ကိုယ့္ေျခေထာက္ေပၚကိုယ္ရပ္ျပီး ေအာင္ျမင္ေနတဲ့အမ်ိဳးသမီးေတြမွာ ေတြ႕ရတဲ့ စိတ္ထားမ်ား


Zawgyiျဖင့္ဖတ္ရန္

မိန္းကေလး ေတြမွာ မာနတစ္မ်ိဳးစီရွိတတ္ၾကတယ္။ ကုိယ့္ေျခေထာက္ေပၚကုိယ္ရပ္ျပီး တစ္ေယာက္တည္းရပ္တည္ေနရတဲ့မိန္းကေလးေတြမွာ ရွိတဲ့မာနကေတာ့ၾကီးပါတယ္။ သူတုိ႕ေတြမွာရွိတဲ့မာနက မခံခ်င္စိတ္ပါ။ တစ္ေယာက္တည္းရပ္တည္ေနရတဲ့ေနာက္ကြယ္ မွာ မခံခ်င္စိတ္ေတြေၾကာင့္ၾကိဳးစားေနရတာေတြပါတယ္။ အဲ့လိုေတြေၾကာင့္ သူတုိ႕ေတြက ပုိျပီးေအာင္ျမင္ၾကတာမ်ားပါတယ္။

၁။ လုပ္ေပးစရာရွိတာ လုပ္ေပးသလို ေျပာစရာရွိတာကိုလည္းေျပာတယ္

သူတုိ႕ေတြရဲ႕မာနက သူတုိ႕လုပ္ေပးစရာရွိတာကို လုပ္ေပးတယ္။ ဒါေပမယ့္ သူတုိ႕ေျပာစရာရွိတာကိုလည္း ေျပာတတ္တယ္။ ရင္ထဲမထားတတ္ဘူး။ တျခားသူအလုပ္လုပ္တာကို စိတ္ထဲသေဘာမေတြ႕ရင္ ေျပာဆုိပစ္တတ္တယ္။ သူတုိ႕ဘာသာသူတုိ႕ရပ္တည္ေနၾကေတာ့ လုပ္ရဲသြားတယ္၊ ေျပာရဲသြားၾကတယ္။

၂။ အေျပာမခံ ၊ ဆရာလုပ္မခံပါ

ကုိယ့္၀င္ေငြကုိရွာျပီး တစ္ေယာက္တည္းရပ္တည္ေနရတဲ့မိန္းကေလးေတြက အေျပာလည္းမခံတတ္သလုိ သူတုိ႕ကို ဆရာလုပ္တာလည္းမၾကိဳက္တတ္ၾကဘူး။ ဘာျဖစ္လုိ႕လဲဆုိေတာ့ အားလုံးထက္သိေအာင္ ေလ့လာထားေတာ့ ဆရာလုပ္မခံႏုိင္ၾကဘူး။ အဲ့ဒါက သူတုိ႕ရဲ႕မာနပါ။ သူမ်ားဆရာလာလုုပ္တာကိုမႀကိဳက္ေတာ့ သူမ်ားထက္ ပုိသိေအာင္လုပ္လာတယ္။ ေနာက္ၿပီး ကုိယ့္၀င္ေငြနဲ႕ကိုယ္ရပ္တည္ေနတဲ့အတြက္ေၾကာင့္ သူမ်ားအထင္မေသးေအာင္ေနတယ္။

၃။ ကုိယ္မွန္တာဆုိ အဆုံးထိလုပ္တယ္

ကိစၥတစ္ခုုကို ကုိယ္မွန္တယ္ထင္ရင္ အဆုံးထိလုပ္တယ္။ ဘယ္သူကိုမွ မတုိင္ပင္သလုိ ဘယ္သူအကူအညီကိုမွလည္းယူေလ့မရွိတတ္ၾကဘူး။ အဲ့ဒါ သူတုိ႕ရဲ႕မာနပဲ။ ဘယ္သူအကူအညီမွမယူဘဲ ကုိယ့္ေျခေထာက္ေပၚရပ္တည္ေနႏုိင္တယ္ဆုိတာကို ျပခ်င္တဲ့မာနပါ။

၄။ ေတာ္ရုံလူကို စိတ္ထဲမထားတတ္ဘူး

ကုိယ့္နဲ႕စိတ္တူကုိယ္တူမျဖစ္ေနတဲ့ လက္တဲြေဖာ္ကို စိတ္ထဲမထားတတ္တဲ့ မာနတစ္ခုရွိတယ္။ သူတုိ႕လုပ္ေနတဲ့အလုပ္ကို စိတ္တူကိုယ္တူ ၀ါသနာပါျပီးလုပ္ေပးႏုိင္တဲ့သူမ်ိဳးမျဖစ္ရင္ စိတ္ထဲမထားတတ္ၾကဘူး။ ဘာျဖစ္လုိ႕လဲဆုိေတာ့ ကုိယ့္ဘာသာကိုရပ္တည္ေနႏုိင္တဲ့အတြက္ေၾကာင့္ စိတ္တူကုိယ္တူမျဖစ္ႏုိင္တဲ့သူမ်ိဳးကို ေခါင္းထဲထည့္မစဥ္းစားေတာ့တာပါ။

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အောင်မြင်နေတဲ့အမျိုးသမီးတွေမှာ တွေ့ရတဲ့ စိတ်ထားများ

မိန်းကလေး တွေမှာ မာနတစ်မျိုးစီရှိတတ်ကြတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး တစ်ယောက်တည်းရပ်တည်နေရတဲ့မိန်းကလေးတွေမှာ ရှိတဲ့မာနကတော့ကြီးပါတယ်။ သူတို့တွေမှာရှိတဲ့မာနက မခံချင်စိတ်ပါ။ တစ်ယောက်တည်းရပ်တည်နေရတဲ့နောက်ကွယ် မှာ မခံချင်စိတ်တွေကြောင့်ကြိုးစားနေရတာတွေပါတယ်။ အဲ့လိုတွေကြောင့် သူတို့တွေက ပိုပြီးအောင်မြင်ကြတာများပါတယ်။

၁။ လုပ်ပေးစရာရှိတာ လုပ်ပေးသလို ပြောစရာရှိတာကိုလည်းပြောတယ်

သူတို့တွေရဲ့မာနက သူတို့လုပ်ပေးစရာရှိတာကို လုပ်ပေးတယ်။ ဒါပေမယ့် သူတို့ပြောစရာရှိတာကိုလည်း ပြောတတ်တယ်။ ရင်ထဲမထားတတ်ဘူး။ တခြားသူအလုပ်လုပ်တာကို စိတ်ထဲသဘောမတွေ့ရင် ပြောဆိုပစ်တတ်တယ်။ သူတို့ဘာသာသူတို့ရပ်တည်နေကြတော့ လုပ်ရဲသွားတယ်၊ ပြောရဲသွားကြတယ်။

၂။ အပြောမခံ ၊ ဆရာလုပ်မခံပါ

ကိုယ့်ဝင်ငွေကိုရှာပြီး တစ်ယောက်တည်းရပ်တည်နေရတဲ့မိန်းကလေးတွေက အပြောလည်းမခံတတ်သလို သူတို့ကို ဆရာလုပ်တာလည်းမကြိုက်တတ်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးထက်သိအောင် လေ့လာထားတော့ ဆရာလုပ်မခံနိုင်ကြဘူး။ အဲ့ဒါက သူတို့ရဲ့မာနပါ။ သူများဆရာလာလုပ်တာကိုမကြိုက်တော့ သူများထက် ပိုသိအောင်လုပ်လာတယ်။ နောက်ပြီး ကိုယ့်ဝင်ငွေနဲ့ကိုယ်ရပ်တည်နေတဲ့အတွက်ကြောင့် သူများအထင်မသေးအောင်နေတယ်။

၃။ ကိုယ်မှန်တာဆို အဆုံးထိလုပ်တယ်

ကိစ္စတစ်ခုကို ကိုယ်မှန်တယ်ထင်ရင် အဆုံးထိလုပ်တယ်။ ဘယ်သူကိုမှ မတိုင်ပင်သလို ဘယ်သူအကူအညီကိုမှလည်းယူလေ့မရှိတတ်ကြဘူး။ အဲ့ဒါ သူတို့ရဲ့မာနပဲ။ ဘယ်သူအကူအညီမှမယူဘဲ ကိုယ့်ခြေထောက်ပေါ်ရပ်တည်နေနိုင်တယ်ဆိုတာကို ပြချင်တဲ့မာနပါ။

၄။ တော်ရုံလူကို စိတ်ထဲမထားတတ်ဘူး

ကိုယ့်နဲ့စိတ်တူကိုယ်တူမဖြစ်နေတဲ့ လက်တွဲဖော်ကို စိတ်ထဲမထားတတ်တဲ့ မာနတစ်ခုရှိတယ်။ သူတို့လုပ်နေတဲ့အလုပ်ကို စိတ်တူကိုယ်တူ ဝါသနာပါပြီးလုပ်ပေးနိုင်တဲ့သူမျိုးမဖြစ်ရင် စိတ်ထဲမထားတတ်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘာသာကိုရပ်တည်နေနိုင်တဲ့အတွက်ကြောင့် စိတ်တူကိုယ်တူမဖြစ်နိုင်တဲ့သူမျိုးကို ခေါင်းထဲထည့်မစဉ်းစားတော့တာပါ။

Credit:Aunty May

မှတ်ချက်များ