လူေတြေျပာေျပာေနၾကတဲ့ တို႔ေဆး ဆိုတာ ..
Zawgyiျဖင့္ဖတ္ရန္
တို႔ေဆး မိသြားတယ္၊ တို႔ေဆး ခတ္ၿပီး အကုန္ယူသြားတယ္ ဘာညာဆိုၿပီး ေျပာတာၾကားဖူးၾကမွာေပါ့။ တို႔ေဆး ေတာ္ေတာ္နာမည္ႀကီးခဲ့တဲ့အခ်ိန္ရွိတယ္။ ၂၀၀၂ ေလာက္ကနဲ႔တူတယ္။ တို႔ေဆးသုံးၿပီး ပိုက္ဆံေတြ၊ လက္ဝတ္လက္စားေတြ အကုန္ယူသြားတာမ်ိဳး ေပါ့။ အဲ့တုန္းက တို႔ေဆး ဆိုတာကို ဂႏၶာရီပညာရပ္ေတြနဲ႔ေဖာ္ထားတဲ့ ေဆးလိုလို ေတာင္ေျပာခဲ့ၾကတာ။
တကယ္ေတာ့ တို႔ေဆး ဆိုတာ အရည္တစ္မ်ိဳးျဖစ္တယ္။ သူ႔ရဲ႕ေဆးပညာအေခၚကေတာ့ ( Ketamine ) ကတ္တမင္း ပါ။ အသုံးျပဳပုံက ရွင္းတယ္။ ဆရင္း ( Syringe ) အေသးစားေလးထဲ ကီတာမင္ ကို ေရနဲ႔ေဖ်ာ္ထည့္၊ ၿပီးရင္ သားေကာင္အနားကပ္ၿပီး အပ္ထိပ္ဖ်ားေလးနဲ႔ထိုးသြင္းလိုက္တာပဲ။ အထိုးခံရတဲ့သူက ပထမ ဆစ္ ကနဲျဖစ္သြားၿပီး ေဆးဝင္သြားတဲ့ေနာက္ စကၠန႔္ပိုင္းအတြင္းမွာ မူးေဝလာမယ္၊ အျမင္ေတြေ၀ဝါးၿပီး သတိလစ္သလိုလိုျဖစ္သြားမယ္၊ အဲ့ဒီေနာက္မွာေတာ့ အနားမွာရွိေနတဲ့အႀကံသမားက အလိုက္သင့္ေခၚေဆာင္သြားမယ္။
ကတ္တမင္း က တရားဝင္သုံးစြဲခြင့္ရတဲ့ ေဆးေတာ့မဟုတ္ပါဘူး။ ကလို႐ိုေဖာင္း လိုမ်ိဳး ခြဲစိတ္ခန္းေတြမွာအသုံးျပဳတဲ့ ေမ့ေဆးအမ်ိဳးအစားပါ။ ေတာ္ေတာ္လည္းျပင္းပါတယ္။ dismemberment လိုမ်ိဳး ျပတ္ေတာက္ဒဏ္ရာအႀကီးစားေတြကို ခြဲစိတ္တဲ့ေနရာမွာသုံးတယ္။ ဒုစ႐ိုက္သမားေတြကေတာ့ ကတ္တမင္း ကိုသုံးၿပီး ပစၥည္းလုတာေတြ၊ မတရားက်င့္တဲ့ ေနရာေတြမွာ သုံးၾကတယ္။ ကီတာမင္ ဟာ ေဆးအရည္၊ အဆီ စသျဖင့္အမ်ိဳးမ်ိဳးလာၿပီး သူ႔ကိုရရွိဖို႔က သိပ္ၿပီးမခက္ခဲဘူး။ အဆင္အသြယ္ရွိရင္ လိုသေလာက္ရႏိုင္တဲ့ ေဆးပါ။ အထူးသျဖင့္ ကြမ္းယာဆိုင္တစ္ခ်ိဳ႕တစ္ေလ နဲ႔ တည္းခိုခန္းေတြမွာ ရႏိုင္တယ္။ ေနာက္ၿပီး တကၠစီေမာင္းတဲ့သူတစ္ခ်ိဳ႕ဆီမွာလည္း ဝယ္လို႔ရသတဲ့။
တို႔ေဆး ( ကတ္တမင္း ) ကို ဒုစ႐ိုက္သမားေတြ ဘယ္လိုအသုံးျပဳၾကလဲ ?
ဥပမာ ႏိုက္ကလပ္ထဲမွာ မိန္းကေလးတစ္ေယာက္နဲ႔စကားလက္ဆုံက်သြားၿပီပဲထားပါေတာ့။ သားေကာင္ရွာေနတဲ့ မိန္းကေလးနဲ႔ ရင္းႏွီးၿပီးေနာက္ဆုံးသူမေခၚတဲ့ေနရာကိုပါသြားမယ္။ မိန္းကေလးက အဲ့ဒီေဆးကို ေရနဲ႔ေဖ်ာ္ၿပီး သူမရဲ႕ ခႏၶာကိုယ္ေပၚမွာ လိမ္းထားမယ္။ ေဆးလိမ္းထားတဲ့ အစိတ္အပိုင္းေတြကို ပါးစပ္နဲ႔ထိမိ၊ နမ္းမိ တာနဲ႔ မိနစ္ပိုင္းအတြင္း ေခါင္းေတြမူးၿပီး အိပ္ေပ်ာ္သြားမွာပါ။ အဲ့ဒီေနာက္မွာေတာ့ ကိုယ့္မွာပါသမွ် ပစၥည္းေတြအကုန္ယူၿပီး ဒုစ႐ိုက္သမားက ထြက္ေျပးသြားမွာပါ။
ေနာက္တစ္ခ်က္သတိထားရမွာက ရန္ကုန္ၿမိဳ႕ရဲ႕ လူေနမႈပုံစံျဖစ္တယ္။ တိုက္ခန္းေတြ၊ လုံးခ်င္းေတြနဲ႔ေနၿပီး အနီးအနားကလူေတြနဲ႔သိပ္ၿပီးအဆက္အဆံမရွိတဲ့ ရန္ကုန္ရဲ႕ လူေနမႈစနစ္က တစ္ခါတစ္ေလ ဒုစ႐ိုက္သမားေတြကို လက္ယက္ေခၚေနသလိုျဖစ္တတ္တယ္။ ေန႔ခင္းေၾကာင္ေတာင္ႀကီး အလႈခံသလို၊ ကုန္ပစၥည္းမားကတ္တင္းဆင္းသလို ပုံစံနဲ႔ ေရာက္လာတတ္တာကို သတိျပဳပါ။ အလႈခံဆိုရင္လည္း တို႔ေဆးကို လက္ကိုင္ပုဝါထဲဆြတ္ၿပီးမ်က္ႏွာကိုအုပ္လိုက္တာေတြ၊ မားကတ္တင္းဆင္းတာမ်ိဳးဆိုရင္လည္း ေရေမႊးပုံစံလုပ္ထားတဲ့ ကီတာမင္ ကိုရႈခိုင္းတာမ်ိဳးေတြ လုပ္တတ္တယ္။
ကတ္တမင္း က အရမ္းျပင္းလြန္းလို႔ တိရစာၦန္အ႐ိုင္းေတြကို ပစ္ခတ္ဖမ္းတာ၊ ခြဲစိတ္တာမ်ိဳးေတြမွာလည္း သုံးၾကတယ္။ ကီတာမင္ ရဲ႕ အာနိသင္ျပတဲ့အခ်ိန္က မိနစ္ပိုင္း၊ စကၠန႔္ပိုင္းေလာက္သာၾကာၿပီး အနည္းဆုံး သုံးေလးနာရီေလာက္ ( conscious ) သတိေမ့သြားတတ္တာမို႔ ဒုစ႐ိုက္သမားေတြအတြက္ေတာ့ အခ်ိန္ေကာင္းေကာင္းယူၿပီး မေကာင္းမႈေတြလုပ္လို႔ရတာမ်ိဳးပါ။ ေနာက္တစ္ခုက ေဆးဟာ အသားထဲေရာက္ၿပီး မိနစ္ပိုင္းအတြင္းမွာပဲ ႂကြက္သားေတြဆိုင္းသြားတတ္တာေၾကာင့္ သတိေကာင္းေနခဲ့ရင္ေတာင္ ေလးလံၿပီး လႈပ္ရွားလို႔မရေတာ့ဘူး။ ဒါဟာ ကတ္တမင္း ရဲ႕ အာနိသင္ျဖစ္တယ္။
ကတ္တမင္း ရဲ႕ လကၡဏာေတြက -
အာ႐ုံ စူးစိုက္ႏိုင္မႈ ေလွ်ာ့က်ျခင္း အိပ္ခ်င္မူးတူး ျဖစ္ျခင္း မူးေဝျခင္း မအီမသာႏွင့္ ပ်ိဳ႕ခ်င္ အန္ခ်င္ စိတ္ျဖစ္ျခင္း အျမင္ေ၀ဝါးလာျခင္း သတိလစ္ျခင္း ေလျဖတ္သကဲ့သို႔ ျဖစ္ျခင္း ေဆးခတ္ခံ ရခ်ိန္ႏွင့္ ေဆးအာနိသင္ ပ်ယ္ခ်ိန္အၾကားမွ အျဖစ္အပ်က္မ်ားအား မမွတ္မိျခင္း အသက္ရႉရန္ ခက္ခဲျခင္း တုန္တုန္ ယင္ယင္ျဖစ္ျခင္း ေခြၽးထြက္ျခင္း ေအာ့အန္ျခင္း ႏွလုံးခုန္ႏႈန္း ေႏွးေကြးျခင္း အိပ္မက္ကဲ့သို႔ ခံစားရျခင္း သတိေမ့ေျမာျခင္း နဲ႔ အဆိုးဆုံးကေတာ့ ဦးေႏွာက္ေသဆုံး ( coma ) တဲ့အထိျဖစ္တတ္တယ္။
တို႔ေဆး နဲ႔ ဒုစ႐ိုက္သမားေတြကို ဘယ္လိုကာကြယ္ၾကမလဲ ?
ျဖစ္ႏိုင္ရင္ ေယာက်ာ္းေလးေရာ၊ မိန္းကေလးေရာ အျပင္ထြက္တဲ့အခါ၊ ဘတ္စ္ကားေပၚေရာက္တဲ့အခါ၊ လူျပတ္တဲ့ေနရာေရာက္တဲ့အခါ ကိုယ့္အနားကို သူစိမ္းေတြအကပ္မခံပါနဲ႔။ ကိုယ့္ကိုကိုယ္ ကာကြယ္ဖို႔တစ္ခုခုေဆာင္ထားပါ။ အေဖာ္နဲ႔သြားပါ။ ျဖစ္ႏိုင္ရင္ အေဖာ္မ်ားမ်ားနဲ႔သြားပါ။ ရည္းစားဆိုၿပီးလည္း လြယ္လြယ္နဲ႔မယုံပါနဲ႔။ ရည္းစားကိုယ္တိုင္က ေခၚသြားၿပီး ေရာင္းစားပစ္ခဲ့တာမ်ိဳးေတြရွိပါတယ္။ ေခတ္ႀကီးက ေၾကာက္ဖို႔ေကာင္းလာသလို မသမာသူေတြ၊ ဒုစ႐ိုက္သမားေတြပိုပိုၿပီးေပါလာတဲ့အတြ္က သတိရွိၾကဖို႔ပဲ ကြၽန္ေတာ္တို႔က တိုက္တြန္းႏိုင္ပါတယ္။
Gabriel
Source - ကိုစည္သူ ( https://www.facebook.com/thanywasithu.moemyint/posts/1790407484426211 )
credit – we.media
Unicodeဖြင့်ဖတ်ရန်
လူတွေပြောပြောနေကြတဲ့ တို့ဆေး ဆိုတာ ..
တို့ဆေး မိသွားတယ်၊ တို့ဆေး ခတ်ပြီး အကုန်ယူသွားတယ် ဘာညာဆိုပြီး ပြောတာကြားဖူးကြမှာပေါ့။ တို့ဆေး တော်တော်နာမည်ကြီးခဲ့တဲ့အချိန်ရှိတယ်။ ၂၀၀၂ လောက်ကနဲ့တူတယ်။ တို့ဆေးသုံးပြီး ပိုက်ဆံတွေ၊ လက်ဝတ်လက်စားတွေ အကုန်ယူသွားတာမျိုး ပေါ့။ အဲ့တုန်းက တို့ဆေး ဆိုတာကို ဂန္ဓာရီပညာရပ်တွေနဲ့ဖော်ထားတဲ့ ဆေးလိုလို တောင်ပြောခဲ့ကြတာ။
တကယ်တော့ တို့ဆေး ဆိုတာ အရည်တစ်မျိုးဖြစ်တယ်။ သူ့ရဲ့ဆေးပညာအခေါ်ကတော့ ( Ketamine ) ကတ်တမင်း ပါ။ အသုံးပြုပုံက ရှင်းတယ်။ ဆရင်း ( Syringe ) အသေးစားလေးထဲ ကီတာမင် ကို ရေနဲ့ဖျော်ထည့်၊ ပြီးရင် သားကောင်အနားကပ်ပြီး အပ်ထိပ်ဖျားလေးနဲ့ထိုးသွင်းလိုက်တာပဲ။ အထိုးခံရတဲ့သူက ပထမ ဆစ် ကနဲဖြစ်သွားပြီး ဆေးဝင်သွားတဲ့နောက် စက္ကန့်ပိုင်းအတွင်းမှာ မူးဝေလာမယ်၊ အမြင်တွေဝေဝါးပြီး သတိလစ်သလိုလိုဖြစ်သွားမယ်၊ အဲ့ဒီနောက်မှာတော့ အနားမှာရှိနေတဲ့အကြံသမားက အလိုက်သင့်ခေါ်ဆောင်သွားမယ်။
ကတ်တမင်း က တရားဝင်သုံးစွဲခွင့်ရတဲ့ ဆေးတော့မဟုတ်ပါဘူး။ ကလိုရိုဖောင်း လိုမျိုး ခွဲစိတ်ခန်းတွေမှာအသုံးပြုတဲ့ မေ့ဆေးအမျိုးအစားပါ။ တော်တော်လည်းပြင်းပါတယ်။ dismemberment လိုမျိုး ပြတ်တောက်ဒဏ်ရာအကြီးစားတွေကို ခွဲစိတ်တဲ့နေရာမှာသုံးတယ်။ ဒုစရိုက်သမားတွေကတော့ ကတ်တမင်း ကိုသုံးပြီး ပစ္စည်းလုတာတွေ၊ မတရားကျင့်တဲ့ နေရာတွေမှာ သုံးကြတယ်။ ကီတာမင် ဟာ ဆေးအရည်၊ အဆီ စသဖြင့်အမျိုးမျိုးလာပြီး သူ့ကိုရရှိဖို့က သိပ်ပြီးမခက်ခဲဘူး။ အဆင်အသွယ်ရှိရင် လိုသလောက်ရနိုင်တဲ့ ဆေးပါ။ အထူးသဖြင့် ကွမ်းယာဆိုင်တစ်ချို့တစ်လေ နဲ့ တည်းခိုခန်းတွေမှာ ရနိုင်တယ်။ နောက်ပြီး တက္ကစီမောင်းတဲ့သူတစ်ချို့ဆီမှာလည်း ဝယ်လို့ရသတဲ့။
တို့ဆေး ( ကတ်တမင်း ) ကို ဒုစရိုက်သမားတွေ ဘယ်လိုအသုံးပြုကြလဲ ?
ဥပမာ နိုက်ကလပ်ထဲမှာ မိန်းကလေးတစ်ယောက်နဲ့စကားလက်ဆုံကျသွားပြီပဲထားပါတော့။ သားကောင်ရှာနေတဲ့ မိန်းကလေးနဲ့ ရင်းနှီးပြီးနောက်ဆုံးသူမခေါ်တဲ့နေရာကိုပါသွားမယ်။ မိန်းကလေးက အဲ့ဒီဆေးကို ရေနဲ့ဖျော်ပြီး သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ လိမ်းထားမယ်။ ဆေးလိမ်းထားတဲ့ အစိတ်အပိုင်းတွေကို ပါးစပ်နဲ့ထိမိ၊ နမ်းမိ တာနဲ့ မိနစ်ပိုင်းအတွင်း ခေါင်းတွေမူးပြီး အိပ်ပျော်သွားမှာပါ။ အဲ့ဒီနောက်မှာတော့ ကိုယ့်မှာပါသမျှ ပစ္စည်းတွေအကုန်ယူပြီး ဒုစရိုက်သမားက ထွက်ပြေးသွားမှာပါ။
နောက်တစ်ချက်သတိထားရမှာက ရန်ကုန်မြို့ရဲ့ လူနေမှုပုံစံဖြစ်တယ်။ တိုက်ခန်းတွေ၊ လုံးချင်းတွေနဲ့နေပြီး အနီးအနားကလူတွေနဲ့သိပ်ပြီးအဆက်အဆံမရှိတဲ့ ရန်ကုန်ရဲ့ လူနေမှုစနစ်က တစ်ခါတစ်လေ ဒုစရိုက်သမားတွေကို လက်ယက်ခေါ်နေသလိုဖြစ်တတ်တယ်။ နေ့ခင်းကြောင်တောင်ကြီး အလှုခံသလို၊ ကုန်ပစ္စည်းမားကတ်တင်းဆင်းသလို ပုံစံနဲ့ ရောက်လာတတ်တာကို သတိပြုပါ။ အလှုခံဆိုရင်လည်း တို့ဆေးကို လက်ကိုင်ပုဝါထဲဆွတ်ပြီးမျက်နှာကိုအုပ်လိုက်တာတွေ၊ မားကတ်တင်းဆင်းတာမျိုးဆိုရင်လည်း ရေမွှေးပုံစံလုပ်ထားတဲ့ ကီတာမင် ကိုရှုခိုင်းတာမျိုးတွေ လုပ်တတ်တယ်။
ကတ်တမင်း က အရမ်းပြင်းလွန်းလို့ တိရစ္ဆာန်အရိုင်းတွေကို ပစ်ခတ်ဖမ်းတာ၊ ခွဲစိတ်တာမျိုးတွေမှာလည်း သုံးကြတယ်။ ကီတာမင် ရဲ့ အာနိသင်ပြတဲ့အချိန်က မိနစ်ပိုင်း၊ စက္ကန့်ပိုင်းလောက်သာကြာပြီး အနည်းဆုံး သုံးလေးနာရီလောက် ( conscious ) သတိမေ့သွားတတ်တာမို့ ဒုစရိုက်သမားတွေအတွက်တော့ အချိန်ကောင်းကောင်းယူပြီး မကောင်းမှုတွေလုပ်လို့ရတာမျိုးပါ။ နောက်တစ်ခုက ဆေးဟာ အသားထဲရောက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ကြွက်သားတွေဆိုင်းသွားတတ်တာကြောင့် သတိကောင်းနေခဲ့ရင်တောင် လေးလံပြီး လှုပ်ရှားလို့မရတော့ဘူး။ ဒါဟာ ကတ်တမင်း ရဲ့ အာနိသင်ဖြစ်တယ်။
ကတ်တမင်း ရဲ့ လက္ခဏာတွေက -
အာရုံ စူးစိုက်နိုင်မှု လျှော့ကျခြင်း အိပ်ချင်မူးတူး ဖြစ်ခြင်း မူးဝေခြင်း မအီမသာနှင့် ပျို့ချင် အန်ချင် စိတ်ဖြစ်ခြင်း အမြင်ဝေဝါးလာခြင်း သတိလစ်ခြင်း လေဖြတ်သကဲ့သို့ ဖြစ်ခြင်း ဆေးခတ်ခံ ရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း အသက်ရှူရန် ခက်ခဲခြင်း တုန်တုန် ယင်ယင်ဖြစ်ခြင်း ချွေးထွက်ခြင်း အော့အန်ခြင်း နှလုံးခုန်နှုန်း နှေးကွေးခြင်း အိပ်မက်ကဲ့သို့ ခံစားရခြင်း သတိမေ့မြောခြင်း နဲ့ အဆိုးဆုံးကတော့ ဦးနှောက်သေဆုံး ( coma ) တဲ့အထိဖြစ်တတ်တယ်။
တို့ဆေး နဲ့ ဒုစရိုက်သမားတွေကို ဘယ်လိုကာကွယ်ကြမလဲ ?
ဖြစ်နိုင်ရင် ယောကျာ်းလေးရော၊ မိန်းကလေးရော အပြင်ထွက်တဲ့အခါ၊ ဘတ်စ်ကားပေါ်ရောက်တဲ့အခါ၊ လူပြတ်တဲ့နေရာရောက်တဲ့အခါ ကိုယ့်အနားကို သူစိမ်းတွေအကပ်မခံပါနဲ့။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့တစ်ခုခုဆောင်ထားပါ။ အဖော်နဲ့သွားပါ။ ဖြစ်နိုင်ရင် အဖော်များများနဲ့သွားပါ။ ရည်းစားဆိုပြီးလည်း လွယ်လွယ်နဲ့မယုံပါနဲ့။ ရည်းစားကိုယ်တိုင်က ခေါ်သွားပြီး ရောင်းစားပစ်ခဲ့တာမျိုးတွေရှိပါတယ်။ ခေတ်ကြီးက ကြောက်ဖို့ကောင်းလာသလို မသမာသူတွေ၊ ဒုစရိုက်သမားတွေပိုပိုပြီးပေါလာတဲ့အတွ်က သတိရှိကြဖို့ပဲ ကျွန်တော်တို့က တိုက်တွန်းနိုင်ပါတယ်။
Gabriel
Source - ကိုစည်သူ ( https://www.facebook.com/thanywasithu.moemyint/posts/1790407484426211 )
credit – we.media


မှတ်ချက်များ