Zawgyiျဖင့္ဖတ္ရန္
ၿပီးခဲ့တဲ့ဆယ္စုႏွစ္ေတြအတြင္းမွာ ႐ုပ္သံအစီအစဥ္ေတြဟာ ပရိသတ္ေတြကို ဘယ္လိုဆြဲေဆာင္ရမလဲ ဆိုတာ ပိုမိုသိရွိလာသလို နည္းပညာျမင့္မားလာတာနဲ႔အမွ် ႐ုပ္သံရႈိးေကာင္းေတြလည္း အေျမာက္အမ်ား ထြက္လာပါတယ္။ ဒါေၾကာင့္ ဒီဘက္ေခတ္ထဲမွာ ႐ုပ္ရွင္ၾကည့္တာ တီဗီၾကည့္တာဟာ အေတြ႕မ်ားတဲ့ ဝါသနာတစ္ခုျဖစ္လာခဲ့ပါၿပီ။
အခုလို ႐ုပ္ရွင္ၾကည့္ျခင္းျဖင့္ အပ်င္းေျပေစျခင္း စတဲ့ အက်ိဳးေက်းဇူးေတြ ရႏိုင္႐ုံသာမက ေျပာခ်င္လြန္းလို႔ တို႔ရဲ႕ ခ်စ္ခ်စ္ေတြ ႀကိဳက္တဲ့ ႐ုပ္သံအစီအစဥ္ေတြ၊ ႐ုပ္ရွင္ေတြကို အတူလိုက္ၾကည့္ျခင္းဟာလည္း စုံတြဲေတြကို ပိုၿမဲၿမံေစတယ္လို႔ သုေတသနရလဒ္တစ္ခုက ဆိုလာပါတယ္။
စာေရးဆရာနဲ႔ စိတ္ပညာရွင္တစ္ဦးျဖစ္တဲ့ ဆာရာဂိုမီလီယန္မွ ဒီသုေတသနကို ဦးေဆာင္ခဲ့ၿပီး မွန္ကန္တဲ့ အေျခအေနတစ္ခုေအာက္မွာ စုံတြဲေတြ ႐ုပ္ရွင္အတူၾကည့္ျခင္းဟာ ခ်စ္ျခင္းကို ပိုၿမဲၿမံေစတယ္လို႔ မွတ္ခ်က္ထုတ္ႏိုင္ခဲ့ပါတယ္။ ဂိုမီလီယန္က အႀကိဳက္တူတဲ့သူေတြ ႐ုပ္ရွင္အတူၾကည့္ျခင္းဟာ ေပါင္းသင္းဆက္ဆံေရးအတြက္ အေထာက္အကူျပဳတယ္လို႔ ဆိုတယ္။
သုေတသနအဖြဲ႕ဟာ တကၠသိုလ္ေက်ာင္းသားဦးေရ ၂၆၀ ခန႔္ကို ေတြ႕ဆုံၿပီး တီဗီၾကည့္ရႈျခင္းနဲ႔ စုံတြဲဘဝ ေပ်ာ္႐ႊင္သာယာမႈကို ဦးတည္တဲ့ ေမးခြန္းေတြကို ေမးခြန္းထုတ္ခဲ့ၾကရာမွာ ႐ုပ္ရွင္နဲ႔ ႐ုပ္သံအစီအစဥ္ေတြ အတူၾကည့္တဲ့ အတြဲေတြက ပိုေပ်ာ္ရတယ္လို႔ ယုံၾကည္ရတဲ့ အေျဖကို ရရွိခဲ့တာပါ။ ေဖ်ာ္ေျဖေရးပိုင္းမွာ အႀကိဳက္ခ်င္းမတူတဲ့ စုံတြဲေတြဟာ ႏွစ္ေယာက္လုံးနဲ႔ခင္မင္ရတဲ့ လူဦးေရ ပိုမိုေလ်ာ့နည္းၿပီး အျပန္အလွန္ ဆက္သြယ္မႈပိုင္း ပိုနည္းပါးတယ္လို႔ ဆိုတယ္။
ဒါေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ရင္းႏွီးကြၽမ္းဝင္ျခင္း သိပ္မရွိေသးတာျဖစ္ျဖစ္၊ ႏွစ္ေယာက္လုံးနဲ႔ ခင္မင္တဲ့ ဘုံသူငယ္ခ်င္းေတြ မရွိေသးတာပဲျဖစ္ျဖစ္ ႐ုပ္ရွင္အတူၾကည့္ၾကည့္ဖို႔နဲ႔ ႏွစ္ေယာက္လုံးႏွစ္သက္တဲ့ အစီအစဥ္မ်ိဳးေတြကို ရွာၿပီး အတူၾကည့္ၾကဖို႔ သူတို႔က တိုက္တြန္းထားပါတယ္။
Credit :Cantwait2say
Unicodeဖြင့်ဖတ်ရန်
တီဗီအတူကြည့်တဲ့ စုံတွဲတွေ မြဲနိုင်ခြေပိုများ
ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ ရုပ်သံအစီအစဉ်တွေဟာ ပရိသတ်တွေကို ဘယ်လိုဆွဲဆောင်ရမလဲ ဆိုတာ ပိုမိုသိရှိလာသလို နည်းပညာမြင့်မားလာတာနဲ့အမျှ ရုပ်သံရှိုးကောင်းတွေလည်း အမြောက်အများ ထွက်လာပါတယ်။ ဒါကြောင့် ဒီဘက်ခေတ်ထဲမှာ ရုပ်ရှင်ကြည့်တာ တီဗီကြည့်တာဟာ အတွေ့များတဲ့ ဝါသနာတစ်ခုဖြစ်လာခဲ့ပါပြီ။
အခုလို ရုပ်ရှင်ကြည့်ခြင်းဖြင့် အပျင်းပြေစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရနိုင်ရုံသာမက ပြောချင်လွန်းလို့ တို့ရဲ့ ချစ်ချစ်တွေ ကြိုက်တဲ့ ရုပ်သံအစီအစဉ်တွေ၊ ရုပ်ရှင်တွေကို အတူလိုက်ကြည့်ခြင်းဟာလည်း စုံတွဲတွေကို ပိုမြဲမြံစေတယ်လို့ သုတေသနရလဒ်တစ်ခုက ဆိုလာပါတယ်။
စာရေးဆရာနဲ့ စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဆာရာဂိုမီလီယန်မှ ဒီသုတေသနကို ဦးဆောင်ခဲ့ပြီး မှန်ကန်တဲ့ အခြေအနေတစ်ခုအောက်မှာ စုံတွဲတွေ ရုပ်ရှင်အတူကြည့်ခြင်းဟာ ချစ်ခြင်းကို ပိုမြဲမြံစေတယ်လို့ မှတ်ချက်ထုတ်နိုင်ခဲ့ပါတယ်။ ဂိုမီလီယန်က အကြိုက်တူတဲ့သူတွေ ရုပ်ရှင်အတူကြည့်ခြင်းဟာ ပေါင်းသင်းဆက်ဆံရေးအတွက် အထောက်အကူပြုတယ်လို့ ဆိုတယ်။
သုတေသနအဖွဲ့ဟာ တက္ကသိုလ်ကျောင်းသားဦးရေ ၂၆၀ ခန့်ကို တွေ့ဆုံပြီး တီဗီကြည့်ရှုခြင်းနဲ့ စုံတွဲဘဝ ပျော်ရွှင်သာယာမှုကို ဦးတည်တဲ့ မေးခွန်းတွေကို မေးခွန်းထုတ်ခဲ့ကြရာမှာ ရုပ်ရှင်နဲ့ ရုပ်သံအစီအစဉ်တွေ အတူကြည့်တဲ့ အတွဲတွေက ပိုပျော်ရတယ်လို့ ယုံကြည်ရတဲ့ အဖြေကို ရရှိခဲ့တာပါ။ ဖျော်ဖြေရေးပိုင်းမှာ အကြိုက်ချင်းမတူတဲ့ စုံတွဲတွေဟာ နှစ်ယောက်လုံးနဲ့ခင်မင်ရတဲ့ လူဦးရေ ပိုမိုလျော့နည်းပြီး အပြန်အလှန် ဆက်သွယ်မှုပိုင်း ပိုနည်းပါးတယ်လို့ ဆိုတယ်။
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်ခြင်း သိပ်မရှိသေးတာဖြစ်ဖြစ်၊ နှစ်ယောက်လုံးနဲ့ ခင်မင်တဲ့ ဘုံသူငယ်ချင်းတွေ မရှိသေးတာပဲဖြစ်ဖြစ် ရုပ်ရှင်အတူကြည့်ကြည့်ဖို့နဲ့ နှစ်ယောက်လုံးနှစ်သက်တဲ့ အစီအစဉ်မျိုးတွေကို ရှာပြီး အတူကြည့်ကြဖို့ သူတို့က တိုက်တွန်းထားပါတယ်။
Credit :Cantwait2say


မှတ်ချက်များ