သခ်ၤာေတာ္ပါတယ္ဆုိတဲ့လူေတြေတာင္ အေျဖမွန္ တြက္ဖုိ႔မလြယ္တဲ့ ပုစာၦ႐ုိး႐ုိးေလး

Zawgyiျဖင့္ဖတ္ရန္
 အခုေဖာ္ျပထားတဲ့ သခ်ၤာပုစာၦေလးကေတာ့ အရမ္ႀကီး ခက္ခဲတဲ့ ပုစာၦေလးလုိ႔ ယူဆၾကမွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ ေမးခြန္းေလးက လြယ္ေနလုိ႔ပါ။ ဒါေပမယ့္ တကယ္တမ္း တြက္ၾကည့္တဲ့အခါ တကယ္ေတာ္ပါတယ္ဆုိတဲ့လူေတြေတာင္ အေျဖက ႏွစ္မ်ိဳးေလာက္ ျဖစ္ေနပါလိမ့္မယ္။
ပုစာၦေလးက 8 ÷ 2(2+2) ျဖစ္ပါတယ္။ ဂဏန္းေပါင္းစက္ထဲမွာ ဒီအတုိင္း ႐ုိက္လုိက္ရင္ အေျဖက (၁၆)ကုိ ျပေနမွာပါ။ ဒါေပမယ့္ သင့္အေျဖက (၁)ရေနတယ္ဆုိရင္ ဂဏန္းေပါင္းစက္က မွားတာလား၊ သင္ကပဲ တြက္တာမွားတာလားဆုိတာ သံသယ ျဖစ္မွာ မလြဲပါဘူး။ ဒါဆုိ အေျဖက (၁)လား (၁၆)လား …?
ဒီပုစာၦေလးဟာ တြစ္တာေပၚမွာ Retweet (၃၀၀၀)ေက်ာ္ ရရွိခဲ့ၿပီး Like ျပဳလုပ္သူ (၁၂၀၀၀)အထိ ရွိခဲ့ပါတယ္။ အေျဖ (၁)နဲ႔ (၁၆) ကြဲေနရျခင္းက တြက္နည္းေတြ မတူလုိ႔ပါ။ ဘယ္လုိမတူတာလဲဆုိေတာ့ ပညာေရးသင္႐ုိးေတြ တစ္သက္မွတ္မဟုတ္ဘဲ ကြဲလြဲေနလုိ႔ပဲလုိ႔ ေျပာရမွာ ျဖစ္ပါတယ္။
ဒါေၾကာင့္ ကုိယ္သင္ခဲ့ရတဲ့ နည္းစနစ္ေပၚမူတည္ၿပီး၊ အေျဖက တစ္မ်ိဳးဆီျဖစ္ေနမွာပါ။ ဂဏန္းေပါင္းစက္မွာေတာ့ အမ်ားသုံးတဲ့စနစ္ကို အေျခခံၿပီး၊ ေဖာ္ျမဴလာထည့္ထားတာျဖစ္လုိ႔ အေျဖကေတာ့ အမ်ားရတဲ့အေျဖ (၁၆)နဲ႔ တူေနလိမ့္မယ္လုိ႔ ယူဆရပါတယ္။
လင္းသူရိန္
Credit:Shwemom
Unicodeဖြင့်ဖတ်ရန်

သင်္ချာတော်ပါတယ်ဆိုတဲ့လူတွေတောင် အဖြေမှန် တွက်ဖို့မလွယ်တဲ့ ပုစ္ဆာရိုးရိုးလေး

အခုဖော်ပြထားတဲ့ သင်္ချာပုစ္ဆာလေးကတော့ အရမ်ကြီး ခက်ခဲတဲ့ ပုစ္ဆာလေးလို့ ယူဆကြမှာ မဟုတ်ပါဘူး။ အကြောင်းကတော့ မေးခွန်းလေးက လွယ်နေလို့ပါ။ ဒါပေမယ့် တကယ်တမ်း တွက်ကြည့်တဲ့အခါ တကယ်တော်ပါတယ်ဆိုတဲ့လူတွေတောင် အဖြေက နှစ်မျိုးလောက် ဖြစ်နေပါလိမ့်မယ်။
ပုစ္ဆာလေးက 8 ÷ 2(2+2) ဖြစ်ပါတယ်။ ဂဏန်းပေါင်းစက်ထဲမှာ ဒီအတိုင်း ရိုက်လိုက်ရင် အဖြေက (၁၆)ကို ပြနေမှာပါ။ ဒါပေမယ့် သင့်အဖြေက (၁)ရနေတယ်ဆိုရင် ဂဏန်းပေါင်းစက်က မှားတာလား၊ သင်ကပဲ တွက်တာမှားတာလားဆိုတာ သံသယ ဖြစ်မှာ မလွဲပါဘူး။ ဒါဆို အဖြေက (၁)လား (၁၆)လား …?
ဒီပုစ္ဆာလေးဟာ တွစ်တာပေါ်မှာ Retweet (၃၀၀၀)ကျော် ရရှိခဲ့ပြီး Like ပြုလုပ်သူ (၁၂၀၀၀)အထိ ရှိခဲ့ပါတယ်။ အဖြေ (၁)နဲ့ (၁၆) ကွဲနေရခြင်းက တွက်နည်းတွေ မတူလို့ပါ။ ဘယ်လိုမတူတာလဲဆိုတော့ ပညာရေးသင်ရိုးတွေ တစ်သက်မှတ်မဟုတ်ဘဲ ကွဲလွဲနေလို့ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ်သင်ခဲ့ရတဲ့ နည်းစနစ်ပေါ်မူတည်ပြီး၊ အဖြေက တစ်မျိုးဆီဖြစ်နေမှာပါ။ ဂဏန်းပေါင်းစက်မှာတော့ အများသုံးတဲ့စနစ်ကို အခြေခံပြီး၊ ဖော်မြူလာထည့်ထားတာဖြစ်လို့ အဖြေကတော့ အများရတဲ့အဖြေ (၁၆)နဲ့ တူနေလိမ့်မယ်လို့ ယူဆရပါတယ်။
လင်းသူရိန်
Credit:Shwemom

မှတ်ချက်များ