Club ကို အခုမွ စၿပီး သြားဖူးမယ့္ မိန္းကေလးေတြ သိထားရမယ့္ အခ်က္မ်ား
Zawgyi ျဖင့္ဖတ္ရန္
Club ကို ပထမဆုံးအႀကိမ္သြားတာက သင့္အတြက္ အေတြ႕အႀကဳံသစ္တစ္ခုပါပဲ။ မသြားခင္မွာ သိထားသင့္တာေတြသိၿပီး ႀကိဳျပင္ဆင္ထားသင့္တာေတြ ျပင္ဆင္ထားတာက သင့္အတြက္မမွားပါဘူး။ Club စသြားမယ့္ မိန္းကေလးေတြ သိထားရမယ့္အခ်က္ေတြကေတာ့-
၁။ သူငယ္ခ်င္းေတြနဲ႔သြားပါ
တစ္ေယာက္တည္း သြားရဲတယ္ဆိုၿပီး မသြားပါနဲ႔။ Club သြားဖူးတဲ့သူငယ္ခ်င္းေတြနဲ႔ စသြားပါ။ မျဖစ္ေသးတဲ့အရာေတြကို ႀကိဳကာကြယ္ထားတာေကာင္းပါတယ္။
၂။ မွတ္ပုံတင္ယူသြားပါ
တစ္ခါတေလ သင့္ရဲ႕ပုံစံကို ၾကည့္ၿပီး အသက္ျပည့္မျပည့္ ေမးလာခဲ့သည္ရွိေသာ္ မွတ္ပုံတင္ယူသြားေပးပါ။ အေၾကာင္းအရာတစ္ခုခုရွိရင္လည္း မွတ္ပုံတင္ေဆာင္ထားတာက သင့္အတြက္ အသုံးဝင္ပါတယ္။
၃။ Club ကိုလာတဲ့လမ္းကို မွတ္ထားပါ
ကိုယ္က လာတဲ့လမ္းမွာ အမွတ္တမဲ့ဖုန္းကိုပဲ ထုတ္ၾကည့္မေနပါနဲ႔။ ဘယ္ေနရာကေနလာရင္ ဘယ္ကိုေရာက္တယ္ဆိုတဲ့ အေတြးမ်ိဳး အၿမဲစဥ္းစားေနပါ။ ဒီလိုသိထားတာက သင္မူးလာတဲ့အခ်ိန္လည္း လမ္းမသိတာထက္ အႏၲရာယ္ပိုကင္းပါတယ္။
၄။ ကိုယ္ေသာက္တာကို မွတ္ထားပါ
တခ်ိဳ႕ေတြက နည္းနည္းေသာက္ၿပီးလို႔ အရွိန္ရလာတာနဲ႔ တစ္ခြက္ၿပီးတစ္ခြက္ဆက္ေသာက္တတ္ၾကပါတယ္။ ဒီလိုမဟုတ္ဘဲ ကိုယ့္ Limit နဲ႔ကိုယ္ေသာက္ပါ။ ကိုယ္က Club ကိုပထမဆုံးလာတာေလ။ မျဖစ္သင့္တာမျဖစ္ေအာင္ အကန႔္အသတ္ေလးနဲ႔လုပ္ပါ။
၅။ ျပန္ဖို႔ႀကိဳစီစဥ္ထားပါ
Club သြားၿပီးျပန္မယ့္အခ်ိန္က်မွ စီစဥ္တာမ်ိဳးမလုပ္ပါနဲ႔။ မသြားခင္ကတည္းက Taxi ႀကိဳၿပီး ဖုန္းဆက္ထားတာမ်ိဳးလုပ္ပါ။ ဘယ္အရာမွ ႀကိဳခန႔္မွန္းထားလို႔မရပါဘူး။ ဒီလိုႀကိဳလုပ္ထားတာက သင့္ရဲ႕စိတ္ကို အကန႔္ေလးထားလိုက္သလိုျဖစ္သြားပါတယ္။ သူငယ္ခ်င္းနဲ႔ဘယ္လိုျပန္မလဲ ႀကိဳညႇိထားပါ။ ေပ်ာ္တာေတာ့ေပ်ာ္လို႔ရပါတယ္။ ႀကိဳျပင္ဆင္ထားတာေတာ့ လုပ္ေပးပါ။ ကိုယ္က မိန္းကေလးေလ။
၆။ အဝေပ်ာ္ပါ
လက္ရွိအခ်ိန္မွာေပ်ာ္လိုက္ပါ။ Club ေရာက္တဲ့အခ်ိန္ ဟိုကိုစိတ္မခ် ဒီကိုစိတ္မခ်မလုပ္ဘဲ အဝေပ်ာ္ပစ္လိုက္ပါ။ ေရွ႕မွာေျပာခဲ့တဲ့ႀကိဳျပင္ဆင္စရာေတြ ၿပီးသြားရင္ သင္အျပည့္အဝေပ်ာ္ႏိုင္ပါၿပီ။
Credit :Aunty may
Unicode ဖြင့်ဖတ်ရန်
Club ကို အခုမှ စပြီး သွားဖူးမယ့် မိန်းကလေးတွေ သိထားရမယ့် အချက်များ
Club ကို ပထမဆုံးအကြိမ်သွားတာက သင့်အတွက် အတွေ့အကြုံသစ်တစ်ခုပါပဲ။ မသွားခင်မှာ သိထားသင့်တာတွေသိပြီး ကြိုပြင်ဆင်ထားသင့်တာတွေ ပြင်ဆင်ထားတာက သင့်အတွက်မမှားပါဘူး။ Club စသွားမယ့် မိန်းကလေးတွေ သိထားရမယ့်အချက်တွေကတော့-
၁။ သူငယ်ချင်းတွေနဲ့သွားပါ
တစ်ယောက်တည်း သွားရဲတယ်ဆိုပြီး မသွားပါနဲ့။ Club သွားဖူးတဲ့သူငယ်ချင်းတွေနဲ့ စသွားပါ။ မဖြစ်သေးတဲ့အရာတွေကို ကြိုကာကွယ်ထားတာကောင်းပါတယ်။
၂။ မှတ်ပုံတင်ယူသွားပါ
တစ်ခါတလေ သင့်ရဲ့ပုံစံကို ကြည့်ပြီး အသက်ပြည့်မပြည့် မေးလာခဲ့သည်ရှိသော် မှတ်ပုံတင်ယူသွားပေးပါ။ အကြောင်းအရာတစ်ခုခုရှိရင်လည်း မှတ်ပုံတင်ဆောင်ထားတာက သင့်အတွက် အသုံးဝင်ပါတယ်။
၃။ Club ကိုလာတဲ့လမ်းကို မှတ်ထားပါ
ကိုယ်က လာတဲ့လမ်းမှာ အမှတ်တမဲ့ဖုန်းကိုပဲ ထုတ်ကြည့်မနေပါနဲ့။ ဘယ်နေရာကနေလာရင် ဘယ်ကိုရောက်တယ်ဆိုတဲ့ အတွေးမျိုး အမြဲစဉ်းစားနေပါ။ ဒီလိုသိထားတာက သင်မူးလာတဲ့အချိန်လည်း လမ်းမသိတာထက် အန္တရာယ်ပိုကင်းပါတယ်။
၄။ ကိုယ်သောက်တာကို မှတ်ထားပါ
တချို့တွေက နည်းနည်းသောက်ပြီးလို့ အရှိန်ရလာတာနဲ့ တစ်ခွက်ပြီးတစ်ခွက်ဆက်သောက်တတ်ကြပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့် Limit နဲ့ကိုယ်သောက်ပါ။ ကိုယ်က Club ကိုပထမဆုံးလာတာလေ။ မဖြစ်သင့်တာမဖြစ်အောင် အကန့်အသတ်လေးနဲ့လုပ်ပါ။
၅။ ပြန်ဖို့ကြိုစီစဉ်ထားပါ
Club သွားပြီးပြန်မယ့်အချိန်ကျမှ စီစဉ်တာမျိုးမလုပ်ပါနဲ့။ မသွားခင်ကတည်းက Taxi ကြိုပြီး ဖုန်းဆက်ထားတာမျိုးလုပ်ပါ။ ဘယ်အရာမှ ကြိုခန့်မှန်းထားလို့မရပါဘူး။ ဒီလိုကြိုလုပ်ထားတာက သင့်ရဲ့စိတ်ကို အကန့်လေးထားလိုက်သလိုဖြစ်သွားပါတယ်။ သူငယ်ချင်းနဲ့ဘယ်လိုပြန်မလဲ ကြိုညှိထားပါ။ ပျော်တာတော့ပျော်လို့ရပါတယ်။ ကြိုပြင်ဆင်ထားတာတော့ လုပ်ပေးပါ။ ကိုယ်က မိန်းကလေးလေ။
၆။ အဝပျော်ပါ
လက်ရှိအချိန်မှာပျော်လိုက်ပါ။ Club ရောက်တဲ့အချိန် ဟိုကိုစိတ်မချ ဒီကိုစိတ်မချမလုပ်ဘဲ အဝပျော်ပစ်လိုက်ပါ။ ရှေ့မှာပြောခဲ့တဲ့ကြိုပြင်ဆင်စရာတွေ ပြီးသွားရင် သင်အပြည့်အဝပျော်နိုင်ပါပြီ။
Credit :Aunty may


မှတ်ချက်များ