ယမကာ အတူတူေသာက္တတ္တဲ့ စုံတြဲေတြဟာ ဘဝမွာ ပိုၿပီးေပ်ာ္႐ႊင္ျပည့္စုံတဲ့ အခ်စ္ေရးကို ခံစားရ


Zawgyiျဖင့္ဖတ္ရန္

ေအးအတူ ၊ ပူအမွ်ဆိုတဲ့ အတိုင္းပဲ သူ႕အႀကိဳက္ ကိုယ့္အႀကိဳက္ထပ္တူညီသြားရင္ေတာ့ အဲ့ဒီစုံတြဲဟာ ပိုမိုေပ်ာ္႐ႊင္ရမယ္ဆိုတာ အေသအခ်ာပါပဲ။
ေနာက္ဆုံးေလ့လာမႈတစ္ခုအရေတာ့ ခ်စ္သူနဲ႕အတူတူ ယမကာ မွီဝဲတတ္တဲ့ စုံတြဲေတြဟာဆိုရင္လည္း ပိုမိုသာယာေပ်ာ္႐ႊင္ေနရတယ္လို႔ အခိုင္အမာသိရွိလိုက္ရၿပီျဖစ္ပါတယ္။
အမွန္တကယ္ပါပဲ။ နာမည္ေက်ာ္ မီခ်ီဂန္တကၠသိုလ္က ျပဳလုပ္လိုက္တဲ့ ေနာက္ဆုံးေလ့လာမႈအရဆိုရင္ေတာ့ အခုလို အံ့ၾသဖြယ္ရလဒ္ကို ေတြ႕ရမွာပါ။
စုံတြဲေတြမွာ တစ္ေယာက္တည္းသာ ေသာက္တတ္တဲ့ အတြဲနဲ႕ ႏွစ္ေယာက္လုံး တက္ညီလက္ညီေသာက္တတ္တဲ့ အတြဲေတြကို ေလ့လာမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။
ဆယ္ႏွစ္ၾကာ ျပဳစုခဲ့တဲ့ ေလ့လာမႈအရဆိုရင္ေတာ့ လက္ထပ္ၿပီးသား စုံတြဲ ၂၇၆၇ တြဲကို ေလ့လာခဲ့ၾကတာပါ။ အိမ္ေထာင္သက္ ႏွစ္ ၅၀ အထိရွိတဲ့ စုံတြဲေတြပါဝင္ၾကၿပီး ပ်မ္းမွ်အိမ္ေထာင္သက္ဟာ ၃၃ ႏွစ္အထိရွိတဲ့ ေလ့လာမႈျဖစ္ပါတယ္။ စုံတြဲေတြထဲက တစ္ဝက္ေက်ာ္မွာဆိုရင္ေတာ့ အယ္လ္ကိုေဟာလ္ကို မွီဝဲဖူးၾကပါတယ္။
ခင္ပြန္းသည္ေတြက ေသာက္တာပိုမ်ားၿပီး ဇနီးျဖစ္သူေတြကေတာ့နည္းပါတယ္။
ဒါေပမယ့္လည္း ေသာက္တဲ့အခ်ိန္မွာ ႏွစ္ေယာက္စလုံး စိတ္ခ်မ္းခ်မ္းသာသာနဲ႕ ပူးေပါင္းၿပီး ေသာက္သုံးတာဟာ ႏွစ္ေယာက္ၾကား နားလည္မႈပိုရွိလာၿပီး တစ္ေယာက္နဲ႕တစ္ေယာက္ၾကားမွာ ပိုမိုပြင့္လင္းျမင္သာမႈရွိလာတယ္လို႔သိရပါတယ္။
အခ်ိန္ၾကာလာတဲ့အခ်ိန္မွာေတာ့ ဒီလိုစုံတြဲေတြဟာ တစ္ျခားအတြဲေတြထက္ အိမ္ေထာင္ေရးသုခၿပီးျပည့္စုံတဲ့အျပင္ ပိုမိုအားက်ဖြယ္ေကာင္းတဲ့ Relationship ကို တည္ေဆာက္နိုင္ေနတာကို ေတြ႕ခဲ့ရတာပါ။
ဒါ့ေၾကာင့္ ယမကာမွီဝဲရင္ ခ်စ္သူနဲ႕ တူတူ မွီဝဲတာက အရမ္းကို အက်ိဳးရွိေစတာပါ။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ credit ေပးပါသည္။
Unicodeဖြင့်ဖတ်ရန်

ယမကာ အတူတူသောက်တတ်တဲ့ စုံတွဲတွေဟာ ဘဝမှာ ပိုပြီးပျော်ရွှင်ပြည့်စုံတဲ့ အချစ်ရေးကို ခံစားရ

အေးအတူ ၊ ပူအမျှဆိုတဲ့ အတိုင်းပဲ သူ့အကြိုက် ကိုယ့်အကြိုက်ထပ်တူညီသွားရင်တော့ အဲ့ဒီစုံတွဲဟာ ပိုမိုပျော်ရွှင်ရမယ်ဆိုတာ အသေအချာပါပဲ။
နှစ်ဦးသား လက်တွဲပြီး လျှောက်လှမ်းကြမယ့် ပန်းတိုင်တွေ ၊ နှစ်ယောက်ကြား ပွင့်လင်းမြင်သာရှိမှုတွေဟာ ခရီးရှည်ကြီးမှာ အဖုအထစ်မရှိဘဲ ဖြတ်သန်းသွားနိုင်မယ့် သင်္ကေတတွေဖြစ်ပါတယ်။
နောက်ဆုံးလေ့လာမှုတစ်ခုအရတော့ ချစ်သူနဲ့အတူတူ ယမကာ မှီဝဲတတ်တဲ့ စုံတွဲတွေဟာဆိုရင်လည်း ပိုမိုသာယာပျော်ရွှင်နေရတယ်လို့ အခိုင်အမာသိရှိလိုက်ရပြီဖြစ်ပါတယ်။
အမှန်တကယ်ပါပဲ။ နာမည်ကျော် မီချီဂန်တက္ကသိုလ်က ပြုလုပ်လိုက်တဲ့ နောက်ဆုံးလေ့လာမှုအရဆိုရင်တော့ အခုလို အံ့သြဖွယ်ရလဒ်ကို တွေ့ရမှာပါ။
စုံတွဲတွေမှာ တစ်ယောက်တည်းသာ သောက်တတ်တဲ့ အတွဲနဲ့ နှစ်ယောက်လုံး တက်ညီလက်ညီသောက်တတ်တဲ့ အတွဲတွေကို လေ့လာမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဆယ်နှစ်ကြာ ပြုစုခဲ့တဲ့ လေ့လာမှုအရဆိုရင်တော့ လက်ထပ်ပြီးသား စုံတွဲ ၂၇၆၇ တွဲကို လေ့လာခဲ့ကြတာပါ။ အိမ်ထောင်သက် နှစ် ၅၀ အထိရှိတဲ့ စုံတွဲတွေပါဝင်ကြပြီး ပျမ်းမျှအိမ်ထောင်သက်ဟာ ၃၃ နှစ်အထိရှိတဲ့ လေ့လာမှုဖြစ်ပါတယ်။ စုံတွဲတွေထဲက တစ်ဝက်ကျော်မှာဆိုရင်တော့ အယ်လ်ကိုဟောလ်ကို မှီဝဲဖူးကြပါတယ်။
ခင်ပွန်းသည်တွေက သောက်တာပိုများပြီး ဇနီးဖြစ်သူတွေကတော့နည်းပါတယ်။
ဒါပေမယ့်လည်း သောက်တဲ့အချိန်မှာ နှစ်ယောက်စလုံး စိတ်ချမ်းချမ်းသာသာနဲ့ ပူးပေါင်းပြီး သောက်သုံးတာဟာ နှစ်ယောက်ကြား နားလည်မှုပိုရှိလာပြီး တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပိုမိုပွင့်လင်းမြင်သာမှုရှိလာတယ်လို့သိရပါတယ်။
အချိန်ကြာလာတဲ့အချိန်မှာတော့ ဒီလိုစုံတွဲတွေဟာ တစ်ခြားအတွဲတွေထက် အိမ်ထောင်ရေးသုခပြီးပြည့်စုံတဲ့အပြင် ပိုမိုအားကျဖွယ်ကောင်းတဲ့ Relationship ကို တည်ဆောက်နိုင်နေတာကို တွေ့ခဲ့ရတာပါ။
ဒါ့ကြောင့် ယမကာမှီဝဲရင် ချစ်သူနဲ့ တူတူ မှီဝဲတာက အရမ်းကို အကျိုးရှိစေတာပါ။
မူရင်းရေးသားသူအား လေးစားစွာဖြင့် credit ပေးပါသည်။

မှတ်ချက်များ