ဒူးနာ ေနသူမ်ားအတြက္ ေဆးနည္းေကာင္းမ်ား




Zawgyi ျဖင့္ဖတ္ရန္

၁။ အုန္းရည္ႏွင့္ ထုံးနႏြင္း

ေရွ႕ဦးစြာ အရည္ေသာက္အုန္းသီးတစ္လုံးရွာ၍ အရည္ကို ေဖာက္ယူပါ။ထို႔အုန္းရည္ထဲသို႔ထုံးငါးက်ပ္သားနႏြင္းမႈန႔္စစ္စစ္ ငါးက်ပ္သားျဖင့္ ေဖ်ာ္ေမႊေပးပါ။
ရ ရွိလာေသာ အုန္းရည္မ်ားကို နာေနေသာဒူးေပၚသို႔ တစ္ေန႔သုံးႀကိမ္လိမ္းေပးပါ။ေျခာက္သြားသည့္အေပၚမွ ထပ္၍လိမ္းေပးပါ။( ၁ ) လတိတိ။

၂။ ေတာေရွာက္ျမစ္ေဆးရည္ႏွင့္ ဂ်င္းမႈန႔္လိမ္းေဆး

ပထမဦးစြာ ေဆးတစ္ဖုံစာအတြက္ ဂ်င္းစိမ္း၂၅ က်ပ္သားဝယ္၍ ေၾကညႇက္ေအာင္ေထာင္းပါ။ရ ရွိလာေသာ ဂ်င္းဖတ္ ဂ်င္းမႈန႔္မ်ားကိုေတာေရွာက္ျမစ္လိမ္းေဆးအရည္ တစ္ပုလင္းဝယ္၍ေရာေမႊပါ။

ထို႔လိမ္းေဆးကို ေလလုံေသာဘူးအတြင္းထည့္၍နာေနေသာဒူးအေပၚသို႔အရည္ညစ္၍လိမ္းေပးပါ။အမူးအေမာ္ရႉး၍လည္းေကာင္းပါသည္။ခႏၶာကိုယ္အႏွံ႔ဘယ္ေနရာကိုက္ခဲပါေစလိမ္းႏိုင္ပါသည္

၃။ အုံေဆး

ရဲယိုသီး – အမွည့္တစ္လုံးကိုရွာပါ။ၿပီးလွ်င္ ေရနံဆီစစ္စစ္အနည္းငယ္ျဖင့္ေရာ၍ နယ္ပါ။ၿပီးလွ်င္ ထို႔ရဲယိုသီးနယ္ဖတ္မ်ားကို နာေနေသာဒူးေပၚသို႔အုံ၍ ၾကပ္စီးေပးပါ။ညအိပ္ရာဝင္တိုင္း ရဲယိုသီးတစ္လုံးက်စီး အုံေဆးျပဳလုပ္အုံေပးပါ။ ( တစ္ပတ္တိတိ )

Credit : ျမန္မာေဆးစြမ္းေကာင္းမ်ား


Unicode ဖြင့်ဖတ်ရန်

ဒူးနာ နေသူများအတွက် ဆေးနည်းကောင်းများ



၁။ အုန်းရည်နှင့် ထုံးနနွင်း

ရှေ့ဦးစွာ အရည်သောက်အုန်းသီးတစ်လုံးရှာ၍ အရည်ကို ဖောက်ယူပါ။ထို့အုန်းရည်ထဲသို့ထုံးငါးကျပ်သားနနွင်းမှုန့်စစ်စစ် ငါးကျပ်သားဖြင့် ဖျော်မွှေပေးပါ။
ရ ရှိလာသော အုန်းရည်များကို နာနေသောဒူးပေါ်သို့ တစ်နေ့သုံးကြိမ်လိမ်းပေးပါ။ခြောက်သွားသည့်အပေါ်မှ ထပ်၍လိမ်းပေးပါ။( ၁ ) လတိတိ။

၂။ တောရှောက်မြစ်ဆေးရည်နှင့် ဂျင်းမှုန့်လိမ်းဆေး

ပထမဦးစွာ ဆေးတစ်ဖုံစာအတွက် ဂျင်းစိမ်း၂၅ ကျပ်သားဝယ်၍ ကြေညှက်အောင်ထောင်းပါ။ရ ရှိလာသော ဂျင်းဖတ် ဂျင်းမှုန့်များကိုတောရှောက်မြစ်လိမ်းဆေးအရည် တစ်ပုလင်းဝယ်၍ရောမွှေပါ။

ထို့လိမ်းဆေးကို လေလုံသောဘူးအတွင်းထည့်၍နာနေသောဒူးအပေါ်သို့အရည်ညစ်၍လိမ်းပေးပါ။အမူးအမော်ရှူး၍လည်းကောင်းပါသည်။ခန္ဓာကိုယ်အနှံ့ဘယ်နေရာကိုက်ခဲပါစေလိမ်းနိုင်ပါသည်

၃။ အုံဆေး

ရဲယိုသီး – အမှည့်တစ်လုံးကိုရှာပါ။ပြီးလျှင် ရေနံဆီစစ်စစ်အနည်းငယ်ဖြင့်ရော၍ နယ်ပါ။ပြီးလျှင် ထို့ရဲယိုသီးနယ်ဖတ်များကို နာနေသောဒူးပေါ်သို့အုံ၍ ကြပ်စီးပေးပါ။ညအိပ်ရာဝင်တိုင်း ရဲယိုသီးတစ်လုံးကျစီး အုံဆေးပြုလုပ်အုံပေးပါ။ ( တစ်ပတ်တိတိ )

Credit : မြန်မာဆေးစွမ်းကောင်းများ

မှတ်ချက်များ