Zawgyiျဖင့္ဖတ္ရန္
ပါဝင္ပစၥည္းမ်ား
ပဲၾကာဇံ – ၂၀ သား(ေရစိမ္ထားပါ)
ၾကက္သား – ၂၅ က်ပ္သား(ေသးေသးရွည္ရွည္လွီးပါ)
ငံုးဥ – ၁၀လံုး(ျပဳတ္ျပီး အခြံခြါ)
မိႈေျခာက္ – ၂က်ပ္ခြဲသား
ပန္းေျခာက္ – ၅က်ပ္သား
ပဲလိပ္ – ၁ျပား
ငံျပာရည္ – စားပြဲတင္ဇြန္း ၁ စြန္း
ငရုတ္ေကာင္း – အနည္းငယ္
အရသာမႈန္႔ – စားပြဲတင္ဇြန္း ၁ စြန္း ၾကက္သြန္ျဖဴ – ၃ လံုး (အခြံႏႊာ)
ၾကက္သြန္နီ – ၆ လံုး(၄ စိပ္စိပ္
ဂ်င္း – လက္၂ဆစ္(ပါးပါးလွီး)
နႏြင္းမႈန္. – အနည္းငယ္
အေရာင္တင္မႈန္. – အနည္းငယ္
နံနံပင္ – အနည္းငယ္
သံပုရာသီး – အနည္းငယ္
အရင္ဆံုး ၾကက္ရိုးမ်ားကို ၾကက္သြန္ျဖဴ ၅မႊာ၊ဂ်င္းလက္၁ဆစ္ ဆားအနည္းငယ္ထည့္ျပီး ျပဳတ္ထားပါ။
မိႈေျခာက္ပန္းေျခာက္မ်ားကို ေရစိမ္ထားပါ။ ပြလာလၽွင္ေရစင္ေအာင္ေဆး၍
အေနေတာ္ညႇပ္ထားပါ။
ဒယ္ထဲ ဆီထည့္ျပီး ဆီပူလာရ ၾကက္သြန္နီ ျဖဴ ဂ်င္း ဆီသတ္ပါ။နႏြင္း အေရာင္တင္မႈန္.ထည့္ပါ။
ၾကက္သားထည့္ျပီး ခဏေမႊေပးပါ။
ျကက္ျပဳတ္ရည္ထည့္ပါ။
အရသာအတြက္ ငံျပာရည္ အရသာမႈန္႔ ထည့္ပါ။
မိႈေျခာက္ ပဲလိပ္ ထည့္ပါ။
၅မိနစ္ခန္႔
ၾကာလၽွင္ ၾကာဇံ နွင့္ ပန္းေျခာက္ထည့္ပါ။
ၾကာလၽွင္ ၾကာဇံ နွင့္ ပန္းေျခာက္ထည့္ပါ။
ဆူၿပီး ၁၅မိနစ္ခန္႔ၾကာရင္ ငံုးဥထည့္ပါ။
အရသာျမည္းပါ။ အရသာစိတ္ႀကိဳက္ျပင္ပါ
အရသာ အေနေတာ္ျဖစ္လၽွင္ ငရုတ္ေကာင္းမႈန္.ျပီး ရပါျပီ ။
ျကာဇံခ်က္ စားေတာ့မယ္ဆိုရင္ ပန္းကန္ထဲထည့္ျပီး ျကက္သြန္စိမ္း နံနံပင္ သံပုရာသီးညွစ္ အစပ္ျကိုက္ရင္ ငရုတ္သီးအက်က္မႈန္.ထည့္ျပီး အရသာရွိရွိ သံုးေ
ဆာင္နိုင္ပါျပီ 
Credit : Kyaw Min Htwe
Unicodeဖြင့်ဖတ်ရန်ဲြ
ကြာဇံချက် ကြိုက်သူများအတွက် စားကောင်းစေမဲ့ ကြာဇံချက်ချက်နည်း
ပါဝင်ပစ္စည်းများ
ပဲကြာဇံ – ၂၀ သား(ရေစိမ်ထားပါ)
ကြက်သား – ၂၅ ကျပ်သား(သေးသေးရှည်ရှည်လှီးပါ)
ငုံးဥ – ၁၀လုံး(ပြုတ်ပြီး အခွံခွါ)
မှိုခြောက် – ၂ကျပ်ခွဲသား
ပန်းခြောက် – ၅ကျပ်သား
ပဲလိပ် – ၁ပြား
ငံပြာရည် – စားပွဲတင်ဇွန်း ၁ စွန်း
ငရုတ်ကောင်း – အနည်းငယ်
အရသာမှုန့် – စားပွဲတင်ဇွန်း ၁ စွန်း ကြက်သွန်ဖြူ – ၃ လုံး (အခွံနွှာ)
ကြက်သွန်နီ – ၆ လုံး(၄ စိပ်စိပ်
ဂျင်း – လက်၂ဆစ်(ပါးပါးလှီး)
နနွင်းမှုန်. – အနည်းငယ်
အရောင်တင်မှုန်. – အနည်းငယ်
နံနံပင် – အနည်းငယ်
သံပုရာသီး – အနည်းငယ်
အရင်ဆုံး ကြက်ရိုးများကို ကြက်သွန်ဖြူ ၅မွှာ၊ဂျင်းလက်၁ဆစ် ဆားအနည်းငယ်ထည့်ပြီး ပြုတ်ထားပါ။
မှိုခြောက်ပန်းခြောက်များကို ရေစိမ်ထားပါ။ ပွလာလျှင်ရေစင်အောင်ဆေး၍
အနေတော်ညှပ်ထားပါ။
ဒယ်ထဲ ဆီထည့်ပြီး ဆီပူလာရ ကြက်သွန်နီ ဖြူ ဂျင်း ဆီသတ်ပါ။နနွင်း အရောင်တင်မှုန်.ထည့်ပါ။
ကြက်သားထည့်ပြီး ခဏမွှေပေးပါ။
ကြက်ပြုတ်ရည်ထည့်ပါ။
အရသာအတွက် ငံပြာရည် အရသာမှုန့် ထည့်ပါ။
မှိုခြောက် ပဲလိပ် ထည့်ပါ။
၅မိနစ်ခန့်
ကြာလျှင် ကြာဇံ နှင့် ပန်းခြောက်ထည့်ပါ။
ကြာလျှင် ကြာဇံ နှင့် ပန်းခြောက်ထည့်ပါ။
ဆူပြီး ၁၅မိနစ်ခန့်ကြာရင် ငုံးဥထည့်ပါ။
အရသာမြည်းပါ။ အရသာစိတ်ကြိုက်ပြင်ပါ
အရသာ အနေတော်ဖြစ်လျှင် ငရုတ်ကောင်းမှုန်.ပြီး ရပါပြီ ။
ကြာဇံချက် စားတော့မယ်ဆိုရင် ပန်းကန်ထဲထည့်ပြီး ကြက်သွန်စိမ်း နံနံပင် သံပုရာသီးညှစ် အစပ်ကြိုက်ရင် ငရုတ်သီးအကျက်မှုန်.ထည့်ပြီး အရသာရှိရှိ
သုံးဆောင်နိုင်ပါပြီ 
Credit : Kyaw Min Htwe


မှတ်ချက်များ