ဘယ္သန္ေတြရဲ႕ ထူးျခားခ်က္မ်ား


Zawgyiျဖင့္ဖတ္ရန္

ပုံမွန္အားျဖင့္ လူေတြဟာ ညာလက္ကိုပဲ အဓိကထားအသုံးျပဳၾကတဲ့ ညာသန္ေတြ ျဖစ္ေပမဲ့လည္း ဘယ္လက္ ကို အဓိကထားတဲ့ ဘယ္သန္ေတြလည္း ရွိပါတယ္။ ဒါေပမဲ့ ဘယ္သန္တဲ့ လူဦးေရဟာ နည္းနည္းေတာ့ရွားပါ တယ္။ ကမာၻ႔လူဦးေရရဲ႕ ၁၀ ရာခိုင္ႏႈန္းကသာ ဘယ္သန္ေတြျဖစ္တယ္လို႔ ခန႔္မွန္းထားၾကပါတယ္။

ဘာလို႔ အဲဒီလို ဘယ္သန္ျဖစ္ရတာလဲ? ဘယ္သန္ေတြက ဘယ္လိုထူးျခားခ်က္ေတြျဖစ္ေနလဲဆိုတာကလည္း စိတ္ဝင္စားစရာေကာင္းပါတယ္။ အဲဒါေၾကာင့္ ဘယ္သန္ေလးေတြရဲ႕အေၾကာင္းကို တေစ့တေၾကာင္း ေဖာ္ျပေပးခ်င္ပါတယ္။

၁။ ဝမ္းဗိုက္ထဲက ကေလးရဲ႕ ေမြးဖြားလာမယ့္ အေနအထားဟာ သူတို႔ဘယ္ဘက္ကို သန္မလဲဆိုတဲ့အေပၚ သက္ေရာက္မႈရွိႏိုင္ပါတယ္။

၂။ အမ်ားအားျဖင့္ ဘယ္သန္ေတြဟာ ကားေမာင္းကြၽမ္းက်င္သူေတြ ျဖစ္ၾကပါတယ္။ ေလ့လာေတြ႕ရွိခ်က္တခ်ိဳ႕ အရဆိုရင္ ဘယ္သန္ကားေမာင္းသူေတြဟာ ညာသန္ေတြထက္စာရင္ ကားမေတာ္တဆမႈျဖစ္ဖို႔ ရာခိုင္ႏႈန္း ပိုနည္းပါတယ္။ ဒါ့ျပင္ ဘယ္သန္ေတြဟာ ကားေမာင္းသင္ယူတဲ့အခါ ျမန္ျမန္တတ္လြယ္ၾကပါတယ္။

၃။ ဘယ္သန္ေတြဟာ မွတ္ဉာဏ္ပိုေကာင္းၾကပါတယ္။ အလုပ္တာဝန္ေတြ ေဆာင္႐ြက္တဲ့အခါမွာလည္း ထူးခြၽန္ၾကတာ မ်ားပါတယ္။

၄။ ဘယ္သန္ေတြဟာ ထူးျခားဆန္းသစ္တဲ့ စဥ္းစားေတြးေခၚပုံမ်ိဳးရွိၿပီး ဖန္တီးႏိုင္စြမ္းျမင့္မားၾကတာေၾကာင့္ ဖန္တီးမႈေတြလုပ္ရတဲ့ နယ္ပယ္မ်ိဳးေတြအတြက္ သင့္ေတာ္ပါတယ္။

၅။ ဘန္သယ္ေတြဟာ အားကစားမွာလည္း ထူးခြၽန္ၾကပါတယ္။ အထူးသျဖင့္ ဘယ္သန္တဲ့ အမ်ိဳးသား၊ အမ်ိဳးသမီးေတြဟာ ေဘ့စ္ေဘာ၊ ခရစ္ကတ္၊ စားပြဲတင္တင္းနစ္တို႔လို အားကစားနည္းေတြမွာ ကြၽမ္းက်င္စြာ ကစားႏိုင္ၾကပါတယ္။


၆။ ကမာၻေက်ာ္တဲ့အႏုပညာရွင္ေတြနဲ႔ ေအာင္ျမင္ေက်ာ္ၾကားသူ အေတာ္မ်ားမ်ားဟာ ဘယ္သန္ေတြ ျဖစ္ၾကပါတယ္။ နာမည္ေက်ာ္ႏိုင္ငံေရးသမားနဲ႔ ပညာရွင္ေတြျဖစ္ၾကတဲ့ အဲလ္ဘတ္အိုင္းစတိုင္း၊ ေဝါ့ဒစ္စေနး၊ ဘီလ္ဂိတ္၊ မာ့ခ္ဇူကာဘတ္ဂ္၊ အိုဘားမားနဲ႔ ဘီလ္ကလင္တန္တို႔ဟာ ဘယ္သန္ေတြျဖစ္ပါတယ္။ မိုက္ကယ္ဂ်က္ဆင္၊ မာရီလင္မြန္႐ိုး၊ ကီးႏူးရီးဗ္စ္၊ တြမ္ခ႐ု႕စ္၊ ေအာ္ပရာဝင္းဖေရး၊ အီမီနမ္၊ ဂ်က္စတင္ဘီဘာ၊ ေလဒီဂါဂါ၊ စတားလုံး၊ အင္ဂ်လီနာဂ်ိဳလီ၊ ဂ်ဴလီယာေရာဘတ္၊ ခ်ာလီခ်က္ပလင္၊ အမီတာဘက္ခ်န္း၊ ဂ်နီဖာေလာရင့္စ္၊ စီလင္းဒီယြန္၊ စကားလက္ဂ်ိဳဟန္ဆန္နဲ႔ ဂ်င္မ္ကာေရးတို႔အပါအဝင္ နာမည္ေက်ာ္ၾကားတဲ့ အႏုပညာရွင္အေတာ္မ်ားမ်ားဟာ လည္း ဘယ္သန္ေတြပါပဲ။

၇။ အႁမႊာေတြဟာ မ်ိဳးဗီဇခ်င္းတူညီၾကေပမဲ့ သန္တဲ့ဘက္လည္း အၿမဲတူညီမယ္လို႔ေတာ့ မသတ္မွတ္ႏိုင္ပါဘူး။ တစ္ေယာက္က ညာသန္ျဖစ္ေပမဲ့ ေနာက္တစ္ေယာက္က ဘယ္သန္ျဖစ္ေနတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။

၈။ အရင္က ေလ့လာေတြ႕ရွိခ်က္ေတြအရဆိုရင္ ဓာတုပစၥည္းေတြနဲ႔ျပဳလုပ္ထားတဲ့ အမဟိုမုန္းအေျခခံေဆးဝါး ေတ မွီဝဲဖူးတဲ့ မိခင္ေတြဟာလည္း ဘယ္သန္ကေလးေတြ ေမြးတတ္တယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ အဲဒီေဆးေတြ ကို ၁၉၄၀ ျပည့္ႏွစ္နဲ႔ ၁၉၇၁ ခုႏွစ္ဝန္းက်င္ေလာက္ကပဲ အသုံးျပဳခဲ့ၾကတာပါ။ သုေတသနသမားေတြရဲ႕ အဆို အရ အမဟိုမုန္းဓာတ္ဟာ ဦးေႏွာက္ကို ဖြံ႕ၿဖိဳးေစၿပီး ဘယ္သန္ျဖစ္ႏိုင္ပိုမ်ားေစပါတယ္။

by Cherry Mon

Photo Credit: Unsplash, Pinterest

Ref; lifehack, IMDb, Wishesh 

Credit:we .media

Unicodeဖြင့်ဖတ်ရန်

ဘယ်သန်တွေရဲ့ ထူးခြားချက်များ

ပုံမှန်အားဖြင့် လူတွေဟာ ညာလက်ကိုပဲ အဓိကထားအသုံးပြုကြတဲ့ ညာသန်တွေ ဖြစ်ပေမဲ့လည်း ဘယ်လက် ကို အဓိကထားတဲ့ ဘယ်သန်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဘယ်သန်တဲ့ လူဦးရေဟာ နည်းနည်းတော့ရှားပါ တယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းကသာ ဘယ်သန်တွေဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။

ဘာလို့ အဲဒီလို ဘယ်သန်ဖြစ်ရတာလဲ? ဘယ်သန်တွေက ဘယ်လိုထူးခြားချက်တွေဖြစ်နေလဲဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ အဲဒါကြောင့် ဘယ်သန်လေးတွေရဲ့အကြောင်းကို တစေ့တကြောင်း ဖော်ပြပေးချင်ပါတယ်။

၁။ ဝမ်းဗိုက်ထဲက ကလေးရဲ့ မွေးဖွားလာမယ့် အနေအထားဟာ သူတို့ဘယ်ဘက်ကို သန်မလဲဆိုတဲ့အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

၂။ အများအားဖြင့် ဘယ်သန်တွေဟာ ကားမောင်းကျွမ်းကျင်သူတွေ ဖြစ်ကြပါတယ်။ လေ့လာတွေ့ရှိချက်တချို့ အရဆိုရင် ဘယ်သန်ကားမောင်းသူတွေဟာ ညာသန်တွေထက်စာရင် ကားမတော်တဆမှုဖြစ်ဖို့ ရာခိုင်နှုန်း ပိုနည်းပါတယ်။ ဒါ့ပြင် ဘယ်သန်တွေဟာ ကားမောင်းသင်ယူတဲ့အခါ မြန်မြန်တတ်လွယ်ကြပါတယ်။

၃။ ဘယ်သန်တွေဟာ မှတ်ဉာဏ်ပိုကောင်းကြပါတယ်။ အလုပ်တာဝန်တွေ ဆောင်ရွက်တဲ့အခါမှာလည်း ထူးချွန်ကြတာ များပါတယ်။

၄။ ဘယ်သန်တွေဟာ ထူးခြားဆန်းသစ်တဲ့ စဉ်းစားတွေးခေါ်ပုံမျိုးရှိပြီး ဖန်တီးနိုင်စွမ်းမြင့်မားကြတာကြောင့် ဖန်တီးမှုတွေလုပ်ရတဲ့ နယ်ပယ်မျိုးတွေအတွက် သင့်တော်ပါတယ်။

၅။ ဘန်သယ်တွေဟာ အားကစားမှာလည်း ထူးချွန်ကြပါတယ်။ အထူးသဖြင့် ဘယ်သန်တဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ ဘေ့စ်ဘော၊ ခရစ်ကတ်၊ စားပွဲတင်တင်းနစ်တို့လို အားကစားနည်းတွေမှာ ကျွမ်းကျင်စွာ ကစားနိုင်ကြပါတယ်။


၆။ ကမ္ဘာကျော်တဲ့အနုပညာရှင်တွေနဲ့ အောင်မြင်ကျော်ကြားသူ အတော်များများဟာ ဘယ်သန်တွေ ဖြစ်ကြပါတယ်။ နာမည်ကျော်နိုင်ငံရေးသမားနဲ့ ပညာရှင်တွေဖြစ်ကြတဲ့ အဲလ်ဘတ်အိုင်းစတိုင်း၊ ဝေါ့ဒစ်စနေး၊ ဘီလ်ဂိတ်၊ မာ့ခ်ဇူကာဘတ်ဂ်၊ အိုဘားမားနဲ့ ဘီလ်ကလင်တန်တို့ဟာ ဘယ်သန်တွေဖြစ်ပါတယ်။ မိုက်ကယ်ဂျက်ဆင်၊ မာရီလင်မွန်ရိုး၊ ကီးနူးရီးဗ်စ်၊ တွမ်ခရု့စ်၊ အော်ပရာဝင်းဖရေး၊ အီမီနမ်၊ ဂျက်စတင်ဘီဘာ၊ လေဒီဂါဂါ၊ စတားလုံး၊ အင်ဂျလီနာဂျိုလီ၊ ဂျူလီယာရောဘတ်၊ ချာလီချက်ပလင်၊ အမီတာဘက်ချန်း၊ ဂျနီဖာလောရင့်စ်၊ စီလင်းဒီယွန်၊ စကားလက်ဂျိုဟန်ဆန်နဲ့ ဂျင်မ်ကာရေးတို့အပါအဝင် နာမည်ကျော်ကြားတဲ့ အနုပညာရှင်အတော်များများဟာ လည်း ဘယ်သန်တွေပါပဲ။

၇။ အမြွှာတွေဟာ မျိုးဗီဇချင်းတူညီကြပေမဲ့ သန်တဲ့ဘက်လည်း အမြဲတူညီမယ်လို့တော့ မသတ်မှတ်နိုင်ပါဘူး။ တစ်ယောက်က ညာသန်ဖြစ်ပေမဲ့ နောက်တစ်ယောက်က ဘယ်သန်ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၈။ အရင်က လေ့လာတွေ့ရှိချက်တွေအရဆိုရင် ဓာတုပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ အမဟိုမုန်းအခြေခံဆေးဝါး တေ မှီဝဲဖူးတဲ့ မိခင်တွေဟာလည်း ဘယ်သန်ကလေးတွေ မွေးတတ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီဆေးတွေ ကို ၁၉၄၀ ပြည့်နှစ်နဲ့ ၁၉၇၁ ခုနှစ်ဝန်းကျင်လောက်ကပဲ အသုံးပြုခဲ့ကြတာပါ။ သုတေသနသမားတွေရဲ့ အဆို အရ အမဟိုမုန်းဓာတ်ဟာ ဦးနှောက်ကို ဖွံ့ဖြိုးစေပြီး ဘယ်သန်ဖြစ်နိုင်ပိုများစေပါတယ်။

by Cherry Mon

Photo Credit: Unsplash, Pinterest

Ref; lifehack, IMDb, Wishesh 


Credit:we .media

မှတ်ချက်များ