ေသတမ္းစာ ေရးၿပီး ေတာင္ဥကၠလာပ ေဘလီတံတားေပၚကေန ခုန္ခ်သြားတဲ့ ၂၉ ႏွစ္အ႐ြယ္အမ်ိဳးသား
Zawgyi ျဖင့္ဖတ္ရန္
လူ႔ဘဝႀကီးဟာ အေျခခံလူတန္းစားေတြအတြက္ ခက္ခဲၾကမ္းတမ္းလွတဲ့ လမ္းခရီးႀကီး တစ္ခုပါပဲ။ ဒါ့ေၾကာင့္ ဒီလမ္းခရီးႀကီးကို ဆက္မေလ်ာက္ႏိုင္ပဲ ေလာကႀကီးကို အရႈံးေပးသြားၾကတဲ့ လူေတြမ်ားပါတယ္။ ေလာကဓံရဲ႕ ႐ိုက္ႏွက္မႈေတြကို မခံႏိုင္တဲ့အဆုံး ေလာကႀကီးကို ႏႈတ္ဆက္ထြက္ခြာသြားတတ္ၾကပါတယ္။ ယခုလည္း ေတာင္ဥကၠလာပ ေဘလီတံတားေပၚကေန အသက္ ၂၉ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး ကိုယ့္ကိုယ့္ကို အဆုံးစီရင္မႈျဖစ္ပြားခဲ့ပါတယ္။
ေသဆုံးသူဟာ ေနျပည္ေတာ္က ဟိုတယ္တစ္ခုမွာ အလုပ္လုပ္ၿပီး ေနျပည္ေတာ္ ေဇယ်ာသီရိၿမိဳ႕နယ္မွာ ေနထိုင္သူျဖစ္ပါတယ္။ ေသဆုံးသူရဲ႕ က်န္ရွိတဲ့ ကိုယ္ခႏၶာ႐ုပ္ႂကြင္းကိုေတာ့ ႏိုင္ဝင္ဘာလ ၂၈ ရက္ေန႔အထိ ျပန္လည္ ရွာေဖြ မေတြ႕ရွိေသးဘူးူျဖစ္ပါတယ္။
ပရိတ္သတ္ႀကီးေရ ဘယ္လိုေၾကာင့္ပဲ ျဖစ္ျဖစ္ ေလာကကို အရႈံးေပးသြားသူေတြဆိုရင္ သနားမိတာေတာ့ အမွန္ပါပဲ၊ မိမိပတ္ဝန္းက်င္မွာ ဒီလို လူမ်ိဳးေတြ ရွိလာခဲ့မယ္ဆိုရင္ ကူညီပံ့ပိုးေပးၾကရေအာင္ေနာ္……………
။
Writer- ME(Shwe Yaung Lan)
Unicode ဖြင့်ဖတ်ရန်
သေတမ်းစာ ရေးပြီး တောင်ဥက္ကလာပ ဘေလီတံတားပေါ်ကနေ ခုန်ချသွားတဲ့ ၂၉ နှစ်အရွယ်အမျိုးသား
လူ့ဘဝကြီးဟာ အခြေခံလူတန်းစားတွေအတွက် ခက်ခဲကြမ်းတမ်းလှတဲ့ လမ်းခရီးကြီး တစ်ခုပါပဲ။ ဒါ့ကြောင့် ဒီလမ်းခရီးကြီးကို ဆက်မလျောက်နိုင်ပဲ လောကကြီးကို အရှုံးပေးသွားကြတဲ့ လူတွေများပါတယ်။ လောကဓံရဲ့ ရိုက်နှက်မှုတွေကို မခံနိုင်တဲ့အဆုံး လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားတတ်ကြပါတယ်။ ယခုလည်း တောင်ဥက္ကလာပ ဘေလီတံတားပေါ်ကနေ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦး ကိုယ့်ကိုယ့်ကို အဆုံးစီရင်မှုဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူဟာ နေပြည်တော်က ဟိုတယ်တစ်ခုမှာ အလုပ်လုပ်ပြီး နေပြည်တော် ဇေယျာသီရိမြို့နယ်မှာ နေထိုင်သူဖြစ်ပါတယ်။ သေဆုံးသူရဲ့ ကျန်ရှိတဲ့ ကိုယ်ခန္ဓာရုပ်ကြွင်းကိုတော့ နိုင်ဝင်ဘာလ ၂၈ ရက်နေ့အထိ ပြန်လည် ရှာဖွေ မတွေ့ရှိသေးဘူးူဖြစ်ပါတယ်။
ပရိတ်သတ်ကြီးရေ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် လောကကို အရှုံးပေးသွားသူတွေဆိုရင် သနားမိတာတော့ အမှန်ပါပဲ၊ မိမိပတ်ဝန်းကျင်မှာ ဒီလို လူမျိုးတွေ ရှိလာခဲ့မယ်ဆိုရင် ကူညီပံ့ပိုးပေးကြရအောင်နော်……………
။
Writer- ME(Shwe Yaung Lan)

မှတ်ချက်များ