ ခံချင်ကြတာ။ သူတို့က ပြန်ပြီး ဂရုစိုက်ပေးဖို့ဆို နည်းနည်းလေးမှ တုန့်ပြန်မှုမရှိကြဘူး..။
အယူသာရှိပြီး အပေးမရှိတဲ့လူတွေမှာ အတ္တဆိုတဲ့ စိတ်ဆန္ဒသာကိန်းအောင်းနေတတ်တယ်..။
ဘယ်တော့မှ တစ်ဖက်လူရဲ့ ခံစားချက်ကို ဖွင့်မဖတ်ကြဘူး..။
တစ်ခါတစ်လေ ကိုယ်နဲ့ မတော်နဲ့ ဖိနပ်ကို စီးပြီးလမ်းလျောက်နေရတာနဲ့စာရင် ဖိနပ်မပါပဲ လမ်းလျောက်လိုက်တာ ပိုပြီး ခရီးပေါက်ပါတယ်..။
ရှေ့ကိုဆက်တိုးလို့ မရတော့တဲ့ခါ နောက်ကို ပြန်လှည့်ကြည့်လိုက်ပါ..။
သင့်ကို စာနာစိတ်အပြည့်နဲ့ စောင့်ကြိုနေသူတွေတွေ့ရပါလိမ့်မယ်..။
တစ်ချို့လူတွေက ကိုယ့်လက်ထဲကို အတင်းထိုးထည့်နေချိန်သာမူနေကြတာ။ သူများလက်ထဲရောက်ခါနီးမှ တန်ဖိုးကြီးစွာ နောင်တရာလာတတ်ကြလို့ ကိုယ့်ပေါ်မှာ ကိုယ်ကောင်းသလိုမကောင်းတဲ့သူတွေ..၊
ကိုယ်ဂရုစိုက် အလေးထားသလို တန်ပြန်မှုမရှိတဲ့လူတွေအတွတ် အချိန်ကုန်မခံပါနဲ့..
မင်းကို တန်ဖိုးထားတဲ့လူတွေနဲ့ လက်တွဲရမဲ့ အချိန်တွေနည်းသွားလိမ့်မယ်..။
Credit-Thi Ha

မှတ်ချက်များ