Zawgyiျဖင့္ဖတ္ရန္
ယေန႔ေခတ္မွာ ထိုင္ရာကေနမထပဲ အြန္လိုင္းေပၚကေန ေဈးဝယ္ရတာေလာက္ သက္သာလြယ္ကူတဲ့ အလုပ္ ရွိေတာ့မယ္မထင္ပါ။ အခ်ိန္ကုန္ လူပင္ပန္း သက္သာ႐ုံသာမက အထူးေလွ်ာ့ေဈးေတြလည္း ရတတ္တာမို႔ အြန္လိုင္းေပၚကေန တစ္ခါေဈးဝယ္ဖူးရင္ ေနာက္ထပ္ေနာက္ထပ္ ဝယ္ဖို႔ ဝန္ေလးေနေတာ့မွာ မဟုတ္ပါဘူး။
အြန္လိုင္းေပၚမွာ ေဈးဝယ္ရတာ ေကာင္းက်ိဳးရွိသလို ဆိုးက်ိဳးေတြလည္း ရွိပါတယ္။ ျပထားတာကတစ္မ်ိဳး ကိုယ္ဝယ္လိုက္ၿပီး ေရာက္လာတဲ့အခါ တစ္မ်ိဳးျဖစ္ေနတတ္ပါတယ္။ အဝတ္အစားေတြဆိုရင္ အတုအစစ္၊ အဆင္ေျပ မေျပဆိုတာကို ခ်က္ျခင္းသိႏိုင္ေပမယ့္ အလွျပင္ပစၥည္းေတြ၊ အသားအေရထိန္းသိမ္းေရးပစၥည္းေတြက်ေတာ့ အတုလား အစစ္လားဆိုတာ ခ်က္ျခင္း မသိႏိုင္ပါဘူး။ သုံးစြဲၿပီးေတာ့မွ သိလာရတဲ့အခါ ေငြေၾကးဆုံးရႈံးမႈသာမက အသားအေရေတြကိုပါ ထိခိုက္ပ်က္ဆီးရတဲ့ ႀကီးမားတဲ့ ဆိုးက်ိဳးေတြ ရသြားႏိုင္ပါတယ္။
လတ္တေလာမွာေတာ့ အြန္လိုင္းေပၚမွ အလွျပင္ပစၥည္းေတြ ဝယ္ယူခဲ့ၿပီး ပစၥည္းအတုေတြေၾကာင့္ မ်က္ႏွာအသားအေရေတြ မီးေလာင္ကြၽမ္းသလို ပ်က္ဆီးကြာက်ခဲ့တဲ့ Fun Sin Wen ဆိုသူ အမ်ိဳးသမီးက သူ႔ရဲ႕ အျဖစ္ပ်က္နဲ႔ယွဥ္ၿပီး သတိေပးေျပာၾကားလိုက္ပါတယ္။
သူမဟာ ဘယ္ကေနထုတ္လုပ္မွန္းမသိတဲ့ အသားအေရထိန္းသိမ္းေရးခရင္မ္ကို အြန္လိုင္းေပၚမွာ ေၾကာျငာေကာင္းၿပီး ေစ်းသက္သာတာေၾကာင့္ ဝယ္လိမ္းခဲ့ရာမွာ မ်က္ႏွာက ေလာင္ကြၽမ္းခဲ့ၿပီးေနာက္ အသားေတြေျခာက္ကပ္ကြာက်လာတဲ့ထိ ျဖစ္ေနရေၾကာင္း ေရးသားထားပါတယ္။
သူမရဲ႕ ဓါတ္ပုံနဲ႔အတူ အလွျပင္ပစၥည္းေတြ အတုျပဳလုပ္ေနတဲ့ အလုပ္သမားေတြရဲ႕ ဓါတ္ပုံအခ်ိဳ႕ကိုလည္း ေဝမွ်ထားပါတယ္။ ဒါေၾကာင့္မို႔ အသားအေရေပၚမွာ သုံးမယ့္ပစၥည္းေတြကို ဝယ္တဲ့အခါမွာ ပိုက္ဆံသက္သာတာကို မၾကည့္ဖို႔နဲ႔ ယုံၾကည္စိတ္ခ်ရတဲ့ အမွတ္တံဆိပ္ေတြကိုသာ သုံးစြဲၾကဖို႔ သူမက လက္ေတြ႕ခံစားေနရၿပီးမွ ေဝမွ်ေျပာၾကားခဲ့တာျဖစ္ပါတယ္။
Credit:nalonetardiary
Unicodeဖြင့်ဖတ်ရန်
အွန်လိုင်းကနေ အလှပြင်ပစ္စည်းဝယ်ယူတတ်သူတွေ သတိထား
ယနေ့ခေတ်မှာ ထိုင်ရာကနေမထပဲ အွန်လိုင်းပေါ်ကနေ ဈေးဝယ်ရတာလောက် သက်သာလွယ်ကူတဲ့ အလုပ် ရှိတော့မယ်မထင်ပါ။ အချိန်ကုန် လူပင်ပန်း သက်သာရုံသာမက အထူးလျှော့ဈေးတွေလည်း ရတတ်တာမို့ အွန်လိုင်းပေါ်ကနေ တစ်ခါဈေးဝယ်ဖူးရင် နောက်ထပ်နောက်ထပ် ဝယ်ဖို့ ဝန်လေးနေတော့မှာ မဟုတ်ပါဘူး။
အွန်လိုင်းပေါ်မှာ ဈေးဝယ်ရတာ ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ ပြထားတာကတစ်မျိုး ကိုယ်ဝယ်လိုက်ပြီး ရောက်လာတဲ့အခါ တစ်မျိုးဖြစ်နေတတ်ပါတယ်။ အဝတ်အစားတွေဆိုရင် အတုအစစ်၊ အဆင်ပြေ မပြေဆိုတာကို ချက်ခြင်းသိနိုင်ပေမယ့် အလှပြင်ပစ္စည်းတွေ၊ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေကျတော့ အတုလား အစစ်လားဆိုတာ ချက်ခြင်း မသိနိုင်ပါဘူး။ သုံးစွဲပြီးတော့မှ သိလာရတဲ့အခါ ငွေကြေးဆုံးရှုံးမှုသာမက အသားအရေတွေကိုပါ ထိခိုက်ပျက်ဆီးရတဲ့ ကြီးမားတဲ့ ဆိုးကျိုးတွေ ရသွားနိုင်ပါတယ်။
ဒါကြောင့်မို့ ကိုယ့်ရဲ့ အသားအရေပေါ်မှာ သုံးမယ့် အလှပြင်ပစ္စည်းတွေကို အွန်လိုင်းကနေ ဝယ်မယ်ဆိုရင် အထူး(အထူး)သတိထားဖို့လိုပါတယ်။ စိတ်ချရနဲ့ အမှတ်တံဆိပ်ကုမ္ပဏီတွေက ရောင်းချနေတာလား၊ ဒါမှမဟုတ် ဘာမှအာမခံချက်မပေးနိုင်တဲ့ သူတွေက ရောင်းချနေတာလားဆိုတာကို လေ့လာဆန်းစစ်ပြီးမှ ဝယ်ယူဖို့ စဉ်းစားဆုံးဖြတ်သင့်ပါတယ်။
လတ်တလောမှာတော့ အွန်လိုင်းပေါ်မှ အလှပြင်ပစ္စည်းတွေ ဝယ်ယူခဲ့ပြီး ပစ္စည်းအတုတွေကြောင့် မျက်နှာအသားအရေတွေ မီးလောင်ကျွမ်းသလို ပျက်ဆီးကွာကျခဲ့တဲ့ Fun Sin Wen ဆိုသူ အမျိုးသမီးက သူ့ရဲ့ အဖြစ်ပျက်နဲ့ယှဉ်ပြီး သတိပေးပြောကြားလိုက်ပါတယ်။
သူမဟာ ဘယ်ကနေထုတ်လုပ်မှန်းမသိတဲ့ အသားအရေထိန်းသိမ်းရေးခရင်မ်ကို အွန်လိုင်းပေါ်မှာ ကြောငြာကောင်းပြီး စျေးသက်သာတာကြောင့် ဝယ်လိမ်းခဲ့ရာမှာ မျက်နှာက လောင်ကျွမ်းခဲ့ပြီးနောက် အသားတွေခြောက်ကပ်ကွာကျလာတဲ့ထိ ဖြစ်နေရကြောင်း ရေးသားထားပါတယ်။
သူမရဲ့ ဓါတ်ပုံနဲ့အတူ အလှပြင်ပစ္စည်းတွေ အတုပြုလုပ်နေတဲ့ အလုပ်သမားတွေရဲ့ ဓါတ်ပုံအချို့ကိုလည်း ဝေမျှထားပါတယ်။ ဒါကြောင့်မို့ အသားအရေပေါ်မှာ သုံးမယ့်ပစ္စည်းတွေကို ဝယ်တဲ့အခါမှာ ပိုက်ဆံသက်သာတာကို မကြည့်ဖို့နဲ့ ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်တွေကိုသာ သုံးစွဲကြဖို့ သူမက လက်တွေ့ခံစားနေရပြီးမှ ဝေမျှပြောကြားခဲ့တာဖြစ်ပါတယ်။
Credit:nalonetardiary



မှတ်ချက်များ